ခေတ်လှိုင်း

ခေတ်လှိုင်းကို အနီးဆုံးမြို့နဲ့ မိုင်နှစ်ဆယ်ကွာတဲ့ ရခိုင်ကမ်းနားရွာမှာ မွေးတယ်။ မူလတန်းနဲ့ အလယ်တန်းကို အဲဒီရွာမှာ တက်တယ်။ အထက်တန်းကို သံတွဲမှာ တက်တယ်။ ကံကောင်းထောက်မပြီး အင်ဂျင်နီယာ ကျောင်းတက်ခွင့်ရလို့ နည်းပညာတက္ကသိုလ် (မှော်ဘီ) ရောက်လာတယ်။ ကဗျာနည်းနည်း စာနည်းနည်း ရေးတာကနေ ဓာတ် poems -ebook (2019)၊ ၂၀၂၀ ကဗျာ ၂၀ poems -ebook ၊ ရောက်မလာသေးတဲ့ ကျိန်စာ (၂၀၁၉) six selected essays -ebook စတဲ့ ဘယ်သူမှ မဖတ်ချင်တဲ့ ကဗျာတွေ စာတွေကို အလကား ထုတ်ဝေခဲ့ပြီး ပင်လယ်နက်ထဲက ရောက်လာတဲ့ဝိဉာဉ် - အမတနှင်းဆီစာပေ (၂၀၂၀)ကို တန်ဖိုး နည်းနည်းနဲ့ ရောင်းချခဲ့တယ်။ ယခုလက်ရှိ ရန်ကုန်မြို့မှာ နေထိုင်လျက်ပြီး အိမ်ကပေးတဲ့ငွေနဲ့ အပတ်စဉ် ဘောလုံးကန်လျက်ရှိတယ်။

[ အရေးအသားများ]