'ခ' ရဲ့ ကဗျာသုံးပုဒ်
ခ
ရပ်တည်ရတဲ့ မြေထုက အက်ကွဲပြီး ရှိုက်သွင်းရမယ့် လေထုက သိပ်သည်းဖိစီးတဲ့ ခေတ်မှာ ကဗျာတစ်ချို့ဟာ အဖြစ်ခံရတဲ့ ဘ၀ရဲ့ ပြုသမျှ နုရမှုကို အံထုတ်တတ်ကြပါတယ်။ အဲဒီအခါ ကဗျာတွေက ကြောင့်ကြစိတ်နဲ့ ပူလောင်ပြီး နားမလည်မှုနဲ့ ဝေဝါးနေတတ်တယ်။ အစ်ဗ်စင် ပြောသလို ကဗျာဆရာဆိုတာ ခေတ်ကို မြင်အောင်ကြည့်သူ ဖြစ်တယ်ဆိုရင် အကျည်းတန် မိုက်လုံးကြီးသူတို့ရဲ့ အဆိပ်သင့်နေတဲ့ အရှိတရားတွေကို ထိုးဖောက် ရှုမြင်တတ်သူရဲ့ အိပ်မက်တွေက နိမိတ်ဆိုး ပုံရုပ် ဆန်နေတတ်မှာပဲ။ ဒါပေမယ့် 'ခ' ရဲ့ ကဗျာတွေက အဲဒီ အဖြစ်ခံ ဘ၀ရဲ့ အစွမ်းမဲ့မှု လှောင်ချိုင့်ကို ကျော်လွန်ပြီး တန်ပြန်တဲ့၊ လက်ဦးမှု ယူတဲ့ လုပ်ရပ်တွေကို ဖွင့်ထုတ်ထားတာ တွေ့ရပါတယ်။ အဲဒီလုပ်ရပ်တွေက ပြီးဆုံးခြင်း ရှိ၊ မရှိကတော့ ဆက်လက်နေမယ့် အခိုက်အတန့်တွေက ဆုံးဖြတ်ပေးလေ့ရှိပါတယ်။ စကားပြေဆန်ဆန် လေသံနဲ့ ခေတ်ပြိုင်အရေးအသား နည်းနာတို့ကို ပေါင်းစပ်ဖန်တီးထားတဲ့ ကဗျာတွေ ဖြစ်ပါတယ်။
.....ဆိုတာကို သူပြောခဲ့ပေမဲ့။
အခန်းဆက် မှုန်ဝေလို့ ကြောင်းခဲ့ရတဲ့ အသေကောင်တွေကို ပြန်ကြားမိတဲ့အခါ....။
အိပ်မက်ကမ္ဘာထဲ ဂျုံစေ့တွေ ကျဲချထားလိုက်တာ ဘယ်တော့မှ အညှောင့်မထွက်ဘူး။ တော်လှန်ရေးရဲဘော်လေ မြင်ခဲ့။ ကြားခဲ့။ ဖုန်းခေါ်ခဲ့။ စကားပြောခဲ့။ အမှတ်လက္ခဏာ အမျိုးမျိုးကို ဆန့်ကျင့်ပြီး သိုးဖြူတွေကို မွေးမြူခဲ့။ လိမ်ညာဟန်ဆောင်ခြင်းရဲ့ အရေခွံဟာ သူ့အလုပ်သူလုပ်တော့ ရလဒ်ကလည်း ရလဒ်အလုပ်ကို လုပ်သွားမှာပဲ။ တော်လှန်သူရဲ့ နှလုံးသားက တော်လှန်ရေးရဲ့ ရင်တွင်းမှာပဲ ခုန်တယ်။ ငါ့အရေးအသားရဲ့ အလုပ်ဟာ သက်သက်ဖြစ်ပြီး နံရံရဲ့ နောက်တစ်ထစ်ဟာ အကြားမဲ့မြစ်ထဲက လွန်မြောက်နေတယ်။ မောဟိုက်မှုရဲ့ဆန္ဒမှာ ကွန်းခိုရာရဲ့ လက်မှတ်မျိုးပါရဲ့။ (စင်စစ်) (ရင်ခုန်မှုကို ထိန်းသိမ်းလျက်) တော်လှန်ရေးရဲဘော်ကို လျှာနဲ့လျက် ကြည့်တယ်။ ထီဆိုတာ ပေါက်နိုင်ခဲ။ ကံဆိုတာ ထိန်းနိုင်ခဲ။ ဘယ်ကစမှန်းလည်းမသိတော့ နားလည်စရာက ငါ့ဂျုံခင်းရဲ့ အနံ့အသက်တွေ ဘယ်ကို ရွေ့သလဲ။ ငါ့ဂျုံခင်းရဲ့ အတည်စွမ်းအင်တွေ ဘယ်လိုရွေ့မလဲ။ ငါ့ဂျုံခင်းမှာ ဘာတွေပွင့်သလဲ။ တော်လှန်ရေးရဲဘော်ရဲ့ အိပ်မက်မှာ ရိတ်သိမ်းစရာ မြူတွေမကျန်တော့တဲ့အထိ ဂျုံခင်းတွေအပေါ် ညင်သာခဲ့တယ်။ တော်လှန်ရေး ရဲဘော်ဟောတဲ့ တရားတွေဟာ တော်လှန်ရေးရဲ့ ဗီတာမင်များဖြစ်ရတယ်။ နွမ်းလျသူရဲ့ အသက်ဓာတ် ကမ်းလက်ငဲ့ (ရင်ထဲမှာပဲ) လသာတယ်။ လဆိုတာ ညရှိမှ တော်လှန်ရေးစတယ်။ သာတယ်။ တွန်တယ်။ တခုခုလုပ်တယ်။ တော်လှန်ရေးရဲဘော်ရယ်....တော်လှန်ရေးရယ်....တမျှော်တခေါ်။
ပထမဆုံး နှုတ်ခမ်းတွေ ပူလာမယ်။
ကော်ဖီကပေးတဲ့ အပူမျိုးမဟုတ်မှန်း သိတော့ အတည်ပြုဖို့ ခေတ်အဆက်ဆက် ကော်ဖီပူပူသောက်ကြည့်ရတယ်။
ဆေးလိပ်ကို ပြောင်းပြန်သောက်ပြီး အသက်ကို နောက်ပြန်ရှင်ချင်ပေမဲ့ နိယာမ Controller ကို ဘယ်သူမှ ကိုင်မ ရဘူး။
အကြီးဆုံး Memory card ဟာ ချက်ကြိုးပေါ်ထိုင်ပြီး မွေးနေ့ကို လင်းစေရဲ့။
ဒါပေမဲ့ကို သိလား။
သိရင် ပူနေတဲ့ နှုတ်ခမ်းဟာ ဘယ်သူ့နှုတ်ခမ်းလဲ ဆိုတာ ခေါင်းကိုက်ဖို့မလိုဘူး လို့ပြောချင်တယ်။ ပြောချင်တော့တာပဲ တကယ်တော့။ မပြောဖြစ်ဘူး။
ခေါင်းကိုက်တာက ဘယ်တော့မပျောက်ဘူး။
ငါတို့မျိုးဆက်သိတယ်။
ကမ္ဘာကုန်ကျယ်သ၍ တုန်ဟီးရင်း သိကြတယ်။
ခဏခဏ သေရတာကို ကြိုက်တာလည်း နိယာမတဲ့။
ငါတို့မျိုး ဘယ်မှာ ဆက်ခဲ့သလဲ။
အောင်မြင်ရဲ့လား။
ငါတို့မျိုးက ဘာလဲ။
မျက်နှာတွေကို တစ်ဆက်တည်း ဖြစ်ဖို့ ကြိုးစားတဲ့မျိုးဆက်ဖြစ်မယ်။
အကျိုးကိုငံ့လင့်ရတဲ့ အကြောင်းသစ်ဟာ အကြောင်းက ငံ့လင့်မဲ့ အကျိုးကို မှန်မှန်လေး ထုတ်လုပ်ရဲ့လား။
ကြွယ်ဝသူရဲ့ မျက်ရည်ထဲ မျက်နှာအပိုင်းအစတွေဟာ ခဏခဏ ငိုယိုခုန်ပေါက်တယ်။
ခဏချင်းစီ အကြိမ်ကြိမ် ခါယမ်းလို့ ကလီဆာတွေကို နှင်းဦးရည်နဲ့ ဆေးကြောလို့ပေါ့....ငန်းတွေကို (ပရမတ္ထ)ခေါင်းထဲက ထွက်ပါစေ။
နတ်တို့စက်လေ။ အာဏာစက် ဆယ့်သုံးပါးက ငါ့ကို ခြုံထားတယ်ထင်ခဲ့ပြီးမှ ငါ့ကိုကိုက်မြိုထားပေါ့ လို့ တစ်ခါထပ်ပြီး မှတ်ရပြန်တယ်။ ဒါမှမဟုတ် မှတ်ရဦးမလား။ လောင်မီးကျလျက် နတ်တို့စက်လေ။ ငါ့အမေအသံကို တစ်ပြည်လုံးမကြားပေမဲ့ နတ်တို့စက်ကိုတော့ တစ်ပြည်လုံး ကြုံကြရတယ်။ ဘူသီးနုနုတစ်လုံးရဲ့ အနာဖေးကို ကင်မရာမီးတွေက တဖျတ်ဖျတ် လာဆွမှုနဲ့အတူ နတ်တို့စက်လည်း အသက်ဝင်ခဲ့ရတယ်။ ရင်ကိုခွဲ ဖင်ကိုဖြဲပြီး တံစို့ထိုးသလို နတ်တို့စက်ဟာ လမ်းပေါ်မှာ လှိုက်လှဲစွာလောင်ရင်း ကူးစက်ပြန့်နှံ့၊ ရန်ကုန်ကိုလောင်၊ မန္တလေးကိုလောင်၊ ငါ့ လက်ကိုလောင်၊ ဘုရားကိုလည်း လောင်၊ နတ်တို့စက်လေ။ အထူးသဖြင့် အမာသားခေါင်းတွေဟာ ကျည်ဆံနဲ့ မရင်းနှီးလည်း သူစိမ်းတွေတော့ မဟုတ်ကြဘူး။ သန်စွမ်းမှုပြယုဂ်ဟာ သူ့သွေးသူ စတေးပြီး မီးပုံထဲက ထွက်ပေါ်လာစမြဲ။ ထွက်ပေါ်လာစမြဲတဲ့။ အကန်းယုံ ယုံထားရတယ်။ သမိုင်းမှာလည်း 'အ'ခဲ့ဖူးတော့ တရစ်ပြီးတစ်ရစ် ဆိုတာကို မေ့လုနီးပါးပုံစံမျိုးဖြစ်ရ။
တော်လှန်ရေးရဲဘော်
.....ဆိုတာကို သူပြောခဲ့ပေမဲ့။
အခန်းဆက် မှုန်ဝေလို့ ကြောင်းခဲ့ရတဲ့ အသေကောင်တွေကို ပြန်ကြားမိတဲ့အခါ....။
အိပ်မက်ကမ္ဘာထဲ ဂျုံစေ့တွေ ကျဲချထားလိုက်တာ ဘယ်တော့မှ အညှောင့်မထွက်ဘူး။ တော်လှန်ရေးရဲဘော်လေ မြင်ခဲ့။ ကြားခဲ့။ ဖုန်းခေါ်ခဲ့။ စကားပြောခဲ့။ အမှတ်လက္ခဏာ အမျိုးမျိုးကို ဆန့်ကျင့်ပြီး သိုးဖြူတွေကို မွေးမြူခဲ့။ လိမ်ညာဟန်ဆောင်ခြင်းရဲ့ အရေခွံဟာ သူ့အလုပ်သူလုပ်တော့ ရလဒ်ကလည်း ရလဒ်အလုပ်ကို လုပ်သွားမှာပဲ။ တော်လှန်သူရဲ့ နှလုံးသားက တော်လှန်ရေးရဲ့ ရင်တွင်းမှာပဲ ခုန်တယ်။ ငါ့အရေးအသားရဲ့ အလုပ်ဟာ သက်သက်ဖြစ်ပြီး နံရံရဲ့ နောက်တစ်ထစ်ဟာ အကြားမဲ့မြစ်ထဲက လွန်မြောက်နေတယ်။ မောဟိုက်မှုရဲ့ဆန္ဒမှာ ကွန်းခိုရာရဲ့ လက်မှတ်မျိုးပါရဲ့။ (စင်စစ်) (ရင်ခုန်မှုကို ထိန်းသိမ်းလျက်) တော်လှန်ရေးရဲဘော်ကို လျှာနဲ့လျက် ကြည့်တယ်။ ထီဆိုတာ ပေါက်နိုင်ခဲ။ ကံဆိုတာ ထိန်းနိုင်ခဲ။ ဘယ်ကစမှန်းလည်းမသိတော့ နားလည်စရာက ငါ့ဂျုံခင်းရဲ့ အနံ့အသက်တွေ ဘယ်ကို ရွေ့သလဲ။ ငါ့ဂျုံခင်းရဲ့ အတည်စွမ်းအင်တွေ ဘယ်လိုရွေ့မလဲ။ ငါ့ဂျုံခင်းမှာ ဘာတွေပွင့်သလဲ။ တော်လှန်ရေးရဲဘော်ရဲ့ အိပ်မက်မှာ ရိတ်သိမ်းစရာ မြူတွေမကျန်တော့တဲ့အထိ ဂျုံခင်းတွေအပေါ် ညင်သာခဲ့တယ်။ တော်လှန်ရေး ရဲဘော်ဟောတဲ့ တရားတွေဟာ တော်လှန်ရေးရဲ့ ဗီတာမင်များဖြစ်ရတယ်။ နွမ်းလျသူရဲ့ အသက်ဓာတ် ကမ်းလက်ငဲ့ (ရင်ထဲမှာပဲ) လသာတယ်။ လဆိုတာ ညရှိမှ တော်လှန်ရေးစတယ်။ သာတယ်။ တွန်တယ်။ တခုခုလုပ်တယ်။ တော်လှန်ရေးရဲဘော်ရယ်....တော်လှန်ရေးရယ်....တမျှော်တခေါ်။
***
ငါ့မျက်နှာကို တစ်ဆက်တည်းဖြစ်ဖို့ ကြိုးစားလိုက်တဲ့ အခါတိုင်း
ပထမဆုံး နှုတ်ခမ်းတွေ ပူလာမယ်။
ကော်ဖီကပေးတဲ့ အပူမျိုးမဟုတ်မှန်း သိတော့ အတည်ပြုဖို့ ခေတ်အဆက်ဆက် ကော်ဖီပူပူသောက်ကြည့်ရတယ်။
ဆေးလိပ်ကို ပြောင်းပြန်သောက်ပြီး အသက်ကို နောက်ပြန်ရှင်ချင်ပေမဲ့ နိယာမ Controller ကို ဘယ်သူမှ ကိုင်မ ရဘူး။
အကြီးဆုံး Memory card ဟာ ချက်ကြိုးပေါ်ထိုင်ပြီး မွေးနေ့ကို လင်းစေရဲ့။
ဒါပေမဲ့ကို သိလား။
သိရင် ပူနေတဲ့ နှုတ်ခမ်းဟာ ဘယ်သူ့နှုတ်ခမ်းလဲ ဆိုတာ ခေါင်းကိုက်ဖို့မလိုဘူး လို့ပြောချင်တယ်။ ပြောချင်တော့တာပဲ တကယ်တော့။ မပြောဖြစ်ဘူး။
ခေါင်းကိုက်တာက ဘယ်တော့မပျောက်ဘူး။
ငါတို့မျိုးဆက်သိတယ်။
ကမ္ဘာကုန်ကျယ်သ၍ တုန်ဟီးရင်း သိကြတယ်။
ခဏခဏ သေရတာကို ကြိုက်တာလည်း နိယာမတဲ့။
ငါတို့မျိုး ဘယ်မှာ ဆက်ခဲ့သလဲ။
အောင်မြင်ရဲ့လား။
ငါတို့မျိုးက ဘာလဲ။
မျက်နှာတွေကို တစ်ဆက်တည်း ဖြစ်ဖို့ ကြိုးစားတဲ့မျိုးဆက်ဖြစ်မယ်။
အကျိုးကိုငံ့လင့်ရတဲ့ အကြောင်းသစ်ဟာ အကြောင်းက ငံ့လင့်မဲ့ အကျိုးကို မှန်မှန်လေး ထုတ်လုပ်ရဲ့လား။
ကြွယ်ဝသူရဲ့ မျက်ရည်ထဲ မျက်နှာအပိုင်းအစတွေဟာ ခဏခဏ ငိုယိုခုန်ပေါက်တယ်။
ခဏချင်းစီ အကြိမ်ကြိမ် ခါယမ်းလို့ ကလီဆာတွေကို နှင်းဦးရည်နဲ့ ဆေးကြောလို့ပေါ့....ငန်းတွေကို (ပရမတ္ထ)ခေါင်းထဲက ထွက်ပါစေ။
***
လောင်မီးကျခြင်း
နတ်တို့စက်ကို ငါတို့။
ငါတို့ နတ်တို့စက်ကို။
ပြုံးမပြတတ်တဲ့ လောကဓံရှေ့ ဘေးနားက မူးမတ်ကို တံတောင်နဲ့ ထောင်းချင်တဲ့အခါဆို အခန်းထဲ မီးမှောင်မှောင်သွားတယ်။ မိသားစု မှောင်သွားတယ်။ ဖိနပ်တွေရဲ့ ဦးတည်ရာ မှောင်သွားတယ်။ ခြေထောက်တွေက ဟောစာတမ်းတွေကို တောင့်တကြတယ်။ ဘယ်လောက်ကြာမလဲ။ တောကြောင်တွေလည်း ဗိုက်ကားရမယ်။ ကံကောင်းရင် မွေးစားခံရမယ်။ ဘုရားခန်းထဲ ချီးပါခွင့်ရမယ်။ ဘုန်းကြီးကျောင်းမှာ မီးနေခွင့်ရမယ်။ ကိုယ်ထူကိုယ်ထ လမ်းကို ဘယ်ကောင် ကမ္ဗည်းလာထိုးမလဲလို့ စိတ်ပူနေသ၍ မအေးချမ်းဘူးဆိုရင်လည်း......နတ်တို့စက်ကို မြိုမြိုချတယ်။