Pre-Wedding - ခါမြေ
ခါမြေ
ထိုင်ထိုင်ချင်းပဲ မျက်ခုံးမွှေး နည်းနည်း ရိတ်မယ်နော် ဆိုပြီး ဘလိတ်ဓား အသေးလေးနဲ့ ကျွန်တော့် မျက်ခုံးမွှေးတွေကို အနေတော်လေး ဖြစ်သွားအောင် ရိတ်ချလိုက်တယ်။ အရင်ကတော့ တစ်ခါမှ မျက်ခုံးမွှေး ရိတ်ခဲ့ဖူးတာ မရှိဘူး။ နောက်ပြီး ကျွန်တော်က အဲဒီလောက်ကြီး မျက်ခုံးမွှေးသန်တဲ့သူလည်း မဟုတ်သလို ကျွန်တော့်မျက်ခုံးမွှေးက ရိတ်ပြီး ပြုပြင်ရလောက်တဲ့အထိ ကြည့်ရဆိုးတဲ့ အထဲ မပါဘူးလို့ ထင်တာပဲ။ ဒါပေမဲ့ အလှပြုပြင်သူ၊ သူတို့မျက်လုံးထဲတော့ မျက်ခုံးမွှေးကို နည်းနည်းဖြစ်ဖြစ် ရိတ်လိုက်မှ အဆင်ပြေမယ် ယူဆလို့ ရိတ်လိုက်တယ်နဲ့ တူတာပဲ။ ဒါမှမဟုတ် သူတို့ရဲ့ လုပ်ဆောင်ပုံ အဆင့်ဆင့်ထဲမှာက ပထမဆုံးအနေနဲ့ မျက်ခုံးမွှေးရိတ်မယ်၊ ပြီးရင် ဆံပင် ပြုပြင်မယ်၊ ပြီးရင် ဘာလုပ်မယ်၊ ညာလုပ်မယ် စသဖြင့် တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားဖို့ ရည်ရွယ်ထားပုံရတယ်။ ရည်ရွယ်ထားတာ မဟုတ်တောင် အဲဒီလို သင်ကြားခံခဲ့ရတာမျိုး ဖြစ်မယ်။ တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျလုပ်ဖို့ပေါ့။
ဆိုတော့ မျက်ခုံးမွှေး ရိတ်ပြီးတာနဲ့ ကျွန်တော့် ဆံပင်ကို ပြုပြင်ဖို့ လုပ်တယ်။ ဆံပင်ကိုတော့ ညှပ်ဦးမယ် မပြောလို့ တော်သေးတယ် ပြောရမယ်။ ဂျယ်တွေ ဘာတွေ လိမ်းတယ်။ စပရေးတွေ ဖြန်းတယ်။ စက်တစ်မျိုး (ဖြောင့်စက်ဖြစ်မယ်) နဲ့ကျွန်တော့်ဆံပင်တွေကို ဖြောင့်တယ်။ အစောကလည်း အဲဒီစက်မျိုးနဲ့ပဲ ဆုရဲ့ ဆံပင်တွေကို လိပ်ပြီး ကောက်ချလိုက်တာ မြင်လိုက်ရသေးတယ်။ (အဲဒါကတော့ ကောက်စက်လား မပြောတတ်) ငယ်ငယ်ကတည်းက ဆံပင်ကို အချိန်ပေးပြီး ဖြီးလိမ်းတတ်တဲ့ အကျင့်မရှိခဲ့တာမို့ ဂျယ်လိမ်းတာ၊ စပရေးဖြန်းတာတွေက ကျွန်တော်နဲ့ တော်တော်စိမ်းတယ် ပြောလို့ရတယ်။ ရေချိုးပြီးတာနဲ့ အုန်းဆီကို လက်နဲ့သုတ်လို့ ပြီးပြီးရော လိမ်းချလိုက်တာပဲ။ ပြီးတော့ ဆံပင်ညှပ်ဖို့ ပြောရတာလည်း ခဏခဏ။ ကျွန်တော့်အနေနဲ့က ဆံပင်အရှည်ထားဖို့အားသန်တာထက် ဆံပင်ညှပ်ဆိုင် ဆံပင်သွားညှပ်ရတာကို ပျင်းတာက ပိုတယ်။ ဆိုတော့ ကျွန်တော့် ဆံပင်တွေက ပုံမကျပန်းမကျ ရှည်နေလေ့ရှိတယ်။
ခဏနေတော့ မျက်နှာပေါ်ကို မိတ်ကပ်အရည်လိုမျိုး အညိုရောင် အရည်ပျစ်ပျစ်တွေ လိမ်းပေးတယ်။ အခြား ကျွန်တော် မသိတဲ့ ခရင်မ် တွေ လိမ်းတယ်။ အနံ့တွေကတော့ တော်တော်ဆိုးဆိုးဝါးဝါးပဲ။ အဲဒီအနံ့မျိုး ကျွန်တော့် ဘဝမှာ ပထမဆုံး ရဖူးခြင်းပဲ။ မိတ်ကပ်လိမ်းတယ် ဆိုတာမျိုးကလည်း ကျွန်တော့်အတွက် အခုတစ်ခါက ဒုတိယမြောက်ပဲ။ ပထမတစ်ခါက ကျွန်တော်ငယ်ငယ် မောင်ရှင်လောင်းဝတ်တုန်းကပဲ။ မောင်ရှင်လောင်းလည်း အဲဒီတစ်ခါပဲ ဝတ်ဖူးလိုက်တယ်။ pre-wedding ရိုက်ဖို့ကိုတောင် ခုလောက်ထိ လုပ်နေရရင် မင်္ဂလာဆောင်ဆို ပိုဆိုးတော့မှာတွေးမိပြီး ကျွန်တော့်စိတ်တွေ တော်တော် မွန်းကျပ်သွားတယ်။ မင်္ဂလာဆောင်ကျရင်လည်း မိတ်ကပ်က အနည်းအကျင်းတော့ လိမ်းရဦးမှာပဲဆိုတော့ ရိုးရိုးသာမန် ဗမာအမျိုးသားတစ်ယောက်ရဲ့ဘဝမှာအနည်းဆုံး ၃ ခါတော့ မိတ်ကပ်လိမ်းဖူးကြမှာပဲလို့ တွေးမိတယ်။
မင်္ဂလာဆောင်ဖို့လုပ်ရတဲ့ ကိစ္စဝိစ္စတွေကလည်း မနည်းမနောပဲ။ အသေးအမွှားလေးတွေကို တစ်ခုချင်းစီ စီစဉ်ပြီး လုပ်ရတာ။ တစ်နေ့ကပဲ မင်္ဂလာဆောင်မှာ ဝတ်ဖို့ အဝတ်အစားတွေ သွားဝယ်လိုက်ရသေးတယ်။ အရောင်တွေရွေး ဘာတွေရွေးဆိုတော့ အမရပူရဘက်က ပိုးထည်တိုက်တွေဆီ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် နဲ့ စိတ်ကြိုက်တွေ့တဲ့အထိ ခြေတိုအောင် သွားလိုက်ရတယ်။ စိတ်ကြိုက်တွေ့တဲ့အထိ ဆိုရာမှာ အဝတ်အစားဝတ်မယ့် ကျွန်တော်နဲ့ ကျွန်တော့်ဇနီးလောင်း၊ ဆုက အဲလောက် မဟုတ်ဘူး။ အဓိကက ထားနဲ့ ကျွန်တော့်ညီမ။ သူတို့ကပဲ ဦးဆောင်ပြီး ပိတ်စတွေကြည့် အဆင်တွေကြည့် ကျွန်တော်တို့နဲ့ လိုက်မလိုက် အဆင်ပြေမပြေ ရွေးချယ်ဆုံးဖြတ်ပေးကြတာ။ ကျွန်တော်တို့က ခေါင်းငြိမ့်ခေါင်းခါပြီး အင်းအဲလုပ်ရုံ လောက်ပဲ။ အဲမို့ ထားက ဆုကို နင့်ကြည့်ရတာလည်း ကျွန်တော့်ကို ရရင်ပြီးရော၊ ကျန်တာဘာမှမလိုဘူး ဆိုတဲ့သဘောမျိုးအတိုင်းပဲလို့ ပြောပြောနေတာဖြစ်မယ်။
ထားကတော့ အဲလိုပဲ။ တစ်ခုခုဆို တည့်ထိုးပဲ ပြောချလိုက်တာ။ ထားနဲ့ ကျွန်တော်နဲ့က ဟိုးငယ်ငယ်လေး ကတည်းက ပေါင်းလာတာ။ ခုကလည်း ကျွန်တော့်အတွက် မင်္ဂလာလက်ဖွဲ့အနေနဲ့ မင်္ဂလာဆောင်မှာ ဝတ်မယ့်ပုဆိုး လိုက်ဝယ်ပေးရင်းနဲ့ သူ့မင်္ဂလာဆောင်အတွက်ပါ အထည်လိုက်ကြည့်ဖို့ လိုက်လာတာ။ ထားနဲ့ ကျွန်တော်တို့ မင်္ဂလာဆောင်တွေကလည်း ရှေ့ဆင့်နောက်ဆင့်ပဲ။ ဒီတော့ ကျွန်တော်တောင် တွေးကြည့်မိနေသေးတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အတူသွား အတူစားပြီး ပေါင်းလာကြတာ ပြောခဲ့တဲ့စကား တွေဆိုလည်း မနည်းမနော။ အဲဒီပြောရတဲ့ စကားတွေက အရွယ်ရလာလေ ပြောစရာ အကြောင်းအရာတွေ ပြောင်းလဲလာလေပဲ။ အခုဆိုကြည့်လေ၊ ကျွန်တော်တို့ဘဝမယ် တစ်ခါမှ တွေးမကြည့်ခဲ့ဘူးတဲ့ မင်္ဂလာဆောင်ကိစ္စတွေကို ကိုယ်တိုင်ကိုယ်ကျလုပ်လို့ ခုတလော ပြောလိုက်တဲ့ အကြောင်းအရာ မှန်သမျှကလည်း မင်္ဂလာဆောင်ဖို့ အရေးကိစ္စတွေချည်းပဲ။ ငယ်ငယ်တုန်းကတော့ ကစားမယ်၊ စားမယ်၊ စာကျက်မယ် စတဲ့ အကြောင်းတွေပဲ အများအားဖြင့် ပြောခဲ့ကြတာ။ မြီးကောင်ပေါက် အရွယ်ရောက်တော့ အတန်းထဲက ထားကို ကြိုက်တဲ့ကောင်တွေရဲ့ ရည်းစားစာတွေ ကျွန်တော်က ဒိုင်ခံပေးပေးပြီး၊ ပြီးရင် အတူဖတ်လို့ အဲဒီအကြောင်းတွေပြန်ပြောရင်းရယ်ကြ။ ထားမွေးနေ့တွေဆို ထားတို့အိမ်မှာပဲ မွေးနေ့လုပ် သူ့မိန်းကလေးသူငယ်ချင်းတွေ အများကြီးအကြား ယောကျာ်းလေးဆိုလို့ ကျွန်တော် တစ်ယောက်တည်း။ ပြီးရင် ထားအမေနဲ့ ကျွန်တော့်အမေတို့နဲ့အတူတူ ထွန်းအိန္ဒြာဗိုလ် သီချင်းတွေ ဆိုကြ။ ဆယ်တန်းအောင်လို့ ဆေးကျောင်းအတူ တက်ကြတော့လည်း သူ့လာကြူတဲ့ကောင်တွေကို သူဘယ်လို နှပ်ချလိုက်တာတွေ၊ မိန်းကလေးအချင်းချင်း ဂျေဝင်ကြတာတွေ အကုန် ပြောပြတယ်။ ထားအတွက် ကျွန်တော်က တိုးတိုးတိုင်ပင်ဖော်ပဲ။ ဒါမှမဟုတ် ကျွန်တော်က လူတော်တော်များများအတွက် လက်ခံကောင် သဘောမျိုး ဖြစ်နေတာ။ ပြဿနာ တစ်ခုခုရှိလာပြီ၊ ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုရှိလာပြီဆို လူတွေက အများအားဖြင့် ဖြေရှင်းချက်တွေ၊ အဖြေတွေ လိုချင်ကြတာ မဟုတ်ဘူး။ အဖြေတွေ ဖြေရှင်းချက်တွေက သူတို့မှာ သူတို့နည်း သူတို့ဟန်နဲ့ရနေ၊ ရှိနှင့်နေပြီးသား။ တကယ်တမ်း သူတို့ လိုတာ သူတို့ပြောသမျှကို ဘာမှ ဖြေရှင်းချက် ထုတ်မနေဘဲ ခေါင်းငြိမ့် နားထောင်ပေးမယ့်သူမျိုး။ သူတို့ရဲ့ မကျေချမ်းမှုတွေကို ဖောက်ချပစ်ခဲ့လို့ရပြီး အလွယ်တကူ စုပ်ယူ ထားလိုက်မယ့်သူမျိုး။ အဲဒီလို စုပ်ယူထားလိုက်လို့လည်း စုပ်ယူထားလိုက်သူမှာ ဘာမှ ဘေးဥပါဒ် မဖြစ်သွားမယ့် သူမျိုးပေါ့။ ထားလည်း အဲလိုပဲ။ ကျွန်တော့်ဘဝ အချိန်တော်တော်များများမှာ ထားပြောသမျှတွေကိုပဲ အလိုက်သင့် နားထောင်ပေးခဲ့ရတာ။ ဝေဖန်ချက်တွေ၊ ဖြေရှင်းချက်တွေ ဘာမှသိပ်ထုတ်စရာ မလိုခဲ့ဘူး။
ဆုရဲ့ ဘေးမှာက ကျွန်တော်တို့လိုပဲ ဓာတ်ပုံရိုက်ဖို့ လိမ်းခြယ်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိသေးတယ်။ အသက် ၃၀ ကျော်လောက်တော့ ရှိမယ်။ သူပြင်နေတာက pre-wedding ရိုက်ဖို့တော့ မဟုတ်လောက်ဘူး။ သူဝတ်ထားတဲ့ အဝတ်အစားပုံစံက ကျွန်တော်တို့ ဝတ်ထားသလို မဟုတ်ဘူး။ ကျွန်တော်တို့က မနက်ပိုင်း ကို မြန်မာဝတ်စုံနဲ့ ရိုက်ပြီး ညနေပိုင်းကို အနောက်တိုင်းဝတ်စုံနဲ့ ရိုက်ဖို့ လုပ်ထားတာဆိုတော့ အခု ဝတ်ထားတာတွေက တောင်ရှည်ပုဆိုးနဲ့ ထိုင်မသိမ်းတွေ။ အရမ်း စိတ်အိုက်စရာတွေပေါ့။ ခဏနေတော့ အဲဒီအမျိုးသမီး ပြင်ဆင် လိမ်းခြယ်လို့ ပြီးသွားတယ်။ ကျွန်တော့်ဘေးက ဖြတ်သွားတော့ ထိုင်းရိုးရာ ဝတ်စုံလေးတွေနဲ့ ရိုက်ချင်သေးတာ၊ ထိုင်းရိုးရာ ဝတ်စုံလေးတွေက တော်တော် လှတယ်လေလို့ ပြောလိုက်သံကိုတော့ ကြားလိုက်မိသေးတယ်။
ဆုကိုတော့ သူတို့ ဆံထုံး စထုံးနေပြီ။ ဆံထုံး ထုံးတာကတော့ သိပ်မကြာလိုက်ဘူး။ အားလုံး ပြီးစီးသွားတော့ ကျွန်တော်တို့ကို အပေါ်ထပ်က စတူဒီယိုခန်းထဲ ခေါ်သွားတယ်။ ခုနက အမျိုးသမီး ရိုက်နေတာ မပြီးသေးလို့ ခဏတော့ စောင့်လိုက်ရသေးတယ်။ ခုမှ ကြည့်မိတော့ သူရိုက်နေတာက ကုန်ပစ္စည်း ကြောငြာအတွက် ဖြစ်မယ် ထင်တယ်။ ကော်ဖီထုပ်တွေ၊ ဖျော်ရည်တွေ စတဲ့ ပစ္စည်းတွေကို ကိုင်ပြီး ရိုက်နေတာ။ ပြီးတော့ အွန်လိုင်းရှော့တွေကနေ ရောင်းချလေ့ရှိတဲ့ cosmetic ပစ္စည်းမျိုးတွေပဲ။ တွေ့ရသလောက် သူကြော်ငြာဖို့ ရိုက်နေတဲ့ ကုန်ပစ္စည်းတွေက စျေးကွက်ထဲမှာ ရှိပြီးသား၊ နာမည်ရပြီးသား ကုန်ပစ္စည်းမျိုးတွေတော့ မဟုတ်ဘူး။ ကျွန်တော့်အထင် MLM လုပ်တဲ့ အမျိုးသမီးပဲ ဖြစ်မယ်။
အဲဒီအမျိုးသမီး ရိုက်လို့ ပြီးသွားတော့ ကျွန်တော်တို့ အလှည့်ကျတယ်။ ဝန်ထမ်းကောင်လေးတွေက မီးတွေဘာတွေစမ်းတယ်။ အလင်းအမှောင် ချိန်တယ်။ ကင်မရာမန်းက နေရာကျ၊ မကျ ကြည့်တယ်။ စရိုက်မယ်ဆိုတော့ ကင်မရာမန်းက ကျွန်တော်တို့ စဉ်းစားထားတဲ့ ပို့စ်တွေ အိုက်တင်တွေ ရှိလား မေးတယ်။ မရှိဘူးဆိုတော့ သူတို့ လုပ်နေကြအတိုင်း ပို့စ်တွေ အိုက်တင်တွေကို ကျွန်တော်တို့ကို သင်ပြပေးတယ်။ စစချင်းတော့ အိုးတို့အန်းတန်း ရှက်ကို့ရှက်ကန်း ဖြစ်နေသေးပေမဲ့ ကင်မရာမန်းရဲ့ သေချာသင်ပြ ပြောဆိုမှုတွေကြောင့် အဆင်တော့ ပြေသွားတယ်။ ပေါ့ပေါ့ပါးပါး ရှိလာတယ်။ ရယ်ဖို့ ပြုံးဖို့ လိုတဲ့နေရာတွေမှာဆိုလည်း ကင်မရာမန်းက ရှေ့ကနေ ရယ်စရာလေးတွေ ပြောလိုက်တာကြောင့် ကျွန်တော်တို့ အရယ်အပြုံးတွေက သဘာဝကျကျလေး ဖြစ်သွားတယ်။ ကင်မရာမန်းက တော်တော် အဆင်ပြေတဲ့ အထဲပါတယ်။ သူ့ရဲ့အလုပ်အပ်သူ ကို ဘယ်လို ဆက်ဆံရမလဲ သိသလို သူ့အလိုကျ ဘယ်လိုလုပ်ယူရမလဲ ဆိုတာလည်း နားလည်တယ်။ ဒါ သူ့ရဲ့ ကျွမ်းကျင်မှုပဲ။ ဓာတ်ပုံသမားတစ်ယောက်အတွက် ဓာတ်ပုံကို ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်ဖို့အပြင် ဓာတ်ပုံ အရိုက်ခံမယ့်သူကို သူလိုချင်တဲ့ အနေအထားရအောင် လိုသလို စေခိုင်းတတ်မှုဟာလည်း အရေးပါတာပဲ။ ဒါလည်း ပညာတစ်မျိုးပဲ ဖြစ်မယ်။
မနက်ပိုင်း ဓာတ်ပုံရိုက်ပြီးတော့ ကျွန်တော်တို့အတွက် studio မှာပဲ နေ့လည်စာ စီစဉ်ပေးတယ်။ ဆိုင်ဝန်ထမ်းတွေ အားလုံးကတော့ ဖော်ရွေပြီး ဆက်ဆံရေးကောင်းကြတယ်။ ဆိုတော့ ကျွန်တော်တို့အနေနဲ့ မိတ်ကပ်တွေ လိမ်းခြယ်ပြီး တခမ်းတနားကြီး လုပ်ဆောင်နေရလို့ မွန်းကျပ်မှု ရှိနေတဲ့တိုင် စိတ်ကျေနပ်မှုတော့ ရတယ် ဆိုရမှာပဲ။ ဆုဆို သူ့ခေါင်းပေါ်က ဆံထုံးကြီးကြောင့် ခေါင်းတွေကို ကျိန်းစပ်နေတာပဲတဲ့။ နေ့လည်စာ စားပြီးတော့ ကျွန်တော်တို့ တည်းတဲ့ ဟိုတယ် ခဏပြန်နားကြတယ်။ ဟိုတယ်ရောက်ရောက်ချင်း ပင်ပန်း လို့ စိတ်လွတ်ကိုယ်လွတ် ကုတင်ပေါ် ပစ်လှဲပြီး အိပ်ချပစ်လိုက်ချင်ပေမဲ့ ဆုခမျာ အဲဒီလို မလုပ်နိုင်ရှာဘူး။ ညနေပိုင်း ဓာတ်ပုံရိုက်ဖို့ ကျန်သေးတော့ studio ကလိမ်းခြယ်ပေးလိုက်တဲ့ မိတ်ကပ်တွေ ပျက်သွားမှာ စိုးတာနဲ့ သူ့ခမျာ ပက်လက်ကလေးပဲ ငြိမ်ငြိမ်လေး သတိထားလှဲနေရတယ်။ ကျွန်တော်ကတော့ အေးဆေး၊ မိတ်ကပ်တွေ ပျက်သွားလည်း အသစ်ပြန်လိမ်းပေးမှာဆိုတော့ ရောက်ရောက်ချင်းပဲ မျက်နှာသစ်ပစ်လိုက်တယ်။ မိတ်ကပ်တွေကြောင့် ကျွန်တော့် မျက်နှာတစ်ခုလုံး ပူလောင်မှုကြီးကို ခံစားနေခဲ့ရတာ ခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ်။
မျက်နှာသစ်ပြီးတော့ ကျွန်တော်လည်း ဆုဘေး သွားလှဲနေလိုက်တယ်။ ဆုလည်း လှဲသာလှဲနေတာ အိပ်မပျော်သေးဘူး။ ခဏနေတော့ သူ့လက်က ကျွန်တော့်ဟာကို အပေါ်ကနေ လာဆွတယ်။ ကျွန်တော်လည်း အလိုက်တသိပဲ ဝတ်ထားတဲ့ ပုဆိုးကို ချွတ်ချပေးလိုက်တယ်။ ပြီးတော့ ဆုက ကျွန်တော့်ဟာကို အထက်အောက် အသာလေး ရွေ့လျားပေးတယ်။ သူ့ မျက်လုံးတွေကတော့ မှိတ်လျက်ပဲ။ ကျွန်တော်လည်း ခန္ဓာကိုယ်ကို သူ့ဘက်လှည့်လိုက်ပြီး ဂါဝန်ကို အပေါ် မတင်လိုက်တယ်။ ပြီးတော့ ခြေသလုံးနားလောက်ကနေ လက်ကို ဖြည်းဖြည်းချင်း သူ့ဟာဆီ တိုးလို့သွားတယ်။ သူ့ဟာလေးမှာက အရည်တွေ စိုရွှဲလို့ နေတယ်။ လက်ကို အထဲထည့်လိုက်တော့ သူ အင်းခနဲ တစ်ချက် ညဉ်းလိုက်သေးတယ်။ သူလည်း ကျွန်တော့်ဟာကိုင်ပေး ကျွန်တော်လည်း သူ့ဟာကိုင်ပေးနဲ့ အချိန်တွေ ရွေ့လျားသွားနေတယ်။ လုပ်ကြမလား ဆိုတော့လည်း ညနေရှုတင်က ရှိနေသေးတော့ အဆင်မပြေဘူး။ ဘာလို့ရယ်မသိဘူး။ အဆင်မပြေနိုင်ဘူးဆိုတဲ့ ဖိစီးမှု တစ်ခုက သူ့ဘာသာ ပေါ်ပေါက်နေတယ်။ ပြီးတော့ သူ့မှာက ပျက်လို့မရတဲ့ မိတ်ကပ်တွေနဲ့။ ဆိုတော့ ထန်လာတဲ့ စိတ်ကို မနည်း ချိုးနှိမ်ထားရတယ်။ အာရုံနောက်စရာ ကိစ္စတွေကြောင့် စိတ်ကြည်နူးစရာ ကိစ္စတွေ ကို ရွေ့ဆိုင်းပစ်ရတာ သဘာဝတော့ မကျလှဘူး။ ဘာပဲဖြစ်ဖြစ် လုပ်ပစ်လိုက်တော့မယ်လို့ တွေးလိုက်တော့လည်း မဟုတ်သေးပါဘူး ဆိုပြီး ထိန်းရပြန်သေးတယ်။ အတော်ကို ဂွကျပြီး နေရထိုင်ရ ခက်နေတယ် ။ ရွေးချယ်ရခက်တဲ့ အခြေအနေမျိုးပဲ။ လုပ်လိုက်လည်း ဘာမှတော့ ပြောပရလောက်တဲ့အထိ ဖြစ်သွားမှာ မဟုတ်ပေမဲ့ တကယ် လုပ်မယ်ဆို ပြန်တော့ကျလည်းနောက်ဆက်တွဲ ပြဿနာ အနည်းအကျင်းလေးကို ထည့်တွက်နေရသေးတယ်။ တကယ်ကို စိတ်ရှုပ်စရာ အခိုက်အတန့်ပဲ။ တွေးကြည့်ရင် တကယ်တမ်းက ဒါမျိုးတွေ တရားဝင် လုပ်ခွင့်ရဖို့ ခုလိုမျိုး pre-wedding ဆိုတာတွေ ရိုက်ဖို့ ဖြစ်လာတာပဲလေ။ ခုကျ pre-wedding ကပဲ လုပ်ဖို့ အရေးကိစ္စရဲ့ အဟန့်အတား သဘောမျိုး ဖြစ်နေတယ်။ လောကကြီးရဲ့ လည်ပတ်ပုံ လမ်းကြောင်းတွေက တစ်ခါတလေမှာ လုံးဝကို လက်ခံနိုင်စရာ မရှိသလို နားလည်လို့လည်း မရနိုင်ပြန်ဘူး။ အောက်က ကောင်ကလည်း အငြိမ်ကို မနေဘူး။ စိတ်ရှိတိုင်းကို တွန်းထိုးရုန်းကန်နေတယ်။ သူကတော့ ကျွန်တော်လုပ်ပေးသမျှကို အသာလေးပဲ ငြိမ်ခံနေတယ်။ အရည်တွေကတော့ တော်တော် စိုရွှဲလာနေပြီ။ နှစ်ချက်လောက် ဆောင့်လိုက်တာနဲ့တင် ပြီးသွားတော့မယ့်ပုံပဲ။ ခုလို လိပ်ခဲတည်းလည်းနဲ့အကျပ်အတည်း တွေ့နေရတဲ့အချိန်မှာသာ လုပ်လိုက်ရရင် အဲဒါဟာ ကျွန်တော်တို့အတွက် အဆုံးစွန် လွတ်လပ်မှုကို ယူဆောင်ပေးလာနိုင်မှာပဲလို့ နှစ်ယောက်လုံး တွက်ဆမိကြတယ်။
လုပ်ရင်ကောင်းမလား၊ မလုပ်ဘဲနေရမလား စဉ်းစားရင်း၊ အာရုံထွေပြားရင်း၊ သူကိုင်ပေးနေတာကို ဇိမ်ယူနေရင်းနဲ့ပဲ ကျွန်တော် အိပ်ပျော်သွားတယ်။ သူလည်း ကျွန်တော့်လိုပဲ အိပ်ပျော်သွားတယ် ထင်တယ်။ နိုးလာတော့ သုံးနာရီခွဲနေပြီ။ စတူဒီယိုကို အရောက် ပြန်လာဖို့ ချိန်းထားတာထက် နည်းနည်းတော့ နောက်ကျနေပြီ။ ဒီတော့ သူ့ကို နိုးပြီး စတူဒီယိုဆီ အမြန်ပြေးလိုက်ရတယ်။ အစောပိုင်းက လုပ်ဖို့ ကြံရွယ်နေတဲ့ ကိစ္စတွေ ခဏတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။ စတူဒီယိုရောက်တော့ နည်းနည်းပါးပါး လိုအပ်တာလေးတွေ ပြုပြင်ပေးပြီးတော့ ဦးပိန်ဘက်ကို outdoor သွားရိုက်ကြတယ်။ အခုတစ်ခေါက်က အနောက်တိုင်း ဝတ်စုံနဲ့။ အဖြူရောင် သတို့သမီးဝတ်စုံနဲ့ ဆုကတော့ လှချင်တိုင်းလှနေတယ်။
ဦးပိန်ရောက်တော့ တံတားပေါ်မှာ အရင် မရိုက်သေးဘဲ ရေကျနေတဲ့ အချိန်ဆိုတော့ တံတားအောက် ကမ်းစပ်မှာ အရင်ရိုက်ကြတယ်။ အယ် ဟိုမှာ pre-wedding ရိုက်နေကြတာဆိုပြီး တံတားပေါ်ကနေ ကျွန်တော်တို့ဘက်ကို လက်ညှိုးထိုးပြီး ပြောနေသံတွေ သဲ့သဲ့ ကြားရတယ်။ အရင်ကတော့ အဲဒီလိုပြောကြသူတွေ နေရာမှာ ကျွန်တော် ရှိနေခဲ့ဖူးတယ်။ ဦးပိန် ရောက်တိုင်း ခုလို pre-wedding လာရိုက်ကြတဲ့ အတွဲတွေကို သုံးလေးငါးခါ ထက်မနည်း ကြုံခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ အဲဒီ ဂါဝန်ကြီးတကားကားနဲ့ ဟန်အမူအရာအမျိုးမျိုး လုပ်နေရတဲ့ သတို့သမီးရဲ့ ဘေးမှာ ရပ်နေရသူ နေရာကို ကျွန်တော် ရောက်လာရလိမ့်မယ်လို့ တစ်ခါမှ တွေးထင်ခဲ့ဖူးခြင်း မရှိတာ အမှန်ပဲ။ ဒါမဲ့ အဲဒီအချိန်တွေတုန်းက ကျွန်တော် ဆုနဲ့မတွေ့သေးဘူး။ ဒီတော့ pre-wedding ရိုက်နေကြတာကို ရုတ်တရက် တွေ့မြင်လိုက်ရတဲ့ အတွဲတစ်တွဲရဲ့ ခံစားချက်မျိုးက ဘယ်လို ရှိမယ်ဆိုတာ ကျွန်တော် မခန့်မှန်းတတ်ဘူး။ အားကျစိတ်တွေ ရှိနေမလား၊ တစ်နေ့မှာ သူတို့လည်း ဒီလိုရိုက်မယ်လို့ စိတ်ကူးမျိုးတွေ ရှိနေမလား ဒါမှမဟုတ် အလကား စောက်ပိုတွေ လုပ်နေတာလို့ ထင်ကြမလား၊ အမျိုးမျိုးရှိကြမှာပဲ။ ပြန်တွေးကြည့်ရရင် ကျွန်တော် တွေ့မြင်ခဲ့စဉ်တုန်းကတော့ ဘာခံစားမှုမှ ရှိမနေခဲ့ဘူး ။ ဒီတိုင်း ဗလာပဲ။ ဟိုမှာ pre-wedding ရိုက်နေကြတယ်၊ ဒီလောက်ပဲ။ Pre-wedding ဆိုတာတွေက အရေးပါတယ်လည်း မဟုတ်သလို အရေးမပါဘူးလည်း အတပ်ပြောမရတဲ့ အနေအထားတစ်ရပ်မှာ ရှိနေတယ် ဆိုရမယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရပေါ့လေ။ အမှတ်တရတွေကို အခြားနည်းအမျိုးမျိုးနဲ့ လုပ်ယူလို့ ရတယ် ဆိုပေမဲ့လို့ အများစုကတော့ ဒီလိုပဲ လုပ်လိုက်ကြတာပဲ။ကျွန်တော်တို့လည်း အဲဒီအများစုထဲ အပါအဝင်ပေါ့။
ညနေ နေတော်တော်စောင်းတော့ တံတားပေါ်မှာ လူနည်းနည်း ရှင်းသွားတာနဲ့ ဦးပိန်တံတားပေါ် တက်ရိုက် ကြတယ်။ ကလေးမလေးတစ်ယောက်က ကျွန်တော်တို့အနားက ဖြတ်မသွားခင် သတို့သမီးလေးက လှလိုက်တာဆိုပြီး သူ့ဖုန်းနဲ့ ဓာတ်ပုံရိုက်သွားသေးတယ်။ ဆုကတော့ သူ့ကို ကင်မရာမန်းကရော၊ ဆိုင်ဝန်ထမ်း တွေကရော၊ အနားက ဖြတ်သွားဖြတ်လာ လူတွေကပါ လှတယ် ပြောကြတော့ ကျေနပ်နေတယ်။ ည ၇ နာရီ ခွဲလောက်မှ ကျွန်တော်တို့ ဟိုတယ်ကို ပြန်ရောက်တယ်။ နှစ်ယောက်လုံးလည်း တော်တော်ကို ပင်ပန်းနေကြပြီ။ ဒီတော့ လန်းလန်းဆန်းဆန်း ဖြစ်သွားအောင် ရေအမြန်ချိုးလိုက်တယ်။ ပြီးတော့ ဆု ရေချိုးနေတုန်း အပြင်ထွက်ပြီး ဘီယာနဲ့ စားစရာ နည်းနည်းသွားဝယ်တယ်။
ကျွန်တော်တို့ နှစ်ယောက် ဘီယာအနည်းငယ် သောက်ပြီးတော့ နေ့လယ်က မပြီးပြတ်ခဲ့တဲ့ကိစ္စကို လုပ်ဖို့ ပြင် ကြတယ်။ တစ်နေ့ခင်းလုံး အောင့်အည်းထားခဲ့ရတဲ့ ကိစ္စပေါ့လေ။ pre-wedding ရိုက်တယ်၊ မင်္ဂလာဆောင် တယ်ဆိုတာတွေက ဒီလို ကိစ္စမျိုးအတွက် ဦးတည်လမ်းကြောင်း ပေးနေတဲ့အရာတွေပဲ မဟုတ်လား။ လမ်းကို ဖြောင့်ဖြူးအောင်၊ ရှင်းလင်းအောင် ခင်းကျင်းသန့်စင်ပေးတဲ့ အရာတွေပေါ့။ အရေးကြီးတာက လုပ်ဖို့ ကိစ္စ။ ဒီမတိုင်ခင် ရှေ့က လုပ်ခဲ့တာတွေက အများအမြင်မှာ ခေတ်ကြီးက တိုးတက်လာသယောင် ထင်ရအောင်လို့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတွေ တံဆိပ်ကပ်ပြီး အများရှေ့မှာ for show သဘောမျိုး လုပ်ဆောင်ကြရတာတွေ။ ကုတင်ပေါ်ရောက်သွားတော့လည်း ယဉ်ကျေးမှုတွေ အကုန်ကွာကျလို့ ကျောက်ခေတ် ပြန်ရောက်သွားတာပါပဲ။ ကျောက်ခေတ်ထက် စောချင်လည်း စောဦးမယ်။ Paulo Coelho ပြောတဲ့ ကမ္ဘာကြီးက ၁၁ မိနစ်စာ လိင်ကိစ္စ တစ်ခုတည်းအတွက် နေကို ဗဟိုပြု လည်ပတ်နေတာလို့ အပြစ်ဆိုချင်လည်းဆိုပေါ့လေ။ ဒါပေမဲ့ အခုတစ်ခေါက်ကတော့ ဘီယာသောက်ထားတဲ့ အရှိန်ရယ်၊ လုပ်လိုက် သောက်လိုက် နားလိုက်လုပ်နေတာ တွေရယ်ကြောင့် ၁၁ မိနစ်တော့ မကခဲ့ဘူး။
ကျွန်တော်တို့ ကိစ္စဝိစ္စတွေ ပြီးသွားတော့ မောမောပန်းပန်းနဲ့ ခဏလှဲနေမိတယ်။ အဲဒီအချိန်မှာပဲ ဆုက ကျွန် တော့် ပေါင်ခြံကို လာစမ်းတယ်။ ဆုမှာ အကျင့်တစ်ခုရှိတယ်။ ဆုမှာ ဆိုတာထက် ကျွန်တော့်မှာ ရှိနေတဲ့ အကျင့်မျိုးလို့ ပြောရင် ပိုမှန်မယ်။ ဆုက ကျွန်တော့်ကို အကျင့်လုပ်ပေးရင်း ကျွန်တော့်အကျင့် ဖြစ်သွားတာမျိုးပေါ့။ ဘာလဲဆိုတော့ ခုလို လုပ်ပြီးကိုင်ပြီးတာနဲ့ အပူထုတ်ခံချင်တဲ့အကျင့်ပဲ။ ပေါင်ခြံနှစ်ဖက်မှာက အပူကျိတ်တစ်ခုစီရှိတယ်။ ဆုနဲ့ မကြာမကြာ အတူနေဖြစ်စဉ်ကတည်းက ဆုက မကြာခဏဆိုသလို လုပ်ပြီးသွားတာနဲ့ ကျွန်တော့်ကို အပူထုတ် ထုတ်ပေးတယ်။ အဲဒီနားမှာ အပူကျိတ်ရှိတာ ဆေးကျောင်းတက်ခဲ့တဲ့ ကျွန်တော်တောင် မသိခဲ့ဘူး။ ဆုကတော့ ဘယ်က ဘယ်လိုသိတယ် မသိဘူး။ တစ်ရက်မှာ အပူထုတ်ပေးမယ် ဆိုပြီး သူ အပူထုတ်ပေးတာ ခံလိုက်ရကတည်းက ကျွန်တော့်မှာ အတူနေပြီးသွားတိုင်း အပူထုတ်ခံချင်နေတော့တာ။ ကြာတော့လည်း အစွဲအလမ်းတစ်ခုလိုတောင် ဖြစ်လာတယ်။ ခုလည်း ဆုက ကျွန်တော့်အလိုကို သိတာမို့ အလိုက်တသိနဲ့ အပူတန်း ထုတ်ပေးဖို့ လုပ်တာပဲ။ ပေါင်ခြံက အကျိတ်နေရာလေးကို သူ့လက်ကလေးနဲ့ တစ်မိနစ်လောက် ဖိထားရာကနေ အသာလေး လွှတ်လိုက်တော့ အပူငွေ့တွေဟာ တရှိန်းရှိန်းနဲ့ ထွက်လာနေတယ်။ မျက်နှာကြက် ကိုတောင် သွားထိနေဦးမလားပဲ။ အဲဒါလေးကို မျက်လုံးမှိတ် ရင်း ငြိမ့်ငြိမ့်လေး ခံစားနေလိုက်တယ်။ ဒီနေ့တစ်နေ့လုံး အဲဒီအခိုက်အတန့်လေးက အသာအယာဆုံးပဲ။ ။
တစ်ခါတစ်ရံ ပုဂ္ဂလဆန်သော အတွေ့အကြုံတစ်ခုကို ဖောက်သည်ချနေသော ဇာတ်လမ်းသွားတစ်ပုဒ်တွင် ပုဂ္ဂလ မဆန်တော့သည့် အစိတ်အပိုင်းများကို ပြန်လည် ကြုံတွေ့ရတတ်သည်။ စာဖတ်သူဘက်ခြမ်းက လှမ်းမြင်ရသော တောင်တန်းတွေပေါ်က မြူတွေကြားမှ တောစောင့် နတ်နန်း၏ ဖယောင်းမီးလို ခံစားချက်မျိုး ဖြစ်သည်။ ဒါဟာ ဂန္ဓဝင် သူရဲကောင်းတွေက နှာခေါင်းရှုံ့ အထင်သေးခဲ့ကြသည့် သာမညောင်ည နိစ္စဓူ၀ ဘ၀၏ ရေလိုက်ငါးလိုက် တုပ်ကြိုးကို မိမိတို့၏ လည်မျိုမှာ ပြန်လည် အာရုံခံမိလာခြင်း ဖြစ်သည်။ ငြီးငွေ့စရာကောင်းသော အပ်ကြောင်းထပ် ထုံးတမ်း အလေ့အကျင့်တွေကို မိမိတို့ ကိုယ်ပိုင်အဖြစ် အသိအမှတ်ပြု စာချုပ်ချုပ် နေထိုင်ရသော အသင်းအဖွဲ့ သားကောင်၏ ဝေဒနာတစ်ရပ်လည်း ဖြစ်သည်။ တစ်ချိန်က ဘ၀နှင့် ရင်း၍ လောင်းကြေးထပ်ခဲ့ကြသော ဘိုးဘေးဘီဘင်တို့၏ ခေတ်ပြိုင်မျိုးဆက်တွေသည် ယနေ့ခေတ်တွင် အချုပ်အနှောင်မဲ့ စျေးကွက် အာခံတွင်းထဲနေ၍ ၎င်း၏ သွားစွယ်များကို ထက်မြနေအောင် သူတို့ ကိုယ်တိုင် သူတို့၏ဘ၀ဖြင့် သွေးပေးနေကြသည်။
ထိုင်ထိုင်ချင်းပဲ မျက်ခုံးမွှေး နည်းနည်း ရိတ်မယ်နော် ဆိုပြီး ဘလိတ်ဓား အသေးလေးနဲ့ ကျွန်တော့် မျက်ခုံးမွှေးတွေကို အနေတော်လေး ဖြစ်သွားအောင် ရိတ်ချလိုက်တယ်။ အရင်ကတော့ တစ်ခါမှ မျက်ခုံးမွှေး ရိတ်ခဲ့ဖူးတာ မရှိဘူး။ နောက်ပြီး ကျွန်တော်က အဲဒီလောက်ကြီး မျက်ခုံးမွှေးသန်တဲ့သူလည်း မဟုတ်သလို ကျွန်တော့်မျက်ခုံးမွှေးက ရိတ်ပြီး ပြုပြင်ရလောက်တဲ့အထိ ကြည့်ရဆိုးတဲ့ အထဲ မပါဘူးလို့ ထင်တာပဲ။ ဒါပေမဲ့ အလှပြုပြင်သူ၊ သူတို့မျက်လုံးထဲတော့ မျက်ခုံးမွှေးကို နည်းနည်းဖြစ်ဖြစ် ရိတ်လိုက်မှ အဆင်ပြေမယ် ယူဆလို့ ရိတ်လိုက်တယ်နဲ့ တူတာပဲ။ ဒါမှမဟုတ် သူတို့ရဲ့ လုပ်ဆောင်ပုံ အဆင့်ဆင့်ထဲမှာက ပထမဆုံးအနေနဲ့ မျက်ခုံးမွှေးရိတ်မယ်၊ ပြီးရင် ဆံပင် ပြုပြင်မယ်၊ ပြီးရင် ဘာလုပ်မယ်၊ ညာလုပ်မယ် စသဖြင့် တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားဖို့ ရည်ရွယ်ထားပုံရတယ်။ ရည်ရွယ်ထားတာ မဟုတ်တောင် အဲဒီလို သင်ကြားခံခဲ့ရတာမျိုး ဖြစ်မယ်။ တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျလုပ်ဖို့ပေါ့။
ဆိုတော့ မျက်ခုံးမွှေး ရိတ်ပြီးတာနဲ့ ကျွန်တော့် ဆံပင်ကို ပြုပြင်ဖို့ လုပ်တယ်။ ဆံပင်ကိုတော့ ညှပ်ဦးမယ် မပြောလို့ တော်သေးတယ် ပြောရမယ်။ ဂျယ်တွေ ဘာတွေ လိမ်းတယ်။ စပရေးတွေ ဖြန်းတယ်။ စက်တစ်မျိုး (ဖြောင့်စက်ဖြစ်မယ်) နဲ့ကျွန်တော့်ဆံပင်တွေကို ဖြောင့်တယ်။ အစောကလည်း အဲဒီစက်မျိုးနဲ့ပဲ ဆုရဲ့ ဆံပင်တွေကို လိပ်ပြီး ကောက်ချလိုက်တာ မြင်လိုက်ရသေးတယ်။ (အဲဒါကတော့ ကောက်စက်လား မပြောတတ်) ငယ်ငယ်ကတည်းက ဆံပင်ကို အချိန်ပေးပြီး ဖြီးလိမ်းတတ်တဲ့ အကျင့်မရှိခဲ့တာမို့ ဂျယ်လိမ်းတာ၊ စပရေးဖြန်းတာတွေက ကျွန်တော်နဲ့ တော်တော်စိမ်းတယ် ပြောလို့ရတယ်။ ရေချိုးပြီးတာနဲ့ အုန်းဆီကို လက်နဲ့သုတ်လို့ ပြီးပြီးရော လိမ်းချလိုက်တာပဲ။ ပြီးတော့ ဆံပင်ညှပ်ဖို့ ပြောရတာလည်း ခဏခဏ။ ကျွန်တော့်အနေနဲ့က ဆံပင်အရှည်ထားဖို့အားသန်တာထက် ဆံပင်ညှပ်ဆိုင် ဆံပင်သွားညှပ်ရတာကို ပျင်းတာက ပိုတယ်။ ဆိုတော့ ကျွန်တော့် ဆံပင်တွေက ပုံမကျပန်းမကျ ရှည်နေလေ့ရှိတယ်။
ခဏနေတော့ မျက်နှာပေါ်ကို မိတ်ကပ်အရည်လိုမျိုး အညိုရောင် အရည်ပျစ်ပျစ်တွေ လိမ်းပေးတယ်။ အခြား ကျွန်တော် မသိတဲ့ ခရင်မ် တွေ လိမ်းတယ်။ အနံ့တွေကတော့ တော်တော်ဆိုးဆိုးဝါးဝါးပဲ။ အဲဒီအနံ့မျိုး ကျွန်တော့် ဘဝမှာ ပထမဆုံး ရဖူးခြင်းပဲ။ မိတ်ကပ်လိမ်းတယ် ဆိုတာမျိုးကလည်း ကျွန်တော့်အတွက် အခုတစ်ခါက ဒုတိယမြောက်ပဲ။ ပထမတစ်ခါက ကျွန်တော်ငယ်ငယ် မောင်ရှင်လောင်းဝတ်တုန်းကပဲ။ မောင်ရှင်လောင်းလည်း အဲဒီတစ်ခါပဲ ဝတ်ဖူးလိုက်တယ်။ pre-wedding ရိုက်ဖို့ကိုတောင် ခုလောက်ထိ လုပ်နေရရင် မင်္ဂလာဆောင်ဆို ပိုဆိုးတော့မှာတွေးမိပြီး ကျွန်တော့်စိတ်တွေ တော်တော် မွန်းကျပ်သွားတယ်။ မင်္ဂလာဆောင်ကျရင်လည်း မိတ်ကပ်က အနည်းအကျင်းတော့ လိမ်းရဦးမှာပဲဆိုတော့ ရိုးရိုးသာမန် ဗမာအမျိုးသားတစ်ယောက်ရဲ့ဘဝမှာအနည်းဆုံး ၃ ခါတော့ မိတ်ကပ်လိမ်းဖူးကြမှာပဲလို့ တွေးမိတယ်။
မင်္ဂလာဆောင်ဖို့လုပ်ရတဲ့ ကိစ္စဝိစ္စတွေကလည်း မနည်းမနောပဲ။ အသေးအမွှားလေးတွေကို တစ်ခုချင်းစီ စီစဉ်ပြီး လုပ်ရတာ။ တစ်နေ့ကပဲ မင်္ဂလာဆောင်မှာ ဝတ်ဖို့ အဝတ်အစားတွေ သွားဝယ်လိုက်ရသေးတယ်။ အရောင်တွေရွေး ဘာတွေရွေးဆိုတော့ အမရပူရဘက်က ပိုးထည်တိုက်တွေဆီ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် နဲ့ စိတ်ကြိုက်တွေ့တဲ့အထိ ခြေတိုအောင် သွားလိုက်ရတယ်။ စိတ်ကြိုက်တွေ့တဲ့အထိ ဆိုရာမှာ အဝတ်အစားဝတ်မယ့် ကျွန်တော်နဲ့ ကျွန်တော့်ဇနီးလောင်း၊ ဆုက အဲလောက် မဟုတ်ဘူး။ အဓိကက ထားနဲ့ ကျွန်တော့်ညီမ။ သူတို့ကပဲ ဦးဆောင်ပြီး ပိတ်စတွေကြည့် အဆင်တွေကြည့် ကျွန်တော်တို့နဲ့ လိုက်မလိုက် အဆင်ပြေမပြေ ရွေးချယ်ဆုံးဖြတ်ပေးကြတာ။ ကျွန်တော်တို့က ခေါင်းငြိမ့်ခေါင်းခါပြီး အင်းအဲလုပ်ရုံ လောက်ပဲ။ အဲမို့ ထားက ဆုကို နင့်ကြည့်ရတာလည်း ကျွန်တော့်ကို ရရင်ပြီးရော၊ ကျန်တာဘာမှမလိုဘူး ဆိုတဲ့သဘောမျိုးအတိုင်းပဲလို့ ပြောပြောနေတာဖြစ်မယ်။
ထားကတော့ အဲလိုပဲ။ တစ်ခုခုဆို တည့်ထိုးပဲ ပြောချလိုက်တာ။ ထားနဲ့ ကျွန်တော်နဲ့က ဟိုးငယ်ငယ်လေး ကတည်းက ပေါင်းလာတာ။ ခုကလည်း ကျွန်တော့်အတွက် မင်္ဂလာလက်ဖွဲ့အနေနဲ့ မင်္ဂလာဆောင်မှာ ဝတ်မယ့်ပုဆိုး လိုက်ဝယ်ပေးရင်းနဲ့ သူ့မင်္ဂလာဆောင်အတွက်ပါ အထည်လိုက်ကြည့်ဖို့ လိုက်လာတာ။ ထားနဲ့ ကျွန်တော်တို့ မင်္ဂလာဆောင်တွေကလည်း ရှေ့ဆင့်နောက်ဆင့်ပဲ။ ဒီတော့ ကျွန်တော်တောင် တွေးကြည့်မိနေသေးတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အတူသွား အတူစားပြီး ပေါင်းလာကြတာ ပြောခဲ့တဲ့စကား တွေဆိုလည်း မနည်းမနော။ အဲဒီပြောရတဲ့ စကားတွေက အရွယ်ရလာလေ ပြောစရာ အကြောင်းအရာတွေ ပြောင်းလဲလာလေပဲ။ အခုဆိုကြည့်လေ၊ ကျွန်တော်တို့ဘဝမယ် တစ်ခါမှ တွေးမကြည့်ခဲ့ဘူးတဲ့ မင်္ဂလာဆောင်ကိစ္စတွေကို ကိုယ်တိုင်ကိုယ်ကျလုပ်လို့ ခုတလော ပြောလိုက်တဲ့ အကြောင်းအရာ မှန်သမျှကလည်း မင်္ဂလာဆောင်ဖို့ အရေးကိစ္စတွေချည်းပဲ။ ငယ်ငယ်တုန်းကတော့ ကစားမယ်၊ စားမယ်၊ စာကျက်မယ် စတဲ့ အကြောင်းတွေပဲ အများအားဖြင့် ပြောခဲ့ကြတာ။ မြီးကောင်ပေါက် အရွယ်ရောက်တော့ အတန်းထဲက ထားကို ကြိုက်တဲ့ကောင်တွေရဲ့ ရည်းစားစာတွေ ကျွန်တော်က ဒိုင်ခံပေးပေးပြီး၊ ပြီးရင် အတူဖတ်လို့ အဲဒီအကြောင်းတွေပြန်ပြောရင်းရယ်ကြ။ ထားမွေးနေ့တွေဆို ထားတို့အိမ်မှာပဲ မွေးနေ့လုပ် သူ့မိန်းကလေးသူငယ်ချင်းတွေ အများကြီးအကြား ယောကျာ်းလေးဆိုလို့ ကျွန်တော် တစ်ယောက်တည်း။ ပြီးရင် ထားအမေနဲ့ ကျွန်တော့်အမေတို့နဲ့အတူတူ ထွန်းအိန္ဒြာဗိုလ် သီချင်းတွေ ဆိုကြ။ ဆယ်တန်းအောင်လို့ ဆေးကျောင်းအတူ တက်ကြတော့လည်း သူ့လာကြူတဲ့ကောင်တွေကို သူဘယ်လို နှပ်ချလိုက်တာတွေ၊ မိန်းကလေးအချင်းချင်း ဂျေဝင်ကြတာတွေ အကုန် ပြောပြတယ်။ ထားအတွက် ကျွန်တော်က တိုးတိုးတိုင်ပင်ဖော်ပဲ။ ဒါမှမဟုတ် ကျွန်တော်က လူတော်တော်များများအတွက် လက်ခံကောင် သဘောမျိုး ဖြစ်နေတာ။ ပြဿနာ တစ်ခုခုရှိလာပြီ၊ ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုရှိလာပြီဆို လူတွေက အများအားဖြင့် ဖြေရှင်းချက်တွေ၊ အဖြေတွေ လိုချင်ကြတာ မဟုတ်ဘူး။ အဖြေတွေ ဖြေရှင်းချက်တွေက သူတို့မှာ သူတို့နည်း သူတို့ဟန်နဲ့ရနေ၊ ရှိနှင့်နေပြီးသား။ တကယ်တမ်း သူတို့ လိုတာ သူတို့ပြောသမျှကို ဘာမှ ဖြေရှင်းချက် ထုတ်မနေဘဲ ခေါင်းငြိမ့် နားထောင်ပေးမယ့်သူမျိုး။ သူတို့ရဲ့ မကျေချမ်းမှုတွေကို ဖောက်ချပစ်ခဲ့လို့ရပြီး အလွယ်တကူ စုပ်ယူ ထားလိုက်မယ့်သူမျိုး။ အဲဒီလို စုပ်ယူထားလိုက်လို့လည်း စုပ်ယူထားလိုက်သူမှာ ဘာမှ ဘေးဥပါဒ် မဖြစ်သွားမယ့် သူမျိုးပေါ့။ ထားလည်း အဲလိုပဲ။ ကျွန်တော့်ဘဝ အချိန်တော်တော်များများမှာ ထားပြောသမျှတွေကိုပဲ အလိုက်သင့် နားထောင်ပေးခဲ့ရတာ။ ဝေဖန်ချက်တွေ၊ ဖြေရှင်းချက်တွေ ဘာမှသိပ်ထုတ်စရာ မလိုခဲ့ဘူး။
ဆိုတော့ ကျွန်တော်ထားကို ချစ်ခဲ့လားလို့ အမေးရှိလာရင် မချစ်ခဲ့ဘူးလို့ တုံးတိတိ ဖြေရမှာပဲ။ ငယ်စဉ်က ကျွန်တော် ခံစားခဲ့ရတဲ့အရာတစ်ခုက အချစ်မဟုတ်ဘူးဆိုတာကို အသက်ကြီးလာလေ ပိုသဘောပေါက်လာလေပဲ။ အဲဒါက အချစ်မဟုတ်ဘူး။ သံယောဇဉ်ပဲ။ အဲဒီ သံယောဇဉ်က အချစ်ဆိုတာထက် ပိုချင်လည်း ပိုမယ်။ အခုဆို ကျွန်တော် ထားကို မချစ်ခဲ့ဘူးဆိုတာ ပိုလို့တောင် သေချာနေပြီ။ ထားလည်း ကျွန် တော့်လိုပဲ ဖြစ်မှာပဲ။
“နင်တို့ မင်္ဂလာနတ်တင်ကြရသေးလား” တဲ့။
အဲဒီတုန်းက အပြန်လမ်းမှာ ထားကမေးသေးတယ်။ “မပြောတတ်ဘူး၊ ငါတော့၊ ဆုအိမ်ကတော့ တင်ရမယ် ပြောတာပဲ။ အဲဒါတွေ ငါလည်း သိပ်နားမလည်ဘူး” လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။

“အေး၊ ငါ့မင်္ဂလာဆောင်ကတော့ အကုန်အိတ်စိုက်လုပ်ရမယ့်သဘောပဲ။ စိုက်ထားလိုက်ပါတဲ့၊ ပြီးရင် ပြန်ပေးမယ်တဲ့ အဲလိုလာတာ။ စေ့စပ်ပွဲတောင် အကြွေး လုပ်သွားသေးတာ။ အောက်ကြေး စေ့စပ်သွားတာလို့ ပြောလို့ ငါ့လူတော့ ဒေါသပုန်ထနေလေရဲ့။ ထလည်း ထထပဲ။ မတတ်နိုင်ဘူး။ နင်လည်း သိတဲ့အတိုင်း ငါ အစာမကြေတာ တစ်ခုခုရှိလို့ကတော့ အဲဒီကိစ္စကို တသက်လုံး ပြောလို့ပြီးမှာ မဟုတ်တော့ဘူး။ အကြောင်းပေါ်တိုင်း ပြောနေမှာ။ ကြည့်ကြသေးတာပေါ့။ ငါ့ကို ဘာထင်နေလဲ မသိဘူး။ လာစမ်းနေတာ။ ငါဖြင့် စိတ်ကို အတော်ကုန်နေပြီ။ မဆောင်လို့ရရင် မဆောင်ဘဲတောင် နေလိုက်ချင်တယ်။”
ဟုတ်တယ်။ ထားတို့ မင်္ဂလာဆောင်ဖို့အရေးက သတို့သားဘက်နဲ့ နည်းနည်း အဖုအထစ်လေးတွေ ရှိနေတယ်။ စေ့စပ်ပွဲတောင် သူတို့သားမိဘတွေက မလာတော့ဘူးဆိုပြီး ဖြစ်လိုက်သေးတယ်။ အဲဒီတုန်းကလည်း ထား ကျွန်တော့်ကို ညကြီးမိုးချုပ် ဖုန်းဆက်ပြီး အဲဒီအကြောင်းတွေ ပြောပြနေတာ အကြာကြီး။ ကျွန်တော်ကတော့ ထုံးစံအတိုင်း သူပြောသမျှကို အင်းအဲလုပ်ပြီး နားထောင်ပေးလိုက်တာပဲ။ ပြီးတော့လည်း အဆင်ပြေသွားတယ် ထင်ပါရဲ့။ သတို့သား၊ သတို့သမီး နှစ်ဖက်မိဘတွေ အနေနဲ့ကလည်း ဂုဏ်ရည်ချင်း အဆင့်အတန်းချင်းက တန်းတူတွေပါပဲ။ သူသာတယ် ကိုယ်နာတယ် ဘာမှ သိပ်ပြောစရာ မလိုအောင် ပြည့်စုံနေကြပြီးသား။ အဲဒီလို အခြေအနေမျိုးတွေမှာ ဘာတွေဘယ်လို အဆင်မပြေ ဖြစ်နေကြတာလဲတော့ မသိဘူး။ ထား ပြောစကားတွေကို တွက်ဆကြည့် ရသလောက်တော့ တင်ရန်သရန် ကိစ္စတွေနဲ့ ပတ်သတ်တယ် ထင်တာပဲ။ ကျွန်တော့် မင်္ဂလာဆောင်ဆို အိမ်က နည်းနည်း အကျပ်အတည်းလေး ဖြစ်နေတဲ့ ကာလနဲ့ ကြုံနေတော့ လုပ်ရကိုင်ရတာလေးတွေ အခက်အခဲ ဖြစ်ခဲ့သေးတယ်။ အဲဒီတုန်းကတောင် တွေးမိသေးတယ်။ ထားတို့လို ပိုက်ဆံရှိတဲ့သူတွေဆို ဘာမှအဆင်မပြေ ဖြစ်နေစရာရှိမှာ မဟုတ်ဘူးဆိုပြီး။ သတို့သားဘက်ကလည်း သတို့သမီးဘက်က တောင်းဆိုသမျှ အကုန် လိုက်လျောပေးမှာပဲပေါ့။ ရွှေရွှေချင်း ထပ်မြတ်တယ် ပေါ့။ ဒါမဲ့ တကယ်ကြုံလာတော့ အဲဒီလို မဟုတ်ဘူး။ အဲဒီ အဆင်မပြေတဲ့အကြောင်းတွေ ကျွန်တော့်ကို ထား ပြောပြောချင်းတုန်းကဆို အတော့်ကိုအံ့ဩခဲ့ရသေးတယ်။ မျှော်လင့်မထားတဲ့ ကိစ္စမျိုးကိုး။ ဆိုတော့ လည်း အဲဒီမှာ ကျွန်တော် တစ်ခု သိလိုက်တယ်။အဖုအထစ်တွေ၊ အဆင်မပြေတဲ့ကိစ္စတွေ ဆိုတာ ဘယ်လို အခြေအနေမျိုးမှာမဆို ရှိလာနိုင်တာပဲလို့။
ကျွန်တော့်ကို သူတို့စိတ်တိုင်းကျ ပြုပြင်လို့ ပြီးတဲ့အထိ ဆုကို လိမ်းချယ်နေတာ မပြီးသေးဘူး။ ဆံထုံးတောင် မထုံးရသေးဘူး။ ဒါကတော့ လက်ခံပေးရမှာပဲ။ pre-wedding တွေ၊ မင်္ဂလာဆောင်တွေမှာက သတို့သမီးက ပိုအရေးကြီးတာပဲ။ သတို့သား ဘာဝတ်တယ်ဆိုတာထက် သတို့သမီး ဘယ်လို ဝတ်ထားတယ် ဆိုတာမျိုးကိုပဲ အလေးပေး ပြောကြတာ။ မင်္ဂလာဆောင်တွေမှ မဟုတ်ပါဘူး။ အခြား ပွဲတက်ဘာတက် ဆိုတာတွေမှာလည်း မိန်းကလေးက ပိုအရေးကြီးတာပဲ။ သတို့သမီးက ပိုပေါ်လွင်နေပြီး အလှဆုံး ဖြစ်နေမှ သတို့သား မျက်နှာပွင့်မှာပဲလေ။ ဒါမျိုး ယူဆကြတယ်ထင်တယ်။ ဆိုတော့ သတို့သမီးအလှဆုံး ဖြစ်နေဖို့အတွက်ဆို ခုလိုမျိုး ပြင်ဆင်ချိန်က သတို့သားထက် ပိုကြာနေတတ်တာကို လက်သင့်ခံပေးရမှာပဲ။ ဒီတော့ ကျွန်တော်လည်း စာဖတ်ရင်း ထိုင်စောင့်နေလိုက်တယ်။ ခုတလောမှ ထွက်ထားတဲ့ မိုးဆတ် ဘာသာပြန်ထားတဲ့ ဘိုလာနိုဝတ္ထုတိုများ စာအုပ်။ ဘိုလာနိုကို ကြိုက်လို့မို့ ခုစာအုပ်ထဲပါတဲ့ ဝတ္ထုတော်တော်များကတော့ စပိန်ကနေ အင်္ဂလိပ်ဘာသာပြန်ကို ဖတ်ဖူးပြီးသားတွေ။ ဒါမဲ့ အခုလို မိခင်ဘာသာစကားနဲ့ ဖတ်ရတော့ အရသာကတစ်မျိုး ရနေပြန်တယ်။ ဘာသာစကားရဲ့အလှဆိုတာ ဒီလိုပုံစံမျိုးပဲ ဖြစ်မယ်။ ကျွန်တော့် အနေနဲ့ ခုနောက်ပိုင်း ကိုယ့်ကိုကိုယ် စာဖတ်နှုန်းကျလာတယ်လို့ တွေးမိတာနဲ့ အပြင်သွားရင် ဖုန်းကို keypad ပဲ ယူသွားပြီး စာအုပ်တစ်အုပ် ထည့်သွားတတ်တဲ့ အကျင့်လုပ်ထားတာ နှစ်လလောက်တော့ ရှိပြီ။ စမတ်ဖုန်း ယူသွားရင် ဘယ်နေရာရာ ရောက်ရောက် ဘာရယ်ညာရယ်မဟုတ် ဖုန်းပဲပွတ်မိနေတော့တာ။ တစ်ဆိုင်ဆိုင် ထိုင်လိုက်မိပြီ ဆိုတာနဲ့ ဘောင်းဘီထဲက ဖုန်းကို ထုတ်ပြီး ပွတ်မိတော့တာပဲ။ ဒီလို အခြေအနေမျိုးကြီးတွေကို မကြိုက်ပေမဲ့ မလွန်ဆန်နိုင်ဘူးဖြစ်နေတယ်။ ဆိုတော့ ခုလို keypad ပဲယူသွားတော့ တစ်ခုခု စောင့်ဆိုင်းနေရမယ့် ကိစ္စမျိုးကြုံရင် စာထိုင်ဖတ်နေရုံ ရှိတော့တာပဲ။ တခြားလည်း လုပ်စရာမရှိတော့ဘူး ။ စိတ်ကို ကျင့်ယူဖို့ အချုပ်အနှောင်တွေနဲ့ အကန့်အသတ် လုပ်ပေးလိုက်ရတာဆိုတော့ သိပ်တော့ မနိပ်လှဘူးပေါ့။

***