မိုးသက်ဟန်

၁၉၈၂ ခုနှစ်တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံ ၂/က ရပ်ကွက်အတွင်း မွေးဖွား၊ ရန်ကုန်မြို့တွင်ပင် ကြီးပြင်းနေထိုင်၊ အသက်ဇီဝ မွေးမြူမှု အတွက် စာပေဆိုင်ရာမှ တစ်ပါး အခြားအလုပ်များ တတ်နိုင်သမျှ မလုပ်ဘဲ နေနိုင်အောင် အပတ်တကုတ် ကြိုးစားလျက်ရှိ။ ယခုအချိန်အထိ ပင်ကိုရေးဝတ္ထုတိုနှင့် ဝတ္ထုတစ်အုပ်အပါအဝင် ခြောက်အုပ်နှင့် ဘာသာပြန်ဝတ္ထုစာအုပ် နှစ်ဆယ်၊ စုစုပေါင်း နှစ်ဆယ့်ခြောက်အုပ် ရေးသား ထုတ်ဝေထားကာ၊ နောင်နောင်တွင်လည်း စာအုပ်များ ဆက်လက် ထွက်ရှိရန် ရေးသားလျက်ရှိ။ လက်ရှိတွင် ရန်ကုန်မြို့တွင် နေထိုင်ကာ စာပေရေးသားခြင်းကို ပြုလုပ်လျက်ရှိ။

[ ဘာသာပြန် ဝတ္ထုတို ]