မောင်ဒေး
မောင်ဒေး (၁၉၇၉ ခုနှစ်ဖွား) သည် ကဗျာ၊ ဘာသာပြန် ကဗျာနှင့် ဘာသာပြန် ဝတ္ထုတို့ကို ရေးသားသူ ဖြစ်ပြီး အမြင်ပိုင်းဆိုင်ရာ အနုပညာလက်ရာများကိုလည်း ဖန်တီး ပြုလုပ်သူ ဖြစ်ပါသည်။ သူ ရေးသားခဲ့သော ပင်ကိုယ်ရေး ကဗျာစာအုပ် အချို့မှာ အပျော်စီးပင်လယ် (၂ဝဝ၆)၊ ဘီလူးတို့၏ မြေနုလွင်ပြင် (၂ဝ၁၂)၊ ကဗျာများ (၂ဝ၁၄) နှင့် အစိမ်းရောင်စာအုပ် (၂ဝ၁၆) တို့ဖြစ်ကာ ကဗျာအသစ်များ နှင့် လက်ရွေးစင်ကဗျာများ စာအုပ်ကိုလည်း Black Swan စာပေမှ ၂၀၁၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ လက်ရှိတွင် ပင်ကိုယ်ရေးဝတ္ထုတိုများကို ရေးသားလိုသည်။ Literary Fragment နှင့် အများပြည်သူက ပြောသော၊ ရေးသားသော သမိုင်း၊ ပုံပြင်၊ ဘဝအတွေ့အကြုံ အဖြစ်အပျက်များကို စိတ်ဝင်စားသည်။