Zack
၁၉၉၇မှာ မွေး။ လူငယ်ဘဝမှာ ပေတေ လေလွင့်ရင်း ထင်မှတ် မထားဘဲ ရန်ကုန် တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့တစ်ခုရ။ စကားပြေတွေနဲ့ စကားလုံးတွေကို ကိုယ့်ကိုယ်ကိုယ်ထက် ပိုချစ်။ 'One Hundred Years of Solitude' က စာပေ အသိလင်းပွင့်မှု ဖြစ်ခဲ့။ ဖော်ဝေး ဒိုင်ယာရီကို ကျမ်းမြတ်တစ်ခု အတိုင်း ကိုးကွယ်ဆည်းကပ်။ ဖိနပ်ထဲက ခဲလုံးလို စိတ်ကို စနိုးစနောင့် ဖြစ်စေတဲ့ အရေး အသားတွေကို ကြိုက်နှစ်သက်။ စကားပြေ အတိုတွေ စမ်းရေး ကြည့်နေ။ မသေခင် နော်ဗယ်လ် တစ်ပုဒ်လောက် ရေးမယ်လို့ စိတ်ကူးထား။