နှစ် - ရွက်စိမ်း
လမ်းဟာ သံလိုက်အိမ်မြှောင်ရဲ့ ပါးစပ်ထဲက တီကောင်တွေလိုမျိုး ပူလောင် ပြင်းပြနေတယ်။ ဒီအရာကို စီစဉ်ထားရမှာ ဖြစ်ပေမဲ့ သစ်ကုလားအုတ်ဟာ လုပ်လက်စ အလုပ်ကို လုပ်ရင်း ခိုးသားငါးရာကို တွေ့မှ ပြာပြာသလဲထလုပ်ပေမဲ့ နောက်ကျခဲ့ပါပြီ။ ငှက်ပျောသီး လှေကြီးကိုပဲ စီးလို့ တာဝေး ပြေးလမ်း အတိုင်း မတ်တပ်ရပ် ပြေးလာ နေတဲ့ သစ်တောက်ငှက်ဟာ အဖြေပဲလို့ သစ်ကုလားအုတ်ဟာ ပြောပါတယ်။ ခိုးသားငါးရာဟာ အိမ်သာထဲမှာ ဟန်တိုင်း ကြည့်ရင်း ဂိမ်းနှိပ်ကောင်းနေတာ။ သစ်တောက်ငှက်ကလည်း အညာဘက်က ခေတ္တ လေပွေတွေလို ဟန်မျိုးနဲ့ မစောင့်နိုင်ကြောင်း ပြောတယ်။ ခိုးသားငါးရာဟာ သစ်ကုလားအုတ်ကို မလွန်ဆန်နိုင်တော့ သစ်တောက်ငှက်ရဲ့ ခံတွင်းထဲကို ဝင်ထိုင်ကြရတယ်။ အာပုပ် စော်နံ့ မရဘူး။ မိုးပေါ်က နေက အစိမ်းရောင်ပြောင်းသွားချိန်မှာ သစ်တောက်ငှက်က စပျံလာခဲ့ပါတယ်။ တစ်နေရာ ရောက်တော့ ခိုးသားငါးရာဟာ ယောင်လည်လည်နဲ့ ကျန်ရစ်တယ်။ သစ်တောက်ငှက်ဟာ သစ်ကုလားအုတ်ရဲ့ တင်ပါးကို အရသာရှိရှိ ကိုင်ပြီး လမ်းအတိုင်း ဆက်ပျံသွားပါတယ်။ ခိုးသားငါးရာထဲက တစ်ယောက်က အရင်ထွက်ပြီး ပြောတယ်။ ငါတို့ဟာ ငါတို့လုပ်စရာရှိတဲ့ လုပ်ငန်းကို ပြီးအောင် လုပ်ရမှာ ဖြစ်တယ်။ ငါတို့တွေ အချိန် ကြန့်ကြာမှုတွေ မဖြစ်စေဘဲ ဒီနေ့အတွင်း ပြီးအောင် လုပ်ကြရလိမ့်မယ်။ ငါတို့ထဲက တစ်ယောက်ချင်းစီတိုင်းဟာ ခေါင်းဆောင်ပဲလို့ပြော၊ သူ့ ဆီးခုံမွှေးကို လက်တစ်ဆုပ် ဆွဲနှုတ် လိုက်ပြီး ကောင်းကင်ပေါ် ပစ်လိုက်တယ်။ ဒါဟာ စိတ်အားတက်ကြွစေတယ်လို့ ခိုးသားတွေက ခံယူတယ်။ ဟေးလို့ အသံကုန် အော်ဟစ်ပြီး ချော်ရည်ပူတွေနဲ့ စီးယိုနေတဲ့လမ်းကို စဝင်လိုက်တော့တယ်။
ဒီလမ်းတစ်လျှောက်ရဲ့ ကောင်းကင်မှာမြင်ရတာက လေယာဉ်မယ်ရဲ့နို့တွေပဲ။ ခိုးသားတွေဟာ လိင်တံတွေ မာကျောရင်းကပဲ သွားစရာရှိတဲ့ နေရာကို ရောက်အောင် လျှောက်နေကြရတယ်။ ဒီလိုနဲ့ အချိန်တွေ ကြာလာတယ်။ ခြေတွေလည်း ညောင်းပြီး တဖြည်းဖြည်း ပူလာတယ်။ လေယာဉ်မယ်ရဲ့ နို့တွေတောင် စစချင်း တွေ့ရသလိုမျိုး မကိတ်တော့ဘူး။ ခိုးသားတွေဟာ ချော်ရည်တွေထဲမှာပဲ ပစ်လှဲရင်း လေယာဉ်မယ်ရဲ့ နို့တွေကိုပဲ အေးဆေး စို့နေတော့မယ်လို့ တွေးသူက ပိုများလာတယ်။ ရွှေငါးတစ်ကောင် ခိုးသားအုပ်ရဲ့ နောက်ဘက်ကနေ အရှိန်မှန်မှန် ကူးခတ်လာနေသံကို ကြားရတယ်။ လျင်မြန်သူ ခိုးသားဟာ ခါးပတ်ကို ဖြုတ်ပြီး ရွှေငါးကို ဟန့်တားလို့ အကျိုးအကြောင်း ပြောပြတယ်။ အဲဒီဘက် သစ္စာတွေဘက်ကနေ နားလည်မှုကိုကျော်လို့ ချစ်ခြင်းတရားဆီ သွားချင်ကြောင်းပြောတော့ ခိုးသားတွေရဲ့ တူညီဝတ်စုံကြောင့် ရွှေငါးဟာ နိုင်သလောက်ကို ခွင့်ပြုရာမှာ ခိုးသားအချို့ ရွှေငါးရဲ့ ပါးဟပ်ထဲကို ဝင်သွားကြတယ်။ အချိန် အနည်းငယ် အကွာဆီမှာ ရွှေငါး နောက်ထပ် နှစ်ကောင်လား သုံးကောင်လား ထပ်ရောက်လာပါတယ်။ နောက်ဆုံးမှာ ချစ်ခြင်းတရားဆီ ရောက်လာကြတယ်။ ရွှေငါးတွေရဲ့ စုံချိန်ကို စောင့်ရတာမို့ ချော်ရည်ပူတွေတောင် ဘာဘယ်တီးလ်တွေ အဖြစ် ပြောင်းလဲနေပြီလေ။ လေ့လာသူခိုးသားကတော့ ကြိမ်ခြင်း ယက်လုပ်ပုံနဲ့ သိုးမွေးထိုး အတတ်ပညာကို ယူကျုကနေ ကြည့်နေတယ်။ ကြည့်နေရင်းကနေ ချစ်ခြင်းတံခါးဟာ ပွင့်သွားပါတယ်။
တံခါးထဲ အကုန်ရောက်တော့ တံခါးဟာ ပြန်ပိတ်သွားပြီး ရွှေငါးတွေနဲ့ ခိုးသားတွေကို မြို့ရိုးခြားလိုက်သလိုပဲဖြစ်တယ်။ ရွှေငါးတွေဟာ ခိုးသားတွေကို တချက်ငဲ့ကြည့်ရင်း လိုရာခရီးကို ဆက် ထွက်ခွာ သွားခဲ့တယ်။ ခိုးသားတွေဟာ တိမ်တွေထဲဝင်ဖို့ ပက်စ်ဝေါ့ဒ်ကို မေ့နေတယ်။ ဒီပက်စ်ဝေါ့ဒ်က သစ်ကုလားအုတ်ရဲ့တာဝန်ဖြစ်ပေမဲ့ အခုချိန်တော့ ဓာတ်ခွဲခန်းတစ်ခုခုမှာ သစ်တောက်ငှက်နဲ့ ဖီးလ်တက်နေလောက်ပြီပဲ။ ခိုးသားတွေဟာ သစ်ကုလားအုတ်ကိုကော သစ်တောက်ငှက်ကိုကော အပြစ်တင် မအားဘဲ ဒီနေ့ လုပ်ငန်းဟာ ပြီးပါ့မလား ဆိုတဲ့စိတ်ကသာ ကြီးစိုးပြီး ပက်စ်ဝေါ့ဒ်ကို အပူတပြင်း ရှာဖွေနေခဲ့တယ်။ သူတို့ အခက်အခဲကို သိတဲ့ တိမ်ဟာ သဘောကောင်းသူမို့ တော်သေးတာပေါ့။ သူရဲ့ အူလမ်းကြောင်းထဲကို ပက်စ်ဝေါ့ဒ် မလိုဘဲ ခိုးသားတွေကို လျောစီး ခွင့်ပြုလိုက်တယ်။ တကိုယ်လုံး အပွန်းအပဲ့ တော်တော်များများ ရသွားတဲ့အခါမှ ခိုးသားတွေဟာ တိမ်ရဲ့ စအိုထဲကနေ ပြန်ထွက်လာတယ်။ သူတို့ ထွက်လာတဲ့အချိန်က နေဝင်စပြုနေပြီမို့ ချိန်သားကိုက်ပဲလို့တောင် ပြောလို့ ရမယ်။ တံခါး ပွင့်သွားတယ်။ ဒီအချိန်မှတော့ ရွှေငါးတွေကို မျှော် မနေကောင်းတော့ဘူးလို့ ခိုးသားမိန်းမတွေဟာ ပွစိပွစိပြောတယ်။ အပြန်လမ်းမှာ ဖြတ်လျှောက်ရတာ နွားနို့ရည်တွေထဲ။ ကြယ်တာရာတွေနား ပြန်ရောက် လာကြတယ်။ နေရောင် ရှိသေးတယ်။ ပူးတစ်ကောင်ကို သယ်ဆောင်သူမပါဘဲ ဟောင်းလောင်းပေါက်သဏ္ဍာန်နဲ့ တွေ့ရှိသွားကြတယ်။ ဆုံရပ်မှာ ခိုးသားတချို့ဟာ ဆံပင်ဖြူ နှုတ်ခိုင်းတဲ့ ပြသနာကြောင့် ဆင်းကျန်ရစ်ပြီး ကျန်တဲ့ခိုးသားတွေဟာ ငရဲကို ပူးရဲ့အမြီးထဲကနေ တစ်ဆင့် ဆက်သွားနေပါတယ်။