ဖလောရန့်စ်တီးရီးယား - မိုးစဲနှင်း


သမိုင်းရဲ့ ဆိုက်ရောက်ရာ အမှတ်အသားတိုင်း၊ သမိုင်းရဲ့ စာမျက်နှာများစွာထက်က မင်စက်တိုင်းဟာ အောင်မြင်စွာတွင် ကျန်ရစ်ခဲ့သူတို့ရဲ့ သွေးချည်းသပ်သပ်နဲ့ ရေးသားစီရင်ထားတဲ့ စကားပြေတစ်ခုသာ မဟုတ်ဘဲ ကျရှုံး ပြိုလဲသွားခဲ့တဲ့ လှုပ်ခတ်မှုတွေရဲ့ ကွပ်လပ်တွေနဲ့လည်း သက်ဆိုင်တယ်လို့ ဝေါ်တာဘင်ဂျမင်က လူ့သမိုင်းကို ရှုမြင်ခဲ့တယ်။ အကျယ်လောင်ဆုံး အော်ဟစ်ခဲ့တဲ့ အသံတွေဟာ အက္ခရာအဖြစ် မကျန်ခဲ့ရင် မျိုးဆက်တို့ရဲ့ ပရပိုက်ထဲ မှာ တွေ့ရမှာ မဟုတ်ဘူး။ ဒါပေမယ့် သမိုင်းလေထုထဲမှာတော့ သဲ့သဲ့လေး ပဲ့တင်ထပ်သံ ခတ်ကျန်ခဲ့ပြီး အားစိုက် နားစွင့်သူတွေရဲ့ အကြားအာရုံမှာ တိုက်ဆိုက်တဲ့ အခိုက်အတန့်တိုင်း မြည်ဟီးနေဦးမယ်။ အဲဒီအသံတွေအတွက် စစ်တမ်းအဖြစ် အချက်အလက်ကောက်ဖို့ မလိုဘူး။ ပုဂ္ဂလဓိဌာန်ဆန်တဲ့ နားတစ်စုံ ရှိဖို့ပဲ လိုပါတယ်။ 



ဘယ်သူ့နာကျင်ခြင်းကိုမှအသိအမှတ်မပြုနိုင်ခဲ့
နာရီစင် အိပ်မက်နဲ့ ငါးထောင့်ကြယ်
ဒုက္ခတွေ သီးနေတဲ့ လက်ဖျား
ဒဏ်ရာရ အပိုင်းအစတွေ ဝင်လာတော့ သမိုင်းကို ကွက်လပ်ထားခဲ့တယ်
ကျောက်သားသက်ရှိတွေ
ဆင်းရဲတဲ့ ‌သူဌေးမင်းဟာ နောက်တခန်းမှာ ရှင်ဘုရင် ဖြစ်သွားတယ်
စင်တင်ခံရသော/သော လူ
ခွေးချေး သုတ်ထားတဲ့ စာရွက်တွေ
ဆောင်းရာသီ ဂြိုလ်ခွင်နဲ့
နှင်းမှုန်တွေကြား ပျောက်ကွယ်သွားတဲ့ လမ်းတွေ
အားနည်းလာတဲ့ နှလုံးသားဟာ ငါ့ဘေးမှာ အားတင်းထားရှာတယ်
လူဆိုတာ သိမ်ငယ်စိတ်နဲ့ ယှဉ်ကြီးလာရတာမျိုး
ဘယ်သူ့တောင်ပံတွေကို ဘယ်နတ်ဘုရားမှ ဖြတ်ခွင့်မရှိ
ကြယ်တွေရဲ့မသေချာခြင်းမှာ ကိုယ့်သက်တမ်းကိုယ် မေးခွန်းထုတ်
ဂျီးနီးယက်စ်တွေရဲ့ခေါင်းဟာ ဝက်ဦးနှောက်လောက်မှ အရသာမရှိတော့တဲ့အခါ
ငါတို့ပေးအပ်ခံရတဲ့အသက်ဓာတ်ဆိုတာ
ငါတို့ကိုဖြတ်မယ့် အပ် ပဲ
ယိုင်နေပြီ
စကားတခွန်း ထားခဲ့တယ်
အမျိုးသမီး ရင်သားတွေကို ချိန်တွယ်တတ်ရုံနဲ့တော့ ကျိုးသွားတဲ့အရိုးဟာ ပြန်မဆက်နိုင်
ပြွတ်သိပ်မှုတွေရဲ့ အော်သံတွေ
အတင်း ထိုးထည့်ခံထားရတဲ့ တရားဓမ္မတွေ
အနည်းဆုံး အမှတ်အသားတွေဟာ ဝေးသွားခဲ့
ဒိုင်ယာရီစာအုပ်တွေရဲ့ပေါင်းခြင်း ရလဒ်က ခေတ်ဖြစ်တယ်
ယိုင်သွားပြီ
ဘာမှဖြစ်မလာတဲ့ ခံနိုင်ရည် အားမဲ့မှုမှာ
ရုပ်ကြွင်းတွေသာ အသက်ရှင်ကျန်ရစ်စမြဲ
မြို့ရဲ့ သန္ဓေသားကို ယူပြီး ထွက်ပြေးခဲ့တဲ့‌ ခေတ်
ဟာ
ပဲရစ်က အရက်ဆိုင်တွေကိုမွေးခဲ့
ငါတို့ဟာ
မျောနေတဲ့ စကြာဝဠာ အမှိုက်ပုံတွေ
အပြည်ပြည်ဆိုင်ရာ ချီးထုပ်တွေ
မကြာခင် ပျောက်ကွယ်သွားတော့မယ့် မျိုးစိတ်တွေ
ပြန်လာနေသော စိတ်ကို ငါကြိုဆိုပါတယ်
မောကြီးပန်းနေတဲ့ စိတ်နှလုံး ချမ်းမြေ့မှုမျိုးကို ငါတို့တောင့်တခဲ့
ဉာဏ်ပညာရဲ့ ကိုးစားခြင်းမှာ ငါတို့မြင်မိနေတဲ့ ချစ်ခြင်းမေတ္တာတွေ
ယောင်ရမ်းနေတဲ့ အာခေါင်တွေထဲ ဂျက်စဘိန်းတွေ လောင်းထည့်
ဆောက်ထားတဲ့ စိတ်ကောင်းတွေ ဖြိုကြ
ပိုင်ဆိုင်လိုစိတ်တွေ အုံကြွလာကြ
မဖွံ့ဖြိုးတော့တဲ့ လက်သည်းကို ဝှက်လို့ မတရားစီရင်ရေးကို ဘယ်လက်နဲ့ကိုင်ထားကြ
အရူးချော့တေးတပုဒ် လေထဲစိမ့်ဝင်နေတယ်...
ငို/ ရီ နေ/ သေ သော သူ/လူ

***