သံပုရာပင် - မောင်ခက်ဝေ
မောင်ခက်ဝေ
Ben Loory ရဲ့ The Lemon Tree ကို မောင်ခက်ဝေ ဘာသာပြန်ထားတာပါ။ ၂၀၁၇ခုနှစ်က ထွက်ခဲ့တဲ့ Ben Loory ရဲ့ Tales of Falling and Flying စာအုပ်ထဲမှာ ပါတဲ့ အပုဒ်ဖြစ်ပါတယ်။ Ben Loory ဟာ အမေရိကန်စာရေးဆရာဖြစ်ပြီး ၂၀၁၁ ခုနှစ်တုန်းကလည်း Stories for Nighttime and Some for the Day နဲ့ ကလေးရုပ်ပုံစာအုပ် Baseball Player and Walrus တို့ထွက်ထားတယ်။ သူ့အရေးအသားတွေက ရွှင်မြူးသွက်လက်ပြီး ဖတ်ရတာ ပျော်စရာကောင်းတယ်။ သူ့ဇာတ်လမ်းတွေက ပုံပြင်အရေးအသားလိုပဲ ထူးထူးကဲကဲ ဖြစ်ရပ်တွေ ပါဝင်လေ့ရှိပါတယ်။
သီးနှံရိတ်သိမ်းချိန်မှာ လယ်သမားတစ်ယောက်ဟာ ခြံထဲ လှည့်ကြည့်နေရင်း သူရဲ့ သံပုရာပင်တစ်ပင်ပေါ်မှာ ပန်းသီး သီးနေတာကိုသွားတွေ့တယ်။ ခဏတော့ မျက်မှောင်ကြုတ်ပြီး သူကြည့်နေသေးတယ်။ ပြီးမှ သစ်ပင်နားကိုသွားတယ် လှေကားတစ်ခုထောင်ပြီး အပင်ပေါ်တက်တယ်။ ပြီးတော့ ကိုင်းမှာရှိနေတဲ့ ပန်းသီးကိုခူးလိုက်တယ်။
"သံပုရာပင်တစ်ပင်ကနေ ငါဘာတွေ့လာလဲ ကြည့်စမ်းပါဦးကွာ" ညဘက် အိမ်ပြန်ရောက်တဲ့အခါ သူရဲ့မိန်းမကို သူပြောတယ်။
"တော်တော်ရယ်ရတယ်" မိန်းမကပြောတယ်။
"အဲ့လောက်တော့ မဟုတ်ဘူးနော်" လယ်သမားကပြောတယ်။ "ဒီပန်းသီးက သံပုရာပင်တစ်ပင်မှာ လာသီးနေတာကွ"
"ကျမ ငတုံး မဟုတ်ဘူး" မိန်းမက ပြောတယ်။ "ပေါက်ကရတွေ လာပြောမနေနဲ့"။
လယ်သမားက သူ့မိန်းမကို ကြည့်တယ်။ ပြီးတော့ ပန်းသီးကို ငုံ့ကြည့်တယ်။ သူ့ပါးစပ်နားမှာ ပန်းသီးကိုတေ့လိုက်ပြီး တစ်ကိုက် ကိုက်လိုက်တယ်။
ပန်းသီးကနေ သံပုရာသီးအရသာလေး မဆိုသလောက် ရသွားတယ်။
"ပန်းသီးက သံပုရာသီး အရသာပဲ" လယ်သမားကပြောတယ်။ "မင်းတစ်ကိုက်လောက် ကိုက်မကြည့်ချင်တာသေချာသလား"
သူ့မိန်းမက အဝတ်တွေပဲ သွားပြန်လျှော်နေတော့တယ်။
"ရှင်စိတ်နဲ့လူနဲ့ မကပ်တော့ဘူး" သူမက ပြောတယ်။
နောက်တစ်နေ့မှာ လယ်သမားဟာ သစ်ပင်ဆီကို ပြန်သွားတယ်။ သေချာ ဂရုတစိုက် လှည့်ပတ်ကြည့်တယ်။ ဘယ်နေရာမှာမှ ပန်းသီး သီးမနေတော့ဘူး။ ဒါပေမယ့် ပန်းသီး သီးထားတဲ့ နေရာလေးကိုတော့ သူ တွေ့နေရသေးတယ်။
"စောင့်နေရုံပဲ ရှိတော့မယ် ထင်တယ်" လယ်သမားက ပြောတယ်။
ပြီးတော့ သူတကယ် စောင့်နေတော့တယ်။
နောက်တစ်ခေါက် သီးနှံ ရိတ်သိမ်းချိန် မရောက်ခင်မှာပဲ လယ်သမားဟာ အားလုံးကို ပြင်ဆင်ပြီးနေပြီ။ သစ်ပင်ရဲ့ဟိုဘက်ဒီဘက်မှာ ကင်မရာတွေကို ပန်းသီး သီးခဲ့တဲ့နေရာဆီ ချိန်ပြီး ထောင်ထားတယ်။
ဒါကြောင့်ပဲ ပန်သီးတွေ သီးလာတော့ ဓာတ်ပုံတွေ အများကြီး ရလာတယ်။ တိတိကျကပြောရရင်တော့ ပန်းသီးနှစ်လုံးသီးလာတဲ့ အခါမှာပေါ့။
ပန်းသီးတွေက အပင်အနှံ့ သီးနေသလိုမျိုး မြင်ရတယ်။
လယ်သမားက ဓာတ်ပုံတွေယူသွားပြီး သူ့မိန်းမကို ပြတယ်။ ဒါမှမဟုတ် ပြဖို့ လုပ်တယ်ပေါ့။ နောက်တော့ ပိုကောင်းတဲ့ဟာတစ်ခုကို သူစဉ်းစားမိသွားတယ်။
အဲ့ဒီအစား မြို့ထဲကိုထွက်သွားပြီး သူ့မိတ်ဆွေတွေရယ်၊ သတင်းစာက လူရယ်ကို သွားပြတယ်။
ဒါပေမယ့် သူတို့က သူ့ကိုအရူးလိုမျိုးပဲ ဝိုင်းကြည့်ကြတယ်။
"ဒါမျိုးကိစ္စတွေနဲ့ တို့ကို လာမနှောက်ယှက်နဲ့ကွာ" သူတို့ကပြောတယ်။
အဲ့ဒါနဲ့ လယ်သမားလည်း အိမ်ပြန်လာလိုက်တယ်။ ဆင်ဝင်ပေါ်မှာ ထိုင်ပြီး သူ့သစ်ပင်က ပန်းသီးနှစ်လုံးကို စားပစ်လိုက်တယ်။
ပန်းသီးတွေက အရင်လို သံပုရာသီး အရသာ မရတော့ဘူး။
တကယ်တော့ ဘာအရသာမှကို သိပ်မရတော့တာ။
အဲ့ဒါနဲ့ပဲ လယ်သမားက မတ်တပ်ထရပ်တယ်။ ပြီးတော့ ဆင်ဝင်ပေါ်ကနေ ဆင်းပြီး ခြံထဲကို လမ်းလျှောက်ဝင်သွားတယ်။ သစ်ပင်ကို သူ ခဏ ငေးကြည့်တယ်။
နောက်တော့ သစ်ပင်အောက်မှာ ထိုင်နေလိုက်တော့တယ်။
နှစ်တွေကုန်ဆုံးလို့သွားတယ်။ သံပုရာပင်က ပန်းသီးပင်အဖြစ် လုံးဝပြောင်းလဲလို့သွားခဲ့ပြီ။ ပန်းသီးတွေချည်းပဲ သံပုရာသီးတစ်လုံးမှ မတွေ့ရတော့။
ဒါပေမယ့် အခုချိန်ထိ ကမ္ဘာကြီးကအဲ့တာကို မမြင်ဖူးသေးဘူး။
လယ်သမားကတော့ နေ့တိုင်း အဲ့ဒီသစ်ပင်အောက်မှာ ထိုင်နေခဲ့တယ်။ အခုတော့ သူတစ်ယောက်ထဲ ဖြစ်သွားခဲ့ပြီ။ သူ့မိန်းမ ထုပ်ပိုးပြီး ထွက်သွားတာလည်း ကြာခဲ့ပြီ။ သူ့မိတ်ဆွေတွေနဲ့ သတင်းစာက လူလည်း မရှိကြတော့ဘူး။
ဒါပေမယ့် တစ်နေ့ လယ်သမား သစ်ပင်အောက်မှာ ထိုင်နေတုန်း လူစိမ်းတစ်ယောက် လမ်းလျှောက်လို့လာတယ်။ လယ်သမား အရင်ကတွေ့ဖူးတဲ့ လူတော့မဟုတ်ဘူး။ ဘယ်ကလာလို့ ဘယ်ကိုသွားမယ်မှန်း မသိတဲ့ ခရီးသွားတစ်ယောက်ပါပဲ။
လယ်သမားကိုမြင်တော့ လူစိမ်းက ရပ်လိုက်တယ်။
"ကျနော် ဖြတ်သွားလို့ အဆင်ပြေမလား" သူပြောတယ်။
"ရပါတယ်ဗျာ" လယ်သမားက ပြောတယ်။ "ရပ်ပြီး နားလို့လည် းရပါတယ်။"
"ကျေးဇူးဗျာ။ နားဦးမယ်" လူစိမ်းကပြောတယ်။
ဒါနဲ့ပဲ လူစိမ်းက လယ်သမားရဲ့ဘေး မြေကြီးပေါ်မှာ ထိုင်ချလိုက်တယ်။ သူတို့နှစ်ယောက် စကားနည်းနည်းပါးပါး ပြောကြတယ်။ ဘာမှအရေးကြီးတာတွေတော့ မဟုတ်ဘူး။ အချိန်ကုန်သွားစေတယ်ဆိုရုံ ဟိုဟိုဒီဒီပေါ့။
"ခင်ဗျား ဗိုက်ဆာသလား" လယ်သမားကပြောတယ်။ "ခင်ဗျားနောက်ဆုံး စားခဲ့တာဘယ်ချိန်ကလဲ"
"အင်း.." လူစိမ်းကပြောတယ်။ "နည်းနည်းတော့ ကြာပြီဗျ။"
လယ်သမားက အပင်ပေါ် တက်ပြီး ပန်းသီးတစ်လုံး ခူးလိုက်တယ်။
"ပန်းသီးက သံပုရာအရသာပဲဗျ" လူစိမ်းကပြောတယ်။
ပြီးတော့ လယ်သမားကပြုံးတယ်။
သံပုရာပင်