ကမ္ဘာပျက်ချိန် - စိုးလူထက်
စိုးလူထက်
ခင်ဗျားက စိုးရိမ်သောကတွေ သတိပြုမိချိန်မှာပဲ အထိအတွေ့ တစ်ချို့ ပျောက်သွားမယ်။ အခိုက်အတန့်တစ်ခုမှာ ခင်ဗျားက စိတ်သောကဖြစ်ရတဲ့ အကြောင်း တွေးတောဖို့ ရပ်လိုက်ပေမယ့် ပြန်ပေါ်လာမယ်။ အလွန်အမင်း ထိတ်လန့်တဲ့ ခံစားချက်ပါ တတွဲတည်းပါလာမယ်။ ဘယ်သူကမှ မိုက်မိုက်မဲမဲနဲ့ အဲ့လူအကြောင်း ပြောမှာ မဟုတ်ဘူး။ လိုတာထက် ပိုများပြားနေတဲ့ မသဲမကွဲ အတိတ်နိမိတ်နဲ့ အထိအတွေ့အာရုံအကြောင်း ထုတ်ပြောတာက ရူးသွပ်မှုပဲလေ။ ကျနော်က အဲဒီအကြောင်းကို အခြားလူတွေရဲ့ မျက်နှာအမူအရာကနေ သတိပြုမိလာမယ်။ ကျနော် ရှိနေစဉ် အတောအတွင်းမှာပဲ လမ်းထဲ အဲဒီလူကို သူတို့က တွေ့မယ်။ လူတွေက သူ့ကို မထိတွေ့ရဘဲ ဖြတ်ကျော်သွားဖို့ ကြိုးစားကြမှာပဲ။ ဒါမှမဟုတ် စကားပြောရင်း သိလာတာက လူတွေဟာ နေရာ တစ်နေရာကို သွားဖို့ ကြောက်လာတယ်။ လူတွေဟာ အဲဒီလူနဲ့ မကြာခဏ တွေ့ဆုံမှုအပေါ် စိုးရိမ်စိတ် ရှိတယ်လို့ ကျနော် သိလာတယ်။ အခြေအမြစ် သေသေချာချာ မရှိဘဲ မေးခွန်းမေးဖို့ ဆိုတာ မိုက်မဲမှုတစ်ခုလေ။ ဒါကြောင့် လူတိုင်းက အဲ့အကြောင်းကို မပြောရဲဘူး။ ဘယ်သူကမှ ခင်ဗျား ဒီလို ရှေ့ပြေးနိမိတ် ကြုံရဖူးလား၊ ရှင်းပြလို့ မရတဲ့ ကိစ္စတစ်ခုလေလို့ မမေးကြဘူး။ ဩဂုတ်လ ဆယ့်ငါးရက်နေ့မှာတော့ အဲဒီလူနဲ့ မကြာမကြာ တွေ့ဆုံမှု ရပ်တန့်သွားတယ်။ ရက်အနည်းငယ်အကြာ လူတိုင်းက စိတ်အေးလက်အေး ရှိပေမယ့် စိတ်ချလက်ချတော့ မရှိသေးဘူး။ သာမန်ထက် ပိုနက်နဲတဲ့ စိုးရိမ်မှုတစ်ခု ကျန်နေတယ်။ ဒါပေမယ့် စက်တင်ဘာလ အစမှာတော့ အဲဒီလူကို ပြန်တွေ့လာရတယ်။ ခုတစ်ကြိမ်မှာတော့ လူတွေဟာ ပထမဆုံးအကြိမ် အလွန်အမင်း ထိတ်လန့်မှုကိုပါ ခံစားလာရတယ်။ ခုထိတ်လန့်တုန်လှုပ်မှုက တစ်ကယ့် ထိတ်လန့်မှု မတိုင်ခင် လာတဲ့ ရှေ့ပြေးနိမိတ်သာသာလေးပဲ။ အဲဒီလူနဲ့ မကြာခဏဆိုသလို ဆုံတွေ့အပြီး လူစုလူဝေးထဲမှာ ဒါမှမဟုတ် အခြားသူ တစ်ယောက်ယောက်အိမ်မှာ ခုကိစ္စကို ပြောမိမယ်။ “ဒီလူတစ်ယောက် တုံ့နှေးတုံ့နှေး လမ်းလျှောက်နေချိန်မှာ အခုလိုဖြစ်လာတာ” အမှုမဲ့အမှတ်မဲ့ ပြောပြီး အရမ်း ထိတ်လန့်တုန်လှုပ်နေမယ်။ အဲ့ကိစ္စကို ပြောတဲ့သူက စကားစကို ရပ်လိုက်လိမ့်မယ်။ သိပ်ကြောက်စရာကောင်းပြီး ပြန်အဖတ်ဆယ်လို့မရမယ့် ကိစ္စတစ်ခုတော့ ဖြစ်တော့မယ်လို့ လူတွေကလည်း နားလည်လာတယ်။ လူတိုင်းကလည်း သတိပြုမိလာတယ်။ ဒါပေမယ့်လည်း သူတို့က သာမန်ကိစ္စတွေပဲ ဆက်ပြောသွားမယ်။ ဒီကိစ္စကို ဆက်လက်ဆွေးနွေးမှုတိုင်းကို စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်ရပ်လို့ပဲ သတ်မှတ်ပေမယ့် အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုက ကျန်နေမယ်။ နောက်ပိုင်းမှာ လူတော်တော်များများ လမ်းလျှောက်နှေးလာတာ သတိထားမိလာကြတယ်။ သူတို့နဲ့ သိတဲ့ လူတစ်ချို့လည်း လမ်းလျှောက် နှေးလာတယ်။ သူတို့က ရထားနဲ့ ထရော်လီ ပြေးဆွဲမှုနှုန်း နှေးလာပြီး နေ့တာလည်း ရှည်လာတာ သတိပြုမိလာတယ်။ အစိုးရကလည်း လူတွေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ ကြိုးစားပေမယ့် အခုအကြောင်းအရာက မကြားဝံ့မနာသာ ကိစ္စဖြစ်လာတယ်။ အစိုးရကလည်း မတော်တဆ ဖြစ်ရပ် ပုံစံမျိုးနဲ့ သတင်းစာထဲမှာ ထရော်လီ၊ ရထားနဲ့ လေယာဉ် အမြန်နှုန်းတွေ စတင် ဖော်ပြတယ်။ ယာဉ်တွေရဲ့ အမြန်နှုန်းတွေ တိုးတက်လာမယ်လို့ ရေးသားကြတယ်။ တစ်နေ့တာ အချိန် ပြောင်းလဲမှု မရှိတဲ့အကြောင်း နက္ခတ်တာရာ အချက်အလက်တွေနဲ့ သက်သေပြနေကြတယ်။ လှုပ်ရှားမှုတွေ ရပ်တန့်သွားတာက စဉ်ဆက်မပြတ် ဖြစ်လာမယ်။ နာရီလက်တံတွေ နှေးလာတာကိုလည်း သိပ္ပံက သက်သေမပြနိုင်ဘူး။ ဖြစ်ရိုးဖြစ်စဉ်တွေလို့ ပြောနိုင်တဲ့ နိမိတ်တွေလည်း ပေါ်လာတယ်။ ဒီကိစ္စကို နိမိတ်လို့တောင် မှတ်ယူလို့ မရဘူး။ ဥပမာ ပြောရရင် နှစ်စဉ်နှစ်တိုင်း နီဗာမြစ် ရေမျက်နှာပြင် ပမာဏဟာ ပျှမ်းမျှအားဖြင့် လျော့နည်းသွားပြီး ပြန်တက်လာလေ့ရှိတယ်။ ဒီနှစ်မှာတော့ နီဗာမြစ် ရေမျက်နှာပြင်ဟာ လုံးဝ မတိုးတက်သလို စင်တီမီတာ အနည်းငယ်လောက်ပဲ တက်မယ်။ ဒီလိုမှမဟုတ်လည်း ညနေခင်းမှာ နှင်းတွေ သိပ်သည်းစွာ ကျဆင်းပေမယ့် မနက်ရောက်တော့ လုံးဝ အရည်ပျော်သွားမယ်။ လူတိုင်းရဲ့ စိတ်အခြေအနေက ကံအကြောင်းတိုက်ဆိုင်မှု အနည်းငယ်အပေါ် အာရုံထားလာကြမယ်။ သူတို့ စိတ်ထဲ အကြောက်တရား မွေးမြူထားတယ်။ နွေဦးကလည်း စောစောစီးစီး ရောက်လာပြီး ရာသီဥတုက အလွန်ကောင်းမွန်မယ်။ မတ်လ၊ ဧပြီနဲ့ မေလတွေမှာတော့ နေရောင် တောက်ပသလို မိုးအနည်းငယ် ရွာသွန်းမယ်။ မိုးမှောင်ပြီး ကောင်းကင်မှာ တိမ်ဖုံးမှာ မဟုတ်ဘူး။ အဲ့အချိန်မှာတော့ လူတွေအားလုံးဟာ လှုပ်ရှားမှုတွေ နှေးကွေးသွားတာကို သတိပြုမိမယ်။ ငှက်တွေလည်း ခပ်နှေးနှေးပဲ ပျံသန်းတော့တယ်။ သဘာဝတရားနဲ့ မတည်မငြိမ် လူသားအကြား ကွဲပြားမှု ကြီးမားလာတာကြောင့် ပိုမိုပူပန် ထိတ်လန့်လာကြတယ်။ ပျက်စီးမှု ဆုံးခန်းတိုင်စေမယ့် အသိက ပိုမိုခိုင်မာလာတယ်။ ကောင်းကင်ပြာပြာနဲ့ ပူအိုက်၊ နေသာမယ့် နေ့ရက်တွေကလည်း တုန်လှုပ်စရာ ဖြစ်လာပါတယ်။ လူတွေဟာ သဘာဝနဲ့ သဘာဝ မဟုတ်တဲ့ အရာအကြား မခွဲခြားနိုင်တော့တာကြောင့် ပိုမို ထိတ်လန့်စရာ ကောင်းလာပါတယ်။ ဇွန်လ တစ်မနက်ခင်းမှာတော့ နေဟာ ယခင်ကထက် ပိုမို ကြီးမားလာတာ လူတိုင်း ရုတ်တရက် သတိထားမိလာတယ်။ ဇွန်လ တစ်လလုံး ပူလောင်အိုက်စပ်ပြီး နေသာလိမ့်မယ်။ တစ်ကယ်လို့ မိုးရွာသွားရင်တော့ လူတွေဟာ အချိန်မစေ့သေးတဲ့အတွက် အသက်ရှင်နေဦးမယ်။ ဇူလိုင်လမှာတော့ ကပ်ကမ္ဘာအဆုံး ရောက်လာပါတယ်။
OBERIU: An Anthology of Russian Aburdism စာအုပ်ထဲက စာရေးဆရာ ယာကော့ဒရပ်စကင် (၁၉၀၂ - ၈၀) ရဲ့ The End of the World ကိုပြန်ထားတာပါ။ ယာကော့ဒရပ်စကင်ဟာ ၁၉၂၀နဲ့ ၁၉၃၀ ခုနှစ်အကြားက ပေါ်ထွက်လာတဲ့ ရုရှား OBERIU စာပေလှုပ်ရှားမှုထဲ ပါဝင်ခဲ့ပါတယ်။ OBERIU အဖွဲ့ရဲ့ အသက်အရှည်ဆုံး တစ်ဦးတည်းသော အဖွဲ့ဝင် ဖြစ်တယ်။ OBERIU စာပေလှုပ်ရှားမှုကို အဓိက ဦးဆောင်သူ နှစ်ယောက်ကတော့ အလက်ဇန်းဒါးဗင်ဒန်စကီးနဲ့ ဒန်ညီးဟမ်းစ်တို့ပဲ ဖြစ်ပါတယ်။ ဒရပ်စကင်ဟာ နောက်ပိုင်းမှပဲ OBERIU စာပေလှုပ်ရှားမှုထဲ ပါဝင်လာသူ ဖြစ်တယ်။ သူဟာ ဗင်ဒန်စကီးနဲ့အတူ အထက်တန်းကျောင်းတက်ခဲ့တယ်။ တက္ကသိုလ်ကနေ ဒဿနိကဗေဒနဲ့ ဘွဲ့ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာအပေါ် လေးလေးနက်နက် ယုံကြည်သူ ဖြစ်တယ်။ လီနင်ဂရက်မြို့ (စိန့်ပီတာစဘတ်မြို့) ကို ရန်သူတွေ ဝိုင်းဝန်း ပိတ်ဆို့ထားချိန်မှာ ဟမ်းစ်၊ ဗင်ဒန်းစကီးနဲ့ အိုလေနီကော့တို့ရဲ့ အရေးအသားတွေကို မပျောက်မပျက်အောင် ထိန်းသိမ်းပေးခဲ့ပါတယ်။ (ဘာသာပြန်သူမှတ်ချက်)
လူတစ်ယောက်ဟာ တစ်ဖြေးဖြေး မသေဆုံးသွားခင်မှာတော့ ကာလရှည်ကြာ နာဖျားဦးမယ်။ ထိတ်လန့် တုန်လှုပ်စရာ အကောင်းဆုံးက နေ့စဉ်နေ့တိုင်း အခြေအနေ နည်းနည်းစီ ဆိုးလာမယ်။ အဲ့လူတစ်ယောက် ကျန်းမာရေး ကောင်းလာမယ်လို့ ခင်ဗျားက တွေးမိမယ်။ ဒါပေမယ့် ခင်ဗျား မှတ်မိလာတာက လွန်ခဲ့တဲ့ တစ်ပတ်လောက်ကပဲ ဒီလူက သူ့ဘာသာသူ ထသွားထလာ လုပ်နိုင်တယ်။ ခုကျတော့ အိပ်ရာမှာပဲ လိမ့်နိုင်တော့တယ်။ နောက်တော့ သူ့အကြောင်း ခင်ဗျား မေ့သွားမယ်။ ခင်ဗျား ပြန်သတိပြုမိတဲ့ အချိန်ကျတော့ သူက အိပ်ရာပေါ်မှာတောင် မလိမ့်နိုင်တော့ဘဲ ခေါင်းလောက်ပဲ ထောင်နိုင်တော့တယ်။ အဲ့အချိန်မှာ သူ့ဆုံးခန်းတိုင်ချိန်ကို ခင်ဗျား ပထမဆုံး မြင်လာရမယ်။
ကမ္ဘာပျက်ချိန်ကလည်း အလားတူလိုပါပဲ။
ကမ္ဘာပျက်ချိန်က တစ်နှစ်အတွင်း ရောက်လာနိုင်တယ်။ အလွန်ပူတဲ့ ရာသီအတွင်း ကျိန်းသေပေါက် ကမ္ဘာပျက်မယ်။ ကမ္ဘာပျက်တဲ့ ဖြစ်စဉ်က ဇူလိုင်လ အစနဲ့ အဆုံးမှာ စတင် ဖြစ်ပေါ်မယ်။ ဒီလို နည်းလမ်းနဲ့ ကမ္ဘာပျက်မှာပဲ။ တစ်မနက်ခင်းမှာ ပြတင်းပေါက် တစ်ဆင့် ဒါမှမဟုတ်တောင် လမ်းမအပြင်ဘက်မှာ ကျနော်က လူတိုင်းလိုပဲ ထူးမခြားနား လူတစ်ယောက်ကို မြင်ရမယ်။ သူ ခြေလှမ်း လှမ်းတာ နည်းနည်း နှေးတယ်။ တခြားလူတွေထက် တမင် နှေးနှေးလေး လျှောက်နေတာ။ ခင်ဗျားက ဒီလို လူမျိုးကို အမြဲတမ်း သတိပြုမိပြီး ချက်ခြင်းပဲ မေ့သွားမယ်။ ဒီတစ်ကြိမ်မှာလည်း ခင်ဗျား မေ့သွားမယ်။ အခြားလူတွေကလည်း သူ့ကို မြင်ပြီး သတိပြုမိလျက်သားနဲ့ ချက်ခြင်းပဲ မေ့သွားကြမယ်။ သူက အချိန်တိုင်း၊ နေရာတိုင်းမှာ ပေါ်လာတဲ့ ကိစ္စက လူတွေအတွက် အံ့ဖွယ်သရဲ ကိစ္စ မဟုတ်ပြန်ဘူး။ ကျနော်အနေနဲ့ သူ့ကို ဒုတိယအကြိမ် မြင်ရင်လည်း အံ့ဩမှာ မဟုတ်ဘူး။ အရင်တစ်ခေါက် သူ့ကို တွေ့ဖူးသလားဆိုတာ ကျနော် မမှတ်မိလောက်ဘူး။ ရက်အနည်းငယ်ကြာတဲ့အခါ တတိယတစ်ကြိမ် သူ့ကို မြင်လိုက်တဲ့အခါမှာတော့ သူ့ကို တွေ့ဖူးတဲ့အကြောင်း ကျနော် စိတ်ထဲ ပေါ်လာမယ်။ ဒါပေမယ့်လည်း မကြာခင်မှာပဲ သူ့အကြောင်း မေ့သွားပြန်ရော။ ခုလို ကြုံကြိုက်တွေ့ဆုံမှုမျိုးက ဇူလိုင်လ ပထမရက်ကနေ ဆယ့်ငါးရက်အထိ နှစ်ပတ်ကျော်အတွင်း ဖြစ်နေမယ်။ နောက်ဆုံး ကြုံကြိုက်မှုမှာတော့ စိုးရိမ်ကြောင့်ကြမှု နည်းနည်း ဖြစ်လာမယ်။ နောက်ထပ် နှစ်ပတ်ကျော်အတွင်း သူ့ကို ဘယ်သူမှ မမြင်တော့ပြန်ဘူး။ ဩဂုတ်လ ပထမရက်မှာ အဲ့လူကို ထပ်မြင်ရမယ်။ သူ့ကို ပထမဆုံး မြင်လိုက်ရချိန်မှာ အံ့အားသင့်ပြီး ဝမ်းသာအားရ ဖြစ်လိမ့်မယ်။ ခင်ဗျားအတွက် အရင်းနှီးဆုံး ခံစားချက် ပြန်တွေ့လာရသလို ဖြစ်သွားမယ်။ ဒါပေမယ့်လည်း ကြုံကြိုက် တွေ့ဆုံမှုတွေ များလာတာနဲ့အမျှ စိုးရိမ်သောကလည်း ကြီးထွားလာမယ်။ တကယ်လို့ ကြုံကြိုက် တွေ့ဆုံမှုက ဩဂုတ်လ ဆယ့်ငါးရက်အထိ မရပ်သွားရင် အလွန်အမင်း ထိတ်လန့်မှု အဖြစ် အသွင်ပြောင်းသွားပါမယ်။

Illustration: Theè Oo Thazin |

***