ကိုဝှီးရဲ့ ကဗျာနှစ်ပုဒ်
ကိုဝှီး
မုန့်လက်ဆောင်းကုန်းလို့ အများခေါ်ကြတဲ့ ရထားလုပ်သားတွေနေတဲ့ဆီက လူတွေ ပြေးထွက်လာတယ်။ ခေါင်းကိုရိုက် ခေါင်းကိုရိုက် ဆိုပြီး အော်နေကြတယ်။ အဖျော်ဆရာတယောက်က လက်ရဲဇက်ရဲ ရှိပုံရတယ်၊ ဗောက်ကနဲပဲ နို့ဆီဘူးကိုဖွင့်သလို အဲ့လူရဲ့ ခေါင်းကို ဆွဲဖွင့်လိုက်တယ်။ ဟာ သွားပြီ ဘာမှမရှိတော့ဘူး မြွေက စားသွားပြီလို့ လှမ်းပြောတယ်။ ခုန အမြန်မောင်းလာတဲ့ ကားက ရွှေတိဂုံဘုရားလမ်းဘက်ကို တရကြမ်း ကွေ့ချလိုက်တယ်။ ပြီးတော့ လမ်းလယ်က အတားဆီး ကွန်ကရစ်တုံးဝါကြီးကို ဖင်နဲ့ ရိုက်ချသွားတယ်။ ကျနော့် ရှေ့တည့်တည့်က လူက ခေါင်းငုံပြီး ရှောင်ဖို့ ကြိုးစားတယ်၊ နောက်တယောက်က ပြေးလာတယ်၊ မြွေရဲ့ခေါင်းကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ အသေအချာ သိတဲ့ပုံစံနဲ့ အနက်ရောင်ကားက ပြုတ်ထွက်သွားတဲ့ ဘီးကို လိုက်ရှာတယ်။ သော့ချက်က အဲ့ဒါပဲ မြွေတကောင်ကို လှည့်စားဖို့ဆိုရင် ဘယ်ပြပြီး ညာနဲ့ဝင်ရတယ်၊ လွယ်လွယ်တော့မရဘူး၊ ကျင့်သားရဖို့ လိုတယ်လို့ အဲ့လူကပဲ ဆက်ပြောသွားတယ်။
ကျနော့် သူငယ်ချင်းက လက်ဖက်ရည်သောက်ဖို့ လှမ်းချိန်းတယ်။ အထပ်မြင့် အဆောက်အဦးတခုပေါ်မှာတဲ့၊ ကားလက်မှတ် ဖြတ်ပြီး ကျနော် လိုက်သွားတယ်။ ဓမ္မရာဇက ဘုရားရင်ပြင်မှာ ဒီကောင် ထိုင်စောင့်နေတယ်။ လာရင်းကိစ္စက လက်ဖက်ရည်သောက်ဖို့ပဲ၊ ဒါပေမယ့် သူ့အိမ်က ဒဏ်ကြေလိမ်းဆေး တစ်ဗူး လှမ်းမှာတော့ ကျနော်တို့လည်း လက်ဖက်ရည် မသောက်ဖြစ်ပဲ အထပ်မြင့်အဆောက်ဦးပေါ်က ပြန်ဆင်းလာရတယ်။ ကြိုးက နှစ်ယောက်ဝိတ်ကို ခံနိုင်ပုံ ရှိတော့ ဒီကောင်အရင်ဆင်းတယ်၊ နောက်က ကျနော်လိုက်ဆင်းတယ်။ စိတ်မရှည်တဲ့ ဂါဝန်အနီနဲ့ ကောင်မလေးက ဒီတိုင်းခုန်ဆင်းသွားတယ်။ လေထဲမှာ ဂါဝန်အနီက လေထီးတခုလို ပွင့်နေတယ်။ သူငယ်ချင်းကတော့ နှင်းဆီတွေ အတိုင်းပါပဲကွာလို့ ပြောပြီး တုန်နေတဲ့လက်နဲ့ နောက်တခွက်ဖြည့်လိုက်တယ်။ တခွက်ပြီး တခွက်ဆင့်ချလိုက်တော့ ဒီကောင့်လက်တွေ ငြိမ်သွားတယ်။ ငြိမ်သွားတော့မှ ကျနော်တို့ ကနူးလှေကို သေချာလှော်နိုင်သွားတယ်။ ဒါပေမယ့် ထိန်းတော့ထားရတယ်၊ လေနည်းနည်း ပြင်းတာနဲ့ အချိန်မရွေး တိမ်းစောင်း သွားနိုင်သေးတယ်။ အိမ်အောက်ရောက်တော့ သူ့လှေကို သော့ခတ်ပြီး လက်ဖက်ရည်သောက်ဖို့ နောက်နေ့မှ ထပ်ချိန်းမယ် ပြောတယ်၊ ငါ ဘယ်လိုပြန်ရမလဲ မေးတော့ ကားနဲ့ပဲ ပြန်ဖို့ ပြောတယ်။ တောင်ပတ်လမ်း တောက်လျှောက်က ဗျူးပွိုင့်ပဲ၊ ကားကို ခနရပ်လိုက်တယ်၊ လေကောင်းလေသန့်ဆင်းရှုမလို့၊ ဒါပေမယ့် ဂါဝန်အနီနဲ့ ကောင်မလေးက လေထဲ လွှင့်လာတော့ သူ့ကို လှမ်းဖမ်းဖို့ ကျနော် ဒိုင်ဗင် လှမ်းပစ်လိုက်တယ်။ သင်တန်းဆရာက ကျနော့်ကို ချိုင်းကြားကမပြီး ကန်ဘောင်ပေါ် မတင်တယ်၊ ပြီးတော့ မည်တွန်တောက်တီးတဲ့ အသံတွေ ကြားရတယ်၊ နောက်နေ့ ရေကူးကန် ရောက်တော့ မူးရင်မကူးရလို့ စာကပ်ထားတယ်။
ကိုဝှီးရဲ့ အာရုံက အုံ့အော်သောင်းနင်း အမြီးအမောက်မတည့် မြို့ပြရဲ့ အရှိန်ထဲကို ခုန်ချသွားတယ်။ ဒါပေမယ့် သူက ဆန့်ကျင်ဘက်လားရာ အတိုင်းနေပြီး သူ့ရဲ့ ပတ်ဝန်းကျင်ကို ချဉ်းကပ်တယ်။ မူးရစ်နေတဲ့ မွန်တာ့ရှ်တွေရဲ့ အဆီအငေါ် မတည့်မှု၊ ပြက်ရယ်ပြုမှုတွေကလည်း သူ့ကဗျာတွေထဲမှာ တွေ့ရလေ့ရှိတဲ့ အမှတ်လက္ခဏာတစ်ခုပါပဲ။
မြွေဆရာ
မနက်စျေးက ပြန်လာတော့ ဓါတ်ကြိုးတွေ တွဲကျနေတာ တွေ့တယ်။ အလျင်အမြန် ရှောင်လိုက်တော့ ဓါတ်ကြိုးနဲ့ငြိတော့မလို အခြေနေကနေ လွတ်သွားတယ်။ ကားတစ်စီးက တော်တော် အလျင်လိုနေပုံရတယ်။ ဦးဝိစာရလမ်းအတိုင်း တဟုန်ထိုး ဆင်းချလာတာ၊ ပလာတာသည်ရဲ့ မီးခိုးတွေနဲ့တောင် ပွတ်တိုက်သွားသေးတယ်။ ထင်တဲ့အတိုင်းပဲ နောက်ကို လှည့်ကြည့်လိုက်တော့ လူတယောက်က ဓါတ်ကြိုးမှာ ငြိနေပြီ။ အဲ့လူရဲ့လည်ပင်းကို မြွေတကောင်လို ဓါတ်ကြိုးက ရစ်ထားတယ်။မုန့်လက်ဆောင်းကုန်းလို့ အများခေါ်ကြတဲ့ ရထားလုပ်သားတွေနေတဲ့ဆီက လူတွေ ပြေးထွက်လာတယ်။ ခေါင်းကိုရိုက် ခေါင်းကိုရိုက် ဆိုပြီး အော်နေကြတယ်။ အဖျော်ဆရာတယောက်က လက်ရဲဇက်ရဲ ရှိပုံရတယ်၊ ဗောက်ကနဲပဲ နို့ဆီဘူးကိုဖွင့်သလို အဲ့လူရဲ့ ခေါင်းကို ဆွဲဖွင့်လိုက်တယ်။ ဟာ သွားပြီ ဘာမှမရှိတော့ဘူး မြွေက စားသွားပြီလို့ လှမ်းပြောတယ်။ ခုန အမြန်မောင်းလာတဲ့ ကားက ရွှေတိဂုံဘုရားလမ်းဘက်ကို တရကြမ်း ကွေ့ချလိုက်တယ်။ ပြီးတော့ လမ်းလယ်က အတားဆီး ကွန်ကရစ်တုံးဝါကြီးကို ဖင်နဲ့ ရိုက်ချသွားတယ်။ ကျနော့် ရှေ့တည့်တည့်က လူက ခေါင်းငုံပြီး ရှောင်ဖို့ ကြိုးစားတယ်၊ နောက်တယောက်က ပြေးလာတယ်၊ မြွေရဲ့ခေါင်းကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ အသေအချာ သိတဲ့ပုံစံနဲ့ အနက်ရောင်ကားက ပြုတ်ထွက်သွားတဲ့ ဘီးကို လိုက်ရှာတယ်။ သော့ချက်က အဲ့ဒါပဲ မြွေတကောင်ကို လှည့်စားဖို့ဆိုရင် ဘယ်ပြပြီး ညာနဲ့ဝင်ရတယ်၊ လွယ်လွယ်တော့မရဘူး၊ ကျင့်သားရဖို့ လိုတယ်လို့ အဲ့လူကပဲ ဆက်ပြောသွားတယ်။
***
လက်ဖက်ရည်သောက် ရေကူး
***