ဇူးမြတ်ထွန်း(z-dayi)

၁၉၉၃ ခုနှစ် ဘုတ်ပြင်းမြို့၊ တနင်္သာရီတိုင်းတွင်မွေးဖွား။
B.Sc (Chemistry) ဖြင့်ဘွဲ့ရခဲ့။
၂၀၁၆ ခုနှစ်ထုတ် ကလျာမဂ္ဂဇင်းတွင် စတင်ပုံနှိပ်ခံရ။
လေသံပြင်းပြင်း အမျိုးသမီး ကဗျာစုစည်းမှု စာအုပ်နှင့်
တခြား စုပေါင်း ကဗျာစာအုပ် တချို့တွင်ပါဝင်ရေးသားခဲ့။ နှင်းဆီဖြူ ဝိဂ္ဂတယုတ္တိ နှင့် ချစ်ခြင်းအဖြာဖြာ စာပေ ဂျာနယ်တို့တွင် ပုံနှိပ်ဖော်ပြခံရ။
"ခြေဖဝါးမှာစုပ်ခွက်နဲ့လူ" ကဗျာစာအုပ်နှင့် "မီမိုဆာ" စကားပြေကဗျာ စာအုပ် ၂ အုပ် e book version ထွက်ရှိခဲ့။ကဗျာ နှင့် စာပေများ ဆက်လက် ရေးသားလျက်ရှိ။

[ အရေးအသားများ ]