ထုတ်လွှင့်ပြသရန် မသင့်တော်သော - စည်သူမိုး
စည်သူမိုး
အိမ်အပေါ်ထပ်ကနေ ညနေ ၅ နာရီ ပတ်ဝန်းကျင်လောက်ဆို မိန်းမတစ်ယောက် ပုံမှန် ညည်းသံ အမြဲ ကြားရတယ်။ သိပ်အကျယ်ကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် မိန်းမတစ်ယောက် ညည်းနေတဲ့ အသံမှန်းတော့ ကွဲကွဲပြားပြား သိရတယ်။
အဲ့ဒါ နေ့စဉ် ရက်ဆက်ပဲ။ ကိုယ့်အတွက်တော့ သိပ် စိတ်အနှောက်အယှက် ဖြစ်စရာ ကိစ္စတော့ မဟုတ်ပါဘူး။အိမ်ရှေ့ခန်းမှာ ဖြတ်သွားဖြတ်လာ လုပ်ရင်းကိုင်ရင်း နားထောင်လိုက်တာပဲ။ ဆဲသံ ဆိုသံ၊ ကားသံ လူတွေ အော်ဟစ်သံ ညှီထနေတဲ့ မြို့ပြမှာ ဒီလိုအသံလောက်က ဂရုမပြုမိအောင် နေဖို့ဆိုတာ ဘာမှသိပ်ခက်ခဲတဲ့ ကိစ္စမှမဟုတ်တာ။
သိပ်ပျင်းပျင်းရှိတဲ့ တစ်ညနေ ရောက်တော့ ဒီညည်းသံလေးကို ကြားရတာ စိတ်ထဲ တစ်မျိုး ဖြစ်မိတယ်။နောက်ဆုံးတော့ အဲ့ဒီ ညည်းသံလေးကို အခြေပြုပြီး ကိုယ့်စိတ်ကို ဖြေဖျောက်ရာ တစ်နေရာရာ တွန်းပို့ ကြည့်ဖို့ အကြံရသွားတယ်။
ဥပမာ- စီးနေကျ ဘတ်စ်ကားပေါ်မှာ ပေါင်တံရှည် အမျိုးသမီး တစ်ယောက် ကိုယ့်ဘေးနား ကပ်လာထိုင်ပြီး ပွတ်သပ် မြူဆွယ်တဲ့အခါ ထွက်လာတဲ့ အသံမျိုး စိတ်ကူးယဉ်ကြည့်မိတယ်။
လူသူ အရောက်အပေါက်နည်းတဲ့ တောကြီးမျက်မည်းမှာ သစ်ပင်တစ်ပင်ကို မှီရင်း အိပ်နေရာကနေ မိန်းမ တစ်ယောက် ထွက်လာပြီး ဖက်လှဲတကင်းနမ်းရှုပ် လုပ်ရာက ဒီအသံလေး ထွက်လာတာလို့ စိတ်ကူးယဉ်တာမျိုး။
တောင်ဇလပ်ပန်းတွေ ပွင့်နေတဲ့ လယ်ကွင်းကြီးထဲမှာ တိုင်းရင်းသူ ကောက်စိုက်သမလေးနဲ့ လယ်တောထဲ ချစ်တင်းနှောကြရင်း ထွက်လာတဲ့ အသံမျိုး။
မည်းမှောင်နေတဲ့ စကြာဝဠာရဲ့ ယဉ်ပျံကြီးထဲမှာ အာကာသဝတ်စုံတွေကို ဝတ်ပြီး စက်ခန်းထဲ မိန်းမတစ်ယောက်နဲ့ ပွတ်သပ်နေရတာမျိုး မျိုးစုံသော စိတ်ကူးယဉ်မှုတွေ ပြုလုပ်မိတယ်။
အဲ့ဒီအရသာကိုလည်း တဖြည်းဖြည်း ခုံမင်လာတယ်။
ရက်တွေကြာလာလေ ပိုပြီး ကိုနဲ့ အသားကျ နှစ်ခြိုက်လာတယ်ပဲ ဆိုပါတော့။ ဆိုတော့ ဒီလို ဇာတ်လမ်းလေးတွေ စဉ်းစားတယ်။ အားအားရှိတဲ့ မနက်၊ ညတွေမှာဆို စိတ်ကူးလေးတွေကို စာရွက်အလွတ်တွေပေါ် ချရေးပြီးမျိုးစုံသော ဇာတ်ကွက် မြင်ကွင်းတွေကို ဖန်တီးတယ်။ တစ်ခါတစ်လေ ပုံတွေ လျှောက်ခြစ်ပြီး အလွယ်တကူစိတ်ကူးယဉ်နိုင်အောင် ပြုလုပ်ထားတယ်။ သိပ်ကောင်းတဲ့ စိတ်ကူးတွေဆို ရောင်စုံစက္ကူကို double tape ကပ်ပြီး နံရံတွေမှာ ရေးချိတ်ထားတယ်။
ကို သိပ်ကြိုက်တဲ့ မိန်းကလေး ကိုယ်လုံးပုံတွေ ပရင့်ထုတ်ထားတာမျိုး လမ်းမှာ သိပ်သဘောကျတဲ့ ဆိုဒ်တွေ ဂိုက်တွေ တွေ့ရင် ဓာတ်ပုံ ရိုက်လိုက်တာ ဒါမှမဟုတ် စိတ်ထဲ အလွတ် မှတ်တာ၊ ရုပ်ရှင်ကားတွေ အပြာကားတွေရဲ့ တစ်ချို့သော ဇာတ်ဝင်ခန်းတွေကို ပြန်ပြင်ဆင်ချင်တာမျိုး ရှိရင်လည်း ပြန်ပြင်ပြီး စိတ်ထဲမယ် စွဲနေအောင် မှတ်ထားတယ်။ ရုတ်တရက် လမ်းသွား လမ်းလာရင်း အိုင်ဒီယာတစ်ခုခုပေါ်ပြီဆို Record နှိပ်ပြီးဇာတ်လမ်းကို အသံသွင်း မှတ်တမ်းယူတာမျိုးတွေပါ စနစ်တကျ လုပ်မိတယ်။ တစ်ဖြည်းဖြည်းနဲ့ ညနေ ၅ နာရီ ဟာ ကိုယ့်တစ်နေ့တာရဲ့ စိတ်လှုပ်ရှားဆုံး အချိန်တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ ကိုယ့်ဘဝရဲ့ နေ့စဉ်လှုပ်ရှားမှုတွေမှာ တတိတိ ပုန်းခို လိုက်ပါလာလိုက်တာ ၆ လကျော်လောက် ဖြစ်သွားတယ်။ အချိန် ၆ လကျော်အတွင်း ဒီမိန်းကလေး ညည်းသံကြောင့် ကိုယ်ပြောင်းလဲသွားတာတွေ အများကြီးပဲ။
အသံပီပီသသ အကြားရဆုံး ဧည့်ခန်း တစ်ခုလုံးကို ဆေးပြန်သုတ်တယ်။ ဆက်တီတွေ စားပွဲတွေ အကုန် ရှင်းထုတ်ပစ်လိုက်တယ်။ မလိုအပ်တဲ့ အသုံးအဆောင်တွေ၊ စိတ်ကူးယဉ်ရာမှာ အနှောက်အယှက် ဖြစ်စေတဲ့ ပြက္ခဒိန်တွေ၊ စာရေး စားပွဲ ဖင်ထိုင်ခုံအပုတွေ ဖယ်ထုတ်၊ အကျီချိတ်နဲ့ အကျီလှမ်းတာ၊ တိုင်ကပ်နာရီနဲ့ ပလပ်ခုံ တွေ၊ ပုံသေ ကပ်တွယ်နေတဲ့ စိတ်ထဲ တင်စီးနေတဲ့ အရာအားလုံး ရှင်းထုတ်လိုက်တယ်။ အဲ့ဒီနေရာအစား ဈေးကြီးပေးရတဲ့ dream bed တစ်ခုရယ် ခြေထောက်ချထိုင်ရင် နွေးနွေးထွေးထွေး ဖြစ်စေဖို့ ကောဇော ကောင်းကောင်းရယ် သေသေသပ်သပ်ခင်း ထားတယ်။ အမျိုးအစားကောင်းတဲ့ ရောင်စုံမီးပြပြလေးကို ဝါယာတွေ ပေါ်မနေအောင် ceiling ထဲ ထည့်ပြီး သေချာတပ်ဆင်တယ်။
စိတ်ကူးယဉ်နေတဲ့ အချိန် သက်တောင့်သက်သာ ရှိအောင် လေအေးပေးစက် အသစ်လဲလိုက်တယ်။
ဝရန်တာနဲ့ ချိတ်ဆက်ထားတဲ့ တံခါးကိုရော တံခါး လက်ကိုင်ဘုကအစ ကိုယ် သေချာ စိတ်တိုင်းကျ အချိန်ပေးပြီး ရွေးလိုက်တယ်။
ညနေ ၅ နာရီ ဒေါင်ကတည်း ထိုးတာနဲ့ ကျွန်တော်ဧည့်ခန်းမယ် စနစ်တကျ နေရာယူလို့ ညည်းသံလေးကိုစောင့်ဆိုင်းရင် ကိုယ်စိတ်လှုပ်ရှားရမယ့် ဇာတ်လမ်းလေးတွေကို အတွေးထဲ ညင်ညင်သာသာ ပစ်ထည့်နေလိုက်တယ်။
အားလုံးပြီးဆုံးသွားပြီဆို ကိုယ်ဟာ ညောင်းညာမှုမရှိ ပေါ့ပါး လန်းဆန်းပြီး စိတ်ကြည်နူးပျော်ရွှင် သွားရစမြဲပဲ။ နေ့စဉ် စိတ်လှုပ်ရှားစရာ အခိုက်အတန့်တစ်ခုကို နှစ်ခြိုက်စွာ ကြုံနေရတဲ့ ဘဝကို နေပျော်မိတယ်။
ဒီလိုနဲ့ အချိန် ၆ လကျော် ကြာမြင့် ပြီးသွားတဲ့အခါ အဲ့ဒီ ညည်းသံဟာ ရုတ်တရက် ပျောက်ကွယ်သွားတော့တာပဲ။
ကိုယ်ဟာ သေလုမျောပါးပေါ့။ သေကောင်ပေါင်းလဲပဲ။ အိပ်လည်း မပျော်ဘူး။ အစားလည်း မဝင်ဘူး။ အမြဲတမ်း ငြီးစီစီ ဖြစ်နေတယ်။ ဇာတ်ကြောတက်တာ မျက်စိ ဝါးတာ၊ ကိုယ်လက်လေးလံတာနဲ့ သိပ်စိတ်ပျက်စရာ ရက်တွေကို အားတင်း ဖြတ်ကျော်ရတယ်။
တစ်လလောက်ရှိတော့ ကိုယ်အလေးချိန် ထက်ဝက်လောက် လျှော့သွားတယ်။ လူလည်း အိုစာနာကျပြီး ချိနဲ့ သွားတယ်။ ကိုယ် ဒီအခြေအနေကို ဆက်လက် တောင့်မခံနိုင်တော့ဘူး ဆိုတာ သိသာ ထင်ရှားလာတယ်။
နောက်ဆုံး ဒါကို ဖြေရှင်းဖို့ တစ်ရက်တော့ ကိုယ်အချိန်ယူလိုက်တယ်။ အဆင်သင့် ဖြစ်ပြီဆိုတဲ့ တစ်နေ့မှာတော့ အရင်တုန်းကလို ဧည့်ခန်းကို ပြောင်လက်နေအောင် သန့်ရှင်းထားတယ်။ ၅ နာရီ ဒေါင်ကတည်း ထိုးတာနဲ့

မီးလေး ဖွင့်ပြီး ထိုင်ခုံမှာ စနစ်တကျ နေရာယူလိုက်တယ်။ ကိုယ် စောင့်မျှော်နေတဲ့ အသံလေးဟာ ထွက်မလာခဲ့ဘူး။
ပုန်းလျှိုး ပျောက်ကွယ်နေတယ်။ ကိုယ် သိပ်ဝမ်းနည်းလာတယ်။ ဒါကို ဖြေရှင်းဖို့ နည်းလမ်းကလည်း တစ်ခုပဲရှိတော့တယ်။ အဲ့ဒါဟာ ကိုယ်အသံတိုးတိုးလေး ညည်းမိတာပဲ။ ရှိသမျှ အကြောတွေကို ဖြေလျှော့ပြီး ကိုယ်သိပ် ဖြစ်ချင်တဲ့ စိတ်ကူး ဇာတ်လမ်း အချစ်ခန်းတွေကို စဉ်းစားရင်းနဲ့ အသံထွက်ပြီး ညည်းနေမိတယ်။
ကိုယ်အသံဟာ တစတစ ပိုမိုကျယ်လောင်လာတယ်။
ဧည့်ခန်း တစ်ခုလုံး ဖုံးလွမ်းသွားသလို ပြည့်လျှံလာတယ်။
ကိုယ့်ရဲ့ ပျောက်ဆုံးနေတဲ့ စိတ်ခံစားချက်ကို ပြန်တွေ့ခွင့် ရလိုက်တယ်လို့ ခံစားလိုက်ရတယ်။
ကိုယ့်ရဲ့ တစ်နေ့တာမှာ အထူးခြားဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်တွေ ပြန်ရောက်လာတော့မယ်ဆိုတာ အသေအချာပါပဲ။ ကိုယ့်အသံကို အားသုံးလို့ အပြင်ဘက် ထုတ်ပြီး ညည်းမိတယ်။ အားပါးတရပဲ။
ကိုယ် ဒီအခိုက်အတန့်ကို တကယ် အလေးအနက် တန်ဖိုးထားမိပြီ ဆိုတာ ရှင်းလင်းပြောပြဖို့ မလိုတော့လောက်အောင်ပါပဲ။

***