အသုံးချတန်ဖိုး - သွေဟ
သွေဟ
ပြောင်းလဲမှုကို ရွေ့လျားခြင်းဖြင့်...။ ရွေ့လျားခြင်းကို အတိုင်းအတာနှင့် အချိန်ဖြင့်...။
သို့ပေမယ့် အသိဉာဏ်သမိုင်းသည် ခြေဦးတည့်ရာဖောက်ခဲ့သော လမ်းကြောင်း ကုဋေကုဋာ၏ ၀င်္ကပါသာ ထင်ရသည်။ ထာ၀ရ အမှားတောထဲ အမောဖောက်သည် အထိ ချဉ်းနင်းတိုးဝင်ခဲ့သည်။ နေသည် အရပ်မျက်နှာကိုမူပြီး ထွက်ပေါ် ထွန်းလင်းတာ မဟုတ်။ ကျုပ်တို့၏ လောကမျက်နှာစာနှင့် အရပ်ထောင့် နက္ခတ် မြေပုံကားချပ်ပေါ်မှာ လိမ္မော်ရောင် ခြယ်သထားသော စက်လုံးတစ်လုံးသာ ဖြစ်သည်။ ကြယ်တို့သည် ကျုပ်တို့၏ လမ်းပျောက် ရှာပုံတော် အတွက် လမ်းပြတာဝန်မရှိ။ ကျုပ်တို့က ကောင်းကင်မှာ သူတို့ကို ချိတ်ဆွဲ လင်းလက် စေခဲ့တာသာ ဖြစ်သည်။ ဤသို့ဖြင့် ထောင်လွှားသော သက်ရှိ မျိုးတစ်မျိုးသည် လောကဝင်ရိုးကို ရပ်တန့်ပြီး ရွေ့လျားမှုကို တိုင်းတာသည်။ အချိန်ကို တွက်ချက်သည်။ စိတ္တဇ ဖန်အိမ်ထဲမှာ နေထိုင်ပြီး အတိုင်းအဆမဲ့ အပြန့်ကားဆုံး စကြ၀ဠာ အမှောင်ထု ထောင့်ကနေ မြေအောက်ရောင်ပြန် မှိုပွင့်များ၏ ခရမ်းသွေး အမှုန်စထဲအထိ ဖြတ်သန်းခဲ့သည်။ လောကစက်ဝန်း၏ အေးခဲတိတ်ဆိတ်မှုကြောင့် သူ၏ဖန်အိမ်မျက်နှာပြင်တို့ အငွေ့ရိုက် ဝေဝါးလာသောအချိန်တွင် ငြိမ်သက်ခြင်းကို သံသယ ဝင်နေသည်။
ထိုသူသည် မျက်လုံးများပွင့်လျက် ထိုင်ခုံတစ်လုံးအပေါ်တွင် မလှုပ်မယှက် တင်နေသည်။ ပြတင်းသည် ဖွင့်ထားသည့်အတွက် ပါတ်ဝန်းကျင်ရှိ ကျေးငှက်သံများ အနည်းငယ်ကြားနေရသည်။ ရပ်ကွက်အတွင်းမှ စကားပြောသံ အနည်းငယ်လည်း ကြားရသည်။ ဆောင်းတွင်းကာလ ဖြစ်သောကြောင့် လေသည်ငြိမ်နေသည်။ ရုတ်တရက် လျှပ်စစ်မီး ပြန်လာသောကြောင့် အခန်းအတွင်းရှိ မီးချောင်းလင်းလာသည်။ သူရှိနေသော ခုံ၏ ဘေးတွင် စောင်နှင့် အိပ်ယာခင်းတို့ ပွကျဲနေလျက်ရှိသော ခြင်ထောင် ထောင်ထားသည့် ကုတင်တစ်လုံးရှိသည်။ စားပွဲပေါ်တွင် ဖင်ကပ်သာကျန်တော့သော ရေအနည်းငယ်ရှိသည့် ရေဘူးတစ်ဘူး ထောင်ထားသည်။ ဖယောင်းခင်း ခင်းထားသော ကြမ်းပြင်တွင် နေ့လည်ခင်း၏ နေရောင်ထိုးနေသည်။ ထိုနေရောင်ပေါ်တွင် ပြတင်းရှိ သံတိုင်အရိပ်များကျနေသည်။ အခန်းအတွင်း ဝိညာဉ်တစ်ကောင်လို လျှောက်သွားနေသည့် ဆောင်း၏ အအေးမျှဉ်များသည် ဟောင်းနွမ်းဆွေးမြေ့နေသည့် အခန်းနံရံများကို ပွတ်တိုက်သွားလာလျက်ရှိသည်။ နွေရာသီရောက်တိုင်း အင်္ဂတေများ ကွာကျပြီး မိုးရာသီရောက်တိုင်း ရေစိမ့်ကာ မညီမညာဖြစ်နေသော အခန်းမျက်နာကြပ်များသည် ယခုအခါ ဆောင်း၏ အအေးမျှဉ်များနှင့် ထွေးပိုက်ခံထားလျက် ငြိမ်သက်နေသည်။ အကြားအာရုံကို အဓိကထားပြီး သွားလာရသော အမြင်အာရုံချို့ယွင်းသူတစ်ဦး သာ ယခုအခန်းထဲသို့ ရောက်လာလျှင် ရူးသွားနိုင်သည်။ အချိန်ကာလ၏ စက္ကန့်မိနှစ်နှင့်အမျှ မနားမရပ် မီးခိုးများ ဆူထွက်လျက် လုပ်သားများစွာဖြင့် တအုန်းဒိုင်းဒိုင်း မောင်းနှင်နေသော စက်ရုံတစ်ခုမှ ထွက်လာမည့် ပစ္စည်းတစ်ခုသည် ယခုအခန်းအတွက်ဆိုလျှင် တိတ်ဆိတ်မှု ဖြစ်ပေမည်။ ပြတင်းသံဗန်းတွင် ချိတ်ထားသော စာရွက်စာတမ်းတစ်ချို့သည် ခေတ္တတိုက်ခတ်လာသော လေကြောင့် လှုပ်ခတ်လာသည်။ ပြီးနောက် ပြန်ငြိမ်သွားသည်။ ရေဘူးအခြေတွင် လှုပ်ခတ်မှု တစ်ခုမြင်လိုက်ရသောကြောင့် စားပွဲပေါ်သို့ အိမ်မြှောင်တစ်ကောင် တက်လာသည်ဟု ထင်ရသော်လည်း မဟုတ်ပေ။ ပြတင်းအပြင်ရှိ လှုပ်ခတ်သွားသော သစ်ရွက်တစ်ချို့၏ အရိပ် ရေပြင်တွင် မြင်လိုက်ရခြင်းဖြစ်ပေသည်။
အရာအားလုံးတိတ်ဆိတ်နေသည်ကို သူသံသယ ရှိလာသည်။ ဖြစ်ပျက်မှုများသည် အချိန်မရွေး ရှိသည်မဟုတ်ပါ့လား။ ကြီးမားသော ပြောင်းလဲမှုတစ်ခု လာတော့မည်ဖြစ်သည့်အတွက် သတိအနေအထားဖြင့် နေထိုင်နေကြသည့် သဘောမျိုးဖြစ်မည်လား။ သားကောင်ကြီးကြီးတစ်ကောင်ကို မြင်နေရသည့်အတွက် ခြုံထဲမှ ပစ်ခတ်ရန် စောင့်ဆိုင်းနေသည့် မုဆိုးကဲ့သို့ တိတ်ဆိတ်ခြင်းမျိုး လား။ အကြောင်းမဲ့ဆိုသည်မှာ သည်ကမ္ဘာတွင် ရှိမည်မဟုတ်။ အဆက်မပြတ် လည်နေသော ကမ္ဘာပေါ်တွင် သက်ရှိကော သက်မဲ့ပါ အချိန် အတော်ကြာ ငြိမ်သက်နေသည်မှာ တိုက်ဆိုင်တာ ထက် ပိုလိမ့်မည်။ အဘယ်ကြောင့် လေကပင် ငြိမ်သက်ပေးနေရသနည်း။ လောကတွင် ရွေ့လျားခြင်းထက် ငြိမ်သက်ခြင်းက ပိုမိုခက်ခဲပေသည်။ ယခုအခါ အားလုံးက ထိုခက်ခဲမှုကို အားထုတ်လုပ်ဆောင်နေကြသည်။ ထိုင်ခုံပေါ်မှ ထိုသူသည် အသက်တောင် မရှူမနေရမို့ ရှူနေရခြင်း မျိုးနှင့် ငြိမ်သက်လျက်ရှိသည်။
ထိုအခန်းအတွင်း လှုပ်ရှားမှုများကို ရှာဖွေရန် သူပျင်းရိညည်းမွေ့လာသည်။ အဘယ်ကြောင့်ဆိုသော် အားလုံးက ငြိမ်သက်မှုတာဝန်ကို ထမ်းဆောင်နေကြသည့်အတွက် လှုပ်ရှားမှုက ပိုမို အသေးစိတ်လာသည်။ ထိုအသေးစိတ်သော လှုပ်ရှားမှုသည် ထိုလှုပ်ရှားမှုကို ဆောင်ရွက်ရသော သက်ရှိ(သို့) သက်မဲ့တို့အတွက် ဖြစ်တည်မှု ရှေ့ဆက်ရန် ဝိညာဉ်ပင်ဖြစ်ပေမည်။ ထိုအရာလေး မလှုပ်ရှားရလျင် ဆက်လက် မငြိမ်သက်နိုင်တော့မည်ဖြစ်သည့်အတွက်ကြောင့်သာ လှုပ်ရှားပေးလိုက်ရခြင်း အထိ သူတို့ သည် ငြိမ်သက်မှု တာဝန်ကို ဆက်လက်ထမ်းဆောင်လျက်ရှိသည်။
ထိုင်ခုံပေါ်မှ ထိုသူ့ ကိုယ်ခန္ဓာထဲရှိ သွေးကြောများတွင် သွေးများအပြည့်အဝ စီးဆင်းလျက်ရှိသည်။ ထိုသူသည် မသေသေးသော်လည်း ကြာလျှင် ကမ်းတစ်ခုပေါ်တွင် လာတင်နေသော အဖုံးမဖွင့်ရသေးသည့် အအေးပုလင်းတစ်လုံးကဲ့သို့ တဖြေးဖြေး သက်တမ်းကုန်ကာ အဆိပ်အတုံးအခဲဖြစ်တော့မည်။ ကျနေသည် ပြတင်းပေါက်ကို တည့်ထိုးလာသောကြောင့်သံတိုင် အရိပ်များက ရှည်လျားလာကာ ထိုသူ့မျက်နာပေါ်အထိပါ ကျလာသည်။ သံသယ သည် လည်း ပိုမိုကြီးထွားလာသည်။ အဘယ်ကြောင့် ငြိမ်သက်နေကြပေသနည်း။ တစ်စုံတစ်ခုက ရုတ်တရက် လှုပ်ရှားလိုက်လျင် သူတို့ ကြံစည်နေသော အကြံအစည်ပျက်ပြားနိုင်သည်။ သို့သော် ရာသီကပင် ဆောင်းဖြစ်နေသည့်အတွက် မုန်တိုင်းကိုလည်းမျှော်လင့်လို့မရ။ ထိုသူ့ခန္ဓာကိုယ်မှ တလိမ့်လိမ့်စီးကျလာမည့် ချွေးစီးများကိုပင် မျှော်လင့်လို့မရ။ ရေဘူးအတွင်းရေများပင် အငွေ့မပျံနိုင်အောင် အအေးဓါတ်က အရာအားလုံးကို တံခါးပေါက်များသဖွယ် တင်းကျပ်စို့ ပိတ်နှောင်ထားသည်။
အပြောင်းအလဲဆိုသည်ကိုတော့ သူဆက်လက်ယုံကြည်လျက်ရှိသည်။ အချိန်ကာလသည် အမြဲအပြောင်းအလဲကို နှစ်ခြိုက်သည်။ အပြောင်းအလဲဆိုသည်ပင် အချိန်ကာလ၏ အသက်ဓါတ်ဖြစ်သည်။ သို့ရာတွင် ယခု ကာလသည် မပြောင်းလဲခြင်းမဟုတ်။ ငြိမ်သက်ခြင်းဖြစ်သည်။ မုန်ယိုနေသော ဆင်ရိုင်းတစ်ကောင်ကို ကားတစ်စီး၏ မီးရောင်ရှေ့တည့်တည့်တွင် တွေ့လိုက်ရသည့်အခါ ကားပေါ်ရှိလူအားလုံး ငြိမ်သက်သွားသည့် အတိုင်း ပင်။ သို့သော် ထိုကားပေါ်မှ လူများ လွတ်လမ်းရရန် မရပ်မနားတွေးတောနေကြပေမည်။ ထို့အတူပင် ယခုသူတို့ ငြိမ်သက်နေခြင်း၏ ရည်ရွယ်ချက်ကို သူသိချင်နေပေသည်။
လျှပ်စစ်မီးပျက်သွားသည့်အတွက် ရပ်ကွက်အတွင်း အိမ်များတွင် မီးများ ထွန်းထားရာမှ ရုတ်တရက် အမှောင်ကျသွားသည်။ ကျနေစွန့်ခွာသွားပြီးနောက်ပိုင်း လမ်းမီးများပွင့်လာခဲ့သော်လည်း ယခုအခါ ပြန်မှောင်သွားချေပြီ။ အခန်းအတွင်း မီးချောင်းလဲမီးအလင်းကို စွန့်ထုတ်လိုက်ရပြီဖြစ်သည်။ တစ်ခန်းလုံးအမှောင်ကျသွားသောကြောင့် အရာတစ်ချို့ကို ခပ်ရေးရေးမြင်ရပြီး တစ်ချို့သည်တော့ အမှောင်ထုက ဝါးမြိုခြင်းကို ခံလိုက်ရသည်။ အမှောင်ထုသည် သိပ်သည်းပြီး ပျောက်ဆုံးနေသော အရာများကို စုစည်းပေးလိုက်ကာ ကြီးမားသော အမဲရောင် အရာဝတ္ထုတစ်ခုအဖြစ် ပြုလုပ်ပေးလိုက်သည်။ ထိုကြီးမားသော အရာဝတ္ထုကြီးကို မည်သည့်နေရာတွင် အသုံးပြုကြဦးမည်နည်း။ သေခြင်းတရားသည် အိပ်ကပ်တစ်ခုမှ အိပ်ကပ်တစ်ခုဆီသို့ ပြေးလွှားပေါက်ခုန်ဆော့ကစားနေပေမည်။ ထိုင်ခုံပေါ်မှ ထိုသူသည် တချိန်တွင်တော့ သေခြင်းတရားကို သေချာပေါက်လက်ခံရပေမည်။ အချိန်ကာလသည် သူ၏ တွေဝေခြင်းကြောင့်သာ ကြာရှည်နေခြင်းဖြစ်မည်ကို သူသံသယ မရှိတော့ပေ။