မြမုံရဲ့ ကဗျာနှစ်ပုဒ်
မြမုံ
မိုးကောင်းလမ်းကို ဖြတ်တုန်းက ငါက ကားမောင်းနေတာ၊ မနက်စောစော ဆေးလိပ်ကို အပြင်းတကြီး သောက်နေတဲ့ ကားမောင်းနေတဲ့ပုံမျိုး။ ကြွက်သေဟာ၊ ကြွက်မှန်းတောင် မသိသာဘူး၊ ပြားနေလို့သာ ကြွက်က သေနေမှန်းသိတာ။ ပြားနေတဲ့ ကြွက်ကို ကြည့်ရင်းနဲ့ စိတ်မကောင်း အလိုလို ဖြစ်လာတယ် ။ အလိုလို ဖြစ်လာတယ် ဆိုတာ အသေကောင်တစ်ခု တွေ့တိုင်း သနားစိတ် ဖြစ်ရမယ်လို့ ကြိုတင် မှန်းဆထားတဲ့ ပုံမျိုးပဲ ၊ ချွေးတွေက စိမ့်ပြီးတော့ ထွက်လာတယ်။ ကားမောင်းရင် ချွေးပြန်တာက ငါ့ကို လိင်စိတ် အတိအလင်း တက်ကြွစေတယ် ၊ ကြွက်တွေက သေပြီးသွားရင် လိင်စိတ်တက်ကြွဦးမလား။ ဗီဒီယိုရိုက်ဖို့ ဖုန်းကို ကောက်ထုတ်တော့မှ teardrops ဖွင့်ပြီး မောင်းနေမှန်း သိရတာ ၊ ကင်မရာကို ဖွင့်လိုက်ပေမယ့် မီးပွိုင့်ကလွှတ်နေပြီ။ မမှီတော့ဘူး ဖုန်းကို ပိတ်ပြီး ပြန်ချလိုက်တော့ သီချင်းက ဆက်လာတယ် “emptiness is heavier than you think” တဲ့။ နားလည်ဖို့ မလိုပါဘူး၊ မီးပွိုင့် လွှတ်ပြီဆိုတာနဲ့ ကားသွားရမယ် ဆိုတဲ့ အသိက မွေးကင်းစလေးကို နို့တိုက်သလို ငယ်ငယ်ထဲက ရိုက်သွင်းခံခဲ့ရတာ၊ စနစ်တကျ ဒါမှမဟုတ် အမှတ်မဲ့။ ကင်မရာကို ပိတ်လိုက်ရတော့ တော်တော် ဘူသွားတယ်၊ လိင်စိတ်ဟာ ပျက်ပြယ်သွားလို့၊ ပြားနေတဲ့ကြွက် ကို တော်တော် ပြန်စဉ်းစားယူရတယ်။ သနားတဲ့စိတ်ကနေ အချစ် ဖြစ်တည်လာတာဆိုတာ ကြားဖူးတယ်။ အချစ်က လိင်စိတ်လား ငါ့အတွက်။ အောကားတွေထဲမှာမှ ပိုက်ဆံပေးပြီး လုပ်တဲ့ ဟာမျိုးကမှ ငါ့အတွက် အာသာပြေစေတယ်။ အမေ ပြောဖူးတယ် သနားကြင်နာတတ်တဲ့ ငါ့သားလေး နှလုံးသားလှတယ် တဲ့။ ရန်ကင်းဘက်ကို ပြန်ကွေ့ပြီး နောက်တစ်ခါ မိုးကောင်း မီးပွိုင့်ကို ထပ်ဖြတ်တယ် ။
တစ်ခေါက်။ နှစ်ခေါက်။ သုံးခေါက်။
ကားမောင်းနေရင်းနဲ့ကို အာသာဖြေပစ်လိုက်တာ၊ ခြေထောက်တွေက ကြွက်တက်လာပြီး ကိုက်ခဲလာတဲ့ အထိ အားတွေ ထုတ်သုံးပစ်လိုက်တယ်။ ငါ ပြီးသွားတဲ့ အချိန်မှာ ငါ့ရယ်သံတွေ ငါပြန်ကြားနေရတယ်၊ ကြွက်သေဟာ မရှိတော့ဘူး၊ ကြွက်သေရဲ့ ပြားနေတဲ့ ပုံရိပ် က ငါ့စိတ်ထဲမှာ ထပ်ဆင့် အထပ်ထပ် ဖြစ်ပေါ်နေတယ်။ ကြွက်သေကို မိုးကောင်းလမ်းပေါ်မှာ မတွေ့ရတော့ဘူး။ ပြားနေတဲ့ ကြွက်သေ ။ ပြားနေတဲ့ကြွက်ကို မိုးကောင်းလမ်းပေါ်မှာ မတွေ့ရတော့ဘူး။ ကြွက်က တကယ်ရော သေခဲ့ရဲ့လား။ ကြွက်သေဟာ မိုးကောင်းလမ်းပေါ်မှာ မရှိတော့ဘူး။ ပြားနေလို့သာ ကြွက်သေနေတယ်လို့ ယူဆလိုက်ရတာ။ ကြွက်အစတည်းက သေဖို့ အတွက်တောင် ရှိခဲ့ရဲ့လား။ လိင်စိတ်ကရော တကယ် ဖြစ်ရဲ့လား၊ ဖြစ်တယ်လို့ ယူဆလိုက်လို့သာ လိင်တံဟာ တောင်လာခဲ့ရတာလား။
ဝေ့လည်လည် သွားနေတဲ့ သူတို့မှာ ခုန်စရာ နှလုံး ပါမလာဘူး
ဖွဲ့စည်းပုံဟာ အိစက်ညက်ညောတယ် မသိရင်
ဂျယ်လီတုံး
ဒါမှမဟုတ် အဆောက်အအုံ
မိုးလေဝသနဲ့ တူတဲ့ သူတို့ဟာ အမြဲ ရောင်ပြန်ဟပ်နေတယ်
ရောင်ပြန်လိုက်ပုံကို သတိထားကြည့်မိရင် လက်နှိုက်ကြည့်လို့ရမယ့် အမည်းမျိုး၊
သူတို့တွေနဲ့ စတွေ့တုန်းက သူတို့က လက်ဖက်ရည် ကြိုက်တတ်နေပြီ၊ ဆံပင်တွေရှည်နေပြီ
ပါးရိုက်ခံရတာကို ကြိုက်တယ်
ရိုက်ခံလိုက်ပြီးရင် နီသွားနေရာကို သူတို့ လျှာတွေနဲ့ ပြန်လျက်ကြတယ်
အမြဲလိုလို လိုအင်တွေတိုင်း ပြည့်ဝမှု ရှိသယောင်ပဲ
ဒါကြောင့်ပဲ သူတို့က အမြဲကြောက်နေကြရတယ်
စျေးထဲက ကြက်သားသုပ်သည်ဟာ ခေါင်းတွေချည်း လှိမ့်ဖြတ်တယ်
ခေါင်းဖြတ်တွေကို သူတို့ အင်မတန် မြတ်နိုးတယ်
ငါတို့က စကြာဝဠာကို တွေးပြီးမျှော်ကြည့်ခဲ့သမျှ
ငါတို့ ခြေလှမ်းတိုင်းမှာ စကြာဝဠာ တွေ ပျက်စီးကုန်တယ်၊ အင်မတန် သေးငယ်တဲ့ အရာတွေပဲ
တစ်ချိန်မှာ သူတို့ ဉာဏ်ရည် သိပ်မြင့်လာကြတော့မယ်
ဉာဏ်ရည်မြင့်လာတိုင်း ငါတို့က သိပ်ကို ဟောင်ကြ၊
ချည်ထည်တွေပိုဝတ်လာကြ
သူတို့ကို အားကျလာကြ၊
ငါတို့ ကိုယ်ကို ငါတို့ ငြင်းပယ်လာကြ နဲ့
တစ်နေ့ သူတို့ကို အနီးကပ် ပြန်တွေ့ဖြစ်ခဲ့ရင်
- ညက်ညောတဲ့ သူ့အသားအရည်ကို
ငါ့အဖုတွေနဲ့ ပွတ်ပစ်ရလိမ့်မယ်
- ငါ့ဦးနှောက်ကို ဆက်သရမယ်
- လက်ဗွေရာ မရှိတဲ့ သူ့ကို ငါလက်ဗွေရာတွေ လှူတန်းရမယ်
- ဖူး…. ဆိုပြီး သူမှုတ်ထုတ်လိုက်တဲ့ အာငွေ့တွေကို ဘူးဆိုပြီး ကြားပေးရမယ်၊ လွှင့်စင်ပြရမယ်
ငါတို့ ဒီကိုရောက်လာတာ သင်္ကေတတွေ လာရှာတဲ့ သဘောပါပဲ
ငါ့ပါးကို ဖြည်းဖြည်းနမ်းပါ
ကွာကျလာတဲ့ ပြာတွေ အေးတယ်နော်
ဒုက္ခာစရိယာ ကျင့်သူရဲ့ နံရိုးမှာ ပန်းချီတွေ အချပ်လိုက် ထင်းလာတဲ့ အခါ
သူတို့ကို ယောင်ယမ်းကာ အော်မြည်ကြပါ
ဟိန်းနေအောင် သံတိုင်တွေချည်း လိုက်တီးနေလိုက်ပါတယ်
ဒါဟာ သူတို့ကို လိင်ပိုင်းဆိုင်ရာဆွဲဆောင်ခြင်း
ဒါဟာ ပန်းသီးတစ်လုံး (ဝါ) ခြစ်ချပြီးသောလက်သည်းခွံ
ဒါဟာ သူတို့၊ သူတို့
မွမွ၊ ဒါဟာ သာတဲ့ မွ မွ
ဖိနပ် ကို လှမ်းပစ်လိုက်တဲ့အခါ သူတို့က ပိတုန်း တွေအဖြစ်နဲ့ ငါ့ကို လာနမ်းလာပါဦးမယ်
ငါ့ ပါးကိုဖြည်းဖြည်းနမ်းပါ
စက်ယန္တရားတစ်ခုရဲ့ အနောက်ဖက်အခြမ်းက ထောင့်တွေကနေ နေတွေ စိမ့်ထွက်လာပါပြီ
သူတို့ ပါးစပ်ထဲက ညတွေဟာ ချောဆီတွေနဲ့ ခဲနေပြီ
ရုပ်ပိုင်းဆိုင်ရာဝါဒ ကို ကျင့်သုံးသူတွေပဲ ဖြစ်ပါတယ်
ပြောခဲ့ဖူးတဲ့အတိုင်း
လက်ဖက်ရည် ကြိုက်ကြပါတယ်
သူတို့ကို နားတွေ တပ်ပေးလိုက်ပြီးတဲ့ နောက်မှာ ပိုမြင်လာကြပါလိမ့်မယ်
စွဲထင်နေပြီးသား ပုံရိပ်တွေကတော့ ပြတင်းပေါက်တစ်ခုပဲ ဖြစ်ပါတယ်။
မြမုံရဲ့ ကဗျာတွေ ဖတ်ရတာ psychological thriller ရုပ်ရှင်တွေ ကြည့်ရသလိုပါပဲ။ ကျနော်တို့ရဲ့ အမှောင်အမိုက်ဆုံး စိတ်အခြေအနေကို မမျှော်လင့်တဲ့ အခြေအနေ ပြန်လည် တွေ့ရှိရမှာပါ။ လူငယ်ဘဝရဲ့ အာသာဆန္ဒတွေဟာ ဘယ်လောက်တောင် ထိန်းချုပ်ခံထားရလဲဆိုတာလည်း တွေ့ရပါတယ်။ ကျနော်တို့ ဝက်ဆိုက်မှာ တင်ဖူးတဲ့ မြမုံရဲ့ အခြားကဗျာနှစ်ပုဒ်ကို ဒီလင့်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါသေးတယ်။
မိုးကောင်းလမ်းပေါ်မှာ ကြွက်သေတစ်ကောင်တွေ့လိုက်တယ်
မိုးကောင်းလမ်းကို ဖြတ်တုန်းက ငါက ကားမောင်းနေတာ၊ မနက်စောစော ဆေးလိပ်ကို အပြင်းတကြီး သောက်နေတဲ့ ကားမောင်းနေတဲ့ပုံမျိုး။ ကြွက်သေဟာ၊ ကြွက်မှန်းတောင် မသိသာဘူး၊ ပြားနေလို့သာ ကြွက်က သေနေမှန်းသိတာ။ ပြားနေတဲ့ ကြွက်ကို ကြည့်ရင်းနဲ့ စိတ်မကောင်း အလိုလို ဖြစ်လာတယ် ။ အလိုလို ဖြစ်လာတယ် ဆိုတာ အသေကောင်တစ်ခု တွေ့တိုင်း သနားစိတ် ဖြစ်ရမယ်လို့ ကြိုတင် မှန်းဆထားတဲ့ ပုံမျိုးပဲ ၊ ချွေးတွေက စိမ့်ပြီးတော့ ထွက်လာတယ်။ ကားမောင်းရင် ချွေးပြန်တာက ငါ့ကို လိင်စိတ် အတိအလင်း တက်ကြွစေတယ် ၊ ကြွက်တွေက သေပြီးသွားရင် လိင်စိတ်တက်ကြွဦးမလား။ ဗီဒီယိုရိုက်ဖို့ ဖုန်းကို ကောက်ထုတ်တော့မှ teardrops ဖွင့်ပြီး မောင်းနေမှန်း သိရတာ ၊ ကင်မရာကို ဖွင့်လိုက်ပေမယ့် မီးပွိုင့်ကလွှတ်နေပြီ။ မမှီတော့ဘူး ဖုန်းကို ပိတ်ပြီး ပြန်ချလိုက်တော့ သီချင်းက ဆက်လာတယ် “emptiness is heavier than you think” တဲ့။ နားလည်ဖို့ မလိုပါဘူး၊ မီးပွိုင့် လွှတ်ပြီဆိုတာနဲ့ ကားသွားရမယ် ဆိုတဲ့ အသိက မွေးကင်းစလေးကို နို့တိုက်သလို ငယ်ငယ်ထဲက ရိုက်သွင်းခံခဲ့ရတာ၊ စနစ်တကျ ဒါမှမဟုတ် အမှတ်မဲ့။ ကင်မရာကို ပိတ်လိုက်ရတော့ တော်တော် ဘူသွားတယ်၊ လိင်စိတ်ဟာ ပျက်ပြယ်သွားလို့၊ ပြားနေတဲ့ကြွက် ကို တော်တော် ပြန်စဉ်းစားယူရတယ်။ သနားတဲ့စိတ်ကနေ အချစ် ဖြစ်တည်လာတာဆိုတာ ကြားဖူးတယ်။ အချစ်က လိင်စိတ်လား ငါ့အတွက်။ အောကားတွေထဲမှာမှ ပိုက်ဆံပေးပြီး လုပ်တဲ့ ဟာမျိုးကမှ ငါ့အတွက် အာသာပြေစေတယ်။ အမေ ပြောဖူးတယ် သနားကြင်နာတတ်တဲ့ ငါ့သားလေး နှလုံးသားလှတယ် တဲ့။ ရန်ကင်းဘက်ကို ပြန်ကွေ့ပြီး နောက်တစ်ခါ မိုးကောင်း မီးပွိုင့်ကို ထပ်ဖြတ်တယ် ။
တစ်ခေါက်။ နှစ်ခေါက်။ သုံးခေါက်။
ကားမောင်းနေရင်းနဲ့ကို အာသာဖြေပစ်လိုက်တာ၊ ခြေထောက်တွေက ကြွက်တက်လာပြီး ကိုက်ခဲလာတဲ့ အထိ အားတွေ ထုတ်သုံးပစ်လိုက်တယ်။ ငါ ပြီးသွားတဲ့ အချိန်မှာ ငါ့ရယ်သံတွေ ငါပြန်ကြားနေရတယ်၊ ကြွက်သေဟာ မရှိတော့ဘူး၊ ကြွက်သေရဲ့ ပြားနေတဲ့ ပုံရိပ် က ငါ့စိတ်ထဲမှာ ထပ်ဆင့် အထပ်ထပ် ဖြစ်ပေါ်နေတယ်။ ကြွက်သေကို မိုးကောင်းလမ်းပေါ်မှာ မတွေ့ရတော့ဘူး။ ပြားနေတဲ့ ကြွက်သေ ။ ပြားနေတဲ့ကြွက်ကို မိုးကောင်းလမ်းပေါ်မှာ မတွေ့ရတော့ဘူး။ ကြွက်က တကယ်ရော သေခဲ့ရဲ့လား။ ကြွက်သေဟာ မိုးကောင်းလမ်းပေါ်မှာ မရှိတော့ဘူး။ ပြားနေလို့သာ ကြွက်သေနေတယ်လို့ ယူဆလိုက်ရတာ။ ကြွက်အစတည်းက သေဖို့ အတွက်တောင် ရှိခဲ့ရဲ့လား။ လိင်စိတ်ကရော တကယ် ဖြစ်ရဲ့လား၊ ဖြစ်တယ်လို့ ယူဆလိုက်လို့သာ လိင်တံဟာ တောင်လာခဲ့ရတာလား။
***
ဂြိုလ်သား၊ အမျိုးစိတ် ၁၊ ၂၀၂၁ ပုံပြောင်း