အဇ္ဈတ္တ ဝင်္ကပါ - အောင်မြတ်မင်း
အလွမ်းအဆွေးဇာတ်နှင့် ပတ်သက်သော အယူအဆ အတွေးအမြင် သီအိုရီများထဲမှ ယေဘုယျ ကျသော လေ့ လာရေးပုံစံ တစ်ချို့ကို ဆွေးနွေး တင်ပြထားခြင်း ဖြစ်ပါသည်။ ထိုထဲမှာမှ မော်ဒန်ခေတ် တစ်ခုသောအပိုင်း အခြားတွင် ပေါ်ပေါက်ခဲ့သော အနောက်တိုင်း ပညာရှင် တစ်ချို့၏ အမြင်များ သဘောတရားများ၊ ရေးသား ချက်များကို အဓိက အခြေခံထားပါသည်။
အလွမ်းအဆွေးဇာတ်ကို အမျိုးအစားတစ်ရပ် အဖြစ် သီးသန့် သတ်မှတ် လေ့လာကြည့်သော သရုပ်ခွဲ မျိုးတူစုခြင်းအရ လမ်းကြောင်းနှစ်သွယ် အပြိုင်ရှိနေသည်။ တစ်ခုမှာ သမိုင်း အခြေပြု လေ့လာသော လမ်းကြောင်း (Historicism) ဖြစ်ပြီး နောက်တစ်ခုမှာ အလွမ်းအဆွေးဇာတ်၏ အနှစ်သာရကို သမိုင်းအဆက်ဆက် မပျောက်မပျက် ခပ်ထုတ် နှုတ်ယူပြလိုသော လမ်းကြောင်း (Essentialism) ဖြစ်သည်။ ကဗျာက သမိုင်းထက် ပိုပြီး တစ်လောကလုံးကို သက်ရောက် စပ်ဆိုင်သော သဏ္ဍာန်ရှိကြောင်း ဆိုခဲ့သည့် အရစ္စတိုတယ်မှာ ဒုတိယ လမ်းကြောင်း အုပ်စုတွင် ပါဝင်ပုံရသည်။ သို့သော် အလွမ်းအဆွေးဇာတ်နှင့် သမ္မတ နိုင်ငံရေး အမြင်ဝါဒ အကြားတွင် ခွဲထုတ်လို့ မရသည့် ပင်ကိုယ်အရ ခိုင်မြဲသော ထုံးဆက်တစ်ရပ် ရှိကြောင်း ဖော်ထုတ်ခဲ့သော Friedrich Holderlin လိုပညာရှင်များမှာ ပထမ လမ်းကြောင်း အုပ်စုမှ ဖြစ်သည်။ တိုင်းသူပြည်သူသား လူအများ၏ ပူးပေါင်း ပါဝင် ဆင်နွှဲမှု အပေါ် အခြေခံကာ တစ်စုံတစ်ခုသော လူ့အဖွဲ့အစည်း၏ စိတ်ဓာတ် စုစည်း ခိုင်မာစေ လိုသော လောကအမြင် တွဲကပ်ပါလျက် ရှိသည့် အလွမ်းအဆွေးဇာတ်၏ အတွေးအမြင် နှင့် အနုပညာ ခံစားမှုဆိုင်ရာ သဘောတရားတို့မှာ အစိတ်အစိတ် အမြွှာမြွှာ ပြန့်ကျဲနေပြီး အိုဟောင်း ယိုယွင်းစ ပြုနေပြီ ဖြစ်သော ပဒေသရာဇ်စနစ်နှင့် တစ်စတစ်စ အရွယ်ရောက် အားကြီးလာသော ဘူဇွာစီးပွားရေးစနစ်တို့ အကြား ဗျာများ ပြိုကွဲနေသော မြင့်မြတ်သော ရိုမန် အင်ပါယာကြီး (Holy Roman Empire) ထဲက Holderlin တို့လို ပုဂ္ဂိုလ်များအတွက် မဖြစ်နိုင်သော နိုင်ငံရေးနှင့် အနုပညာ လှုပ်ရှားမှု အဖြစ် ယူဆချင်စရာ ဖြစ်နေသည်။ သည်လို ယူဆချက်မှာ အလွမ်းအဆွေးဇာတ်ကို သမိုင်း အခြေပြု မြင်သည့်အမြင် ကိုယ်တိုင်ကို သမိုင်းကာလ တစ်ရပ် နောက်ခံကားချပ်ထဲ တစ်ပါတည်း ထည့်ပေါင်း ရေးခြစ်လိုက်တာမျိုး ဖြစ်သည်။ ပထမ လမ်းကြောင်း အုပ်စု၏ အလွမ်းအဆွေးဇာတ် အပေါ် သဘောထားပုံများကို အကြမ်းဖျဉ်း အနှစ်ချုပ် ကြည့်လျှင် အလွမ်းအဆွေးဇာတ်ဆိုသည်မှာ ဂရိခေတ် ဂရိကာလ၏ ရေခံ မြေခံ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး ဓလေ့၊ လူမှုရေး ထုံးစံ၊ အနုပညာ အာရုံခံစားမှုစွမ်းရည် ကို အမှီပြုပြီး ပေါ်ပေါက်ခဲ့သော သမိုင်းဆိုင်ရာ အမွေအနှစ် တစ်ခုအဖြစ်သာ မှတ်ယူနားလည်ထားကြောင်း သိမြင်နိုင်သည်။ ခေတ်အနေအထား လှုပ်ရှား ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် အရစ္စတိုတယ်လို ပုဂ္ဂိုလ်မျိုးတောင် ဂရိအလွမ်းအဆွေးဇာတ်၏ အနှစ်သာရကို ခြေခြေမြစ်မြစ် နားလည် သဘော မပေါက်နိုင်တော့ပြီလို့ တစ်ချို့ပညာရှင်များက သာသာထိုးထိုး သက်သေထူကြသည်။ နိုင်ငံရေး အမြင်ပိုင်းမှာ လစ်ဘရယ်လောက နှင့် သမဂ္ဂ လောက ကြားက အတွေးအခေါ်တိုက်ပွဲများကြားတွင် အလွမ်းအဆွေးဇာတ် သီအိုရီများလည်း ပြောင်းလဲ သတ်မှတ်ခံရပုံကို တစ်သီး ပုဂ္ဂလဆိုင်ရာ ဥပဒေသများနှင့် နိယာမများကို ရှေ့ တန်းတင်သော ကန့်၏ ဒဿနကို ဝေဖန်သည့် ဟေဂယ်၏ အများ အအုပ်အသင်း အစုအစည်း အစည်းအရုံး အခြေခံသော ကျင့်ဝတ်နှင့် လောကအမြင်ဆိုင်ရာ အလွမ်းအဆွေးဇာတ် သီအိုရီကို ကြည့်လျှင် မှန်းဆနိုင်သည်။
အခြားတစ်ဖက်မှ ကြည့်လျှင် အလွမ်းအဆွေးဇာတ်မှာ လူသားဘ၀ (Human Condition) ၏ ပကတိ အရှိတရားကို နှလုံးသားထဲထိ စွဲရစ် ထင်ကျန်စေနိုင်တာကြောင့် လူ့လောကရှိသမျှ ကာလပတ်လုံး အလွမ်းအဆွေးဇာတ်လည်း ရှိနေဦးမည် လို့ ယုံကြည်သူများ၏ အနှစ်သာရ ပဓာန အမြင်များသည် ဟုတ်မှန်နေသလို ရှိပြန် သည်။ သို့သော် အလွမ်းအဆွေးဇာတ်ကို အနုပညာ နည်းနစ် နှင့် ပုံသဏ္ဍာန်ပိုင်းအရ အကဲဖြတ်ရလျှင် မော်ဒန် ခေတ်သာမက ခေတ်အဆက်အဆက် အနုပညာနှင့် သမိုင်း နောက်ခံများ ရွေ့လျား ပြောင်းလဲမှုကြောင့် ဂန္ဓဝင် အလွမ်းအဆွေး ပြဇာတ်ကတော့ ဇာတ်သိမ်းသွားခဲ့ပြီလို့ ကြောညာမောင်းခတ်နိုင်သည်။ အနုပညာ၏ စွမ်းရည် အတိုင်းအတာ အကန့်အသတ်မှာ သမိုင်းနောက်ခံ အခြေအနေ၏ ဖွံ့ဖြိုးမှု၊ ဆုတ်ယုတ်မှု၊ တည်မြဲမှု အ၀၀နှင့် အတော်အတန် ပတ်သက် ဆက်နွယ်နေသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ရာသော နေရာနှင့် ကာလမှာ ထိုကာလံဒေသံနှင့် မဖြစ်နိုင်လောက်အောင် ကွဲပြား ထင်ရှားနေသော အနုပညာလက်ရာများ ခြွင်းချက် အဖြစ် ရှိကောင်း ရှိနိုင်ပေမယ့်၊ ပေါ်ထွက်ကောင်း ပေါ်ထွက်နိုင်ပေမယ့် အနုပညာ နယ်ပယ်တစ်ရပ်လုံး၏ ယဉ်ကျေးမှု၊ အဆင့်အတန်း၊ နည်းစနစ်၊ ပုံသဏ္ဍာန်တို့မှာတော့ ၎င်းတို့ မှီတည်ရာ ကာလံဒေသံ၏ စရိုက်လက္ခဏာ နှင့် ခြားနားပြီး မရှိနိုင်။ မျိုးတူစု သရုပ်ခွဲ လေ့လာချက်အရ အလွမ်းအဆွေးဇာတ်တို့သည် သေခြင်းတရား၊ ကြီးလေး ဖိစီးသော ဒုက္ခဝေဒနာ၊ ထုံးစံ ရှေးရိုးများ ပြိုကွဲပျက်သုန်းရမှု စသော အသွင် လက္ခဏာများကို လက်ဆင့်ကမ်း ဖော်ကျူးသော ဆင်တူယိုးမှားဆန်မှုများ တွေ့ရပေမယ့် အလွမ်းအဆွေးဇာတ်တိုင်းက ကြီးနိုင်တို့၏ ကျဆုံးခန်း၊ အကြွင်းမဲ့တရားကို တုပမှု သို့မဟုတ် သွေဖယ်မှု စသော ကြေကွဲခြင်း အနှစ်သာရကိုချည်း တင်ဆက်တာ မဟုတ်။ ထို့ကြောင့် အလွမ်းအဆွေးဇာတ်ကို သမိုင်းဗဟိုပြုအမြင် နှင့် အနှစ်သာရ ပဓာန အမြင်တို့ အကြား ခွဲ ခြား လေ့လာနေခြင်းက မရှိမဖြစ် လိုအပ်နေကြောင်း တပ်အပ် မဆိုနိုင်။ မင်းညီမင်းသားများ၊ ဆွေကြီးမျိုးကြီး များ၏ ကျဆုံးခန်း၊ သေပွဲဝင်ခန်းများပါမှ ကြေကွဲခြင်း ရသကို လှုံ့နှိုးနိုင်သည့် အလွမ်းအဆွေးဇာတ်မျိုး မော်ဒန် ခေတ်နှင့် မအပ်စပ် မလျော်ညီတော့သလို လေးနက်မှုနှင့် ပြိုလဲပျက်သုန်းမှုတို့ မပါဝင်သော အလွမ်းအဆွေး ဇာတ်မျိုးမှာလည်း အမည်နှင့် သရုပ် တစ်ကန့်တစ်ပိုင်းစီ ဖြစ်နေလိမ့်မည်။ အခမ်းနားဆုံး ယူတိုးပီးယားခေတ် မှာလည်း သေစေနိုင်သော ဒဏ်ရာတွေ၊ သပွတ်အူလို လိမ်ငြိ ရှုပ်ထွေးနေသော သူ့အလို ကိုယ့်အလို လွန်ဆွဲပွဲ တွေ၊ ကျိုးပျက်ပြတ်ဆဲကုန်သော ဆက်ဆံရေးတွေ ရှိနေဦးမည် ဖြစ်သလို အလွမ်းအဆွေးဇာတ်လည်း သက် ဆိုင်ရာ ကာလံဒေသံနောက်ခံဖြင့် အနုပညာအရ အခြားသော ပုံသဏ္ဍာန်များနှင့် ဆက်လက် အသက်ဆက်နေဦး မည်။ ကြေကွဲခြင်း အလွန် လောကဆိုသည်မှာ လူသားအားလုံး မြတ်နိုးထားခဲ့လေသမျှသော တန်ဖိုးတို့ မရှိ တော့ပြီ ဖြစ်တာကြောင့် တန်ဖိုးနှင့်ယှဉ်လျက် ခံစားရသော ကြေကွဲဖွယ်တို့ ပျောက်ကွယ်ကုန်မှ ပေါ်ထွန်းနိုင် သော လောကဖြစ်သည်။ ထိုလောကမျိုး အနာဂတ်မှာ အမှန်တကယ် ရှိခဲ့လျှင် လူ့မျိုးနွယ် အတွက် ကိုယ့်ကိုယ် ကို စွန့်လွှတ် မျောလွင့် လိုက်ဖို့သာ ကျန်တော့သည်။ လူ့လောကကို လူသားတို့ ကိုယ်တိုင် ငြီးငွေ့လာသော အ ခြေအနေတစ်ရပ်ကို ဆိုက်ရောက်ခဲ့ပါက အလိုဆန္ဒဖြင့် ခုတ်မောင်းနေသော လူသားမှာ ဘာကိုမှ အလိုမရှိလျက် မနေနိုင်ဘဲ မရှိခြင်း/မဖြစ်ခြင်း ကို အလိုရှိသော နတ္တိက စရိုက် တွယ်ငြိလာပြီး လမ်းပျောက် မုန်ယိုကြလိမ့်မည် ဖြစ်ကြောင်း နစ်ရှေးက သတိပေးခဲ့ဖူးသည်။
သည်လို အယူအဆရေးရာ ငြင်းခုံပွဲကနေ ဖောက်ထွက်လိုလျှင် မတူကွဲပြားသော ရှုထောင့်မှလာသည့် အခြားမေးခွန်းတစ်ခုကို မေးရဖို့ ဖြစ်လာသည်။ အလွမ်းအဆွေးဇာတ်မှာ သေဆုံးသွားသလား၊ ဒါမှမဟုတ် သန္ဓေ ပြောင်းသွားသလား ဆိုသည့် မေးခွန်းဖြစ်သည်။ ယခင်က မင်းစိုးမျိုးနွယ်များ၏ ဂုဏ်သိက္ခာနှင့် မွန်မြတ်ခြင်း ကို အခြေခံ ရေးသားဖန်တီးသည့် အလွမ်းအဆွေးဇာတ်နှင့် အောက်တန်းစားတို့၏ မထော်မနန်း အလွဲအချော်များကို အခြေခံ ရေးသားဖန်တီးသည့် အသောဇာတ် (Comedy)၊ ထိုအမျိုးအစားနှစ်ရပ်ထဲမှ အလျဉ်းသင့်သလို ဆီလျော်ရာ ပေါင်းစပ်သော နှစ်ထွေဇာတ် (Tragic-comedy) စသဖြင့် ရှိခဲ့သော ခေတ်ကာလများတွင် လူတန်းစားမှာ မင်းမူသော သခင်နှင့် နာခံ ကျိုးနွံရသော ကျွန်လူတန်းစားသာ လောကနှစ်ခြမ်း တိတိပပ ကွဲထွက်နေခဲ့သည်။ လူလတ်တန်းစား ဖြစ်ပေါ်လာမှုနှင့်အတူ မော်ဒန်ခေတ်တွင် ဂန္ဓဝင် အလွမ်းအဆွေးဇာတ်၏ ကြေကွဲစေသော ဂုဏ်သတ္တိ၊ အရင်းခံ အကြောင်းတရားများဖြစ်သော ကံကြမ္မာ၊ ဒဏ္ဍာရီ၊ သဘာ၀ နိယာမတရားတို့မှာ နန်းကျ မှေးမှိန်သွားကြပြီး အလွမ်းအဆွေးဇာတ် ကိုယ်တိုင်၏ သဘော သဘာ၀တို့မှာလည်း သန္ဓေပြောင်းသွားကြရကြောင်း ဆိုကြသည်။ မော်ဒန် အလွမ်းအဆွေးဇာတ်မှာ တင်ဆက်ဖျော်ဖြေသော ပုံသဏ္ဍာန်ပိုင်းအရ ကျယ်ပြန့် ပွားများလာသလို ၎င်း၏ အကြောင်းအရာမှာလည်း ပြောင်းလဲသွားသည်။ မော်ဒန်ခေတ်တွင် အလွမ်းအဆွေး ဇာတ်၏ ကြေကွဲစရာ ဖြစ်စေသော အဖြစ်အပျက်များကို အဇ္ဈတ္တဘက် လှည့်ခြင်း၊ စိတ္တဗေဒပြုခြင်း၊ တစ်သီးပုဂ္ဂလဆန်စေခြင်းဖြင့် ဖော်ပြ တင်ဆက်လာကြောင်း Friedrich Schelling က ဆိုသည်။ ဂန္ဓဝင် အလွမ်းအဆွေး ဇာတ်မှာ ဇာတ်ကောင်၏ ကံ/ပြုခြင်း (Action)၊ ထိုကံကိုပြုသော စေတနာ (Motive)၊ ထိုစေတနာနှင့် လောက နိယာမ၊ သဘာ၀တရား၏ ဟာမိုနီတို့ ကိုက်ညီခြင်း ရှိမရှိ စသော အရာများဖြင့် တည်ဆောက်လေ့ရှိပေမယ့် မော်ဒန် အလွမ်းအဆွေး ပြဇာတ်တွင် ဇာတ်ကောင်၏ သိစိတ်နှင့် စိတ္တဗေဒ အခြေအနေက ကြေကွဲခြင်းရသကို နှိုးဆွ လှုံ့ဆော်ပေးသည့် အစိတ်အပိုင်း ဖြစ်လာသည်။ သမိုင်းဆိုင်ရာအနေအထားတွေကြောင့် မဟုတ်တော့ဘဲ ကြေကွဲစေသော ဖြစ်စဉ်များမှာ ရင်တွင်းကနေ မြစ်ဖျားခံလာသည်။ ပဋိပက္ခနှင့် အံတု ပုန်ကန်မှုများက ပြင်ပအင်အားစု (နတ်ဘုရားများ၏ ဗျာဒိတ်များ၊ လောကနိယာမများ၊သဘာ၀တရား၏ ဟာမိုနီ စသဖြင့်) မဟုတ်တော့ဘဲ အတွင်း အင်အားစုများ(ယုံကြည်မှု၊ အပြစ်ရှိစိတ်၊ တာဝန်၊ ၀တ္တရား၊ ကျင့်ဝတ်၊ ကိုယ်ကျင့်တရား စသဖြင့်)၊ တစ်နည်းအားဖြင့် မိမိကိုယ်ကိုယ် မိမိ ပြန်လည် ပဋိပက္ခ ဖြစ်ရသော၊ မေးခွန်းထုတ် အာခံရသော အဖြစ်မျိုး ကြုံလာရသည်။ ရှေးတုန်းက အလွမ်းအဆွေးဇာတ်၏ အဓိကဇာတ်ကောင်များမှာ သာမန် လက်လုပ်လက်စား လူတန်းစား အထက်တွင် ပျိုးထောင်ခံလာရသော မင်းစိုးမျိုးနွယ် ဂုဏ်ကြီးထည်ကြီးများ ဖြစ်ကြပြီး သူတို့၏ လုပ်ရပ်များက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူတို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ယဉ်ကျေးမှု၊ ထုံးစံ၊ ဓလေ့၊ အစဉ်အလာများကို အုတ်မြစ်အခြေအထိ ထိခတ်စေနိုင်သည်။ ကိုယ်ကျိုးနည်း ကံဆိုး မိုးမှောင်ကျသော အဖြစ်အပျက် ဇာတ်လမ်းများမှာ ရှောင်လွှဲလို့ မရသော မလွဲမသွေ ကြုံရမည့် ကံကြမ္မာ ဆိုသည့် ဝိဘာဂ ခေတ်ကုန်သွားပြီး အဖြစ်အပျက်များမှာ ကြုံရာကျပန်း အကြောင်း တိုက်ဆိုင်လို့ ဖြစ်ကြောင်း ယုံကြည်သည့် မော်ဒန်ခေတ်တွင် ဂရိဟန် အလွမ်းအဆွေးဇာတ် အနုပညာ ပုံသဏ္ဍာန်မှာ အရေးမလှနိုင်တော့။ ရှိတ်စပီးယား၏ အလွမ်းအဆွေး ပြဇာတ်များမှာ ကံကြမ္မာ စီရင်ခန်း၏ ဇာတ်လမ်းသွားကို ကိုင်ပြီး ဖန်တီးထားတာ မဟုတ်ဘဲ တစ်နည်းနည်းနှင့် ရှောင်လွှဲကောင်း ရှောင်လွှဲနိုင်လောက်စရာ ဖြစ်ကြောင်း ယုံမှတ်စေမည့် ကံမကောင်း အကြောင်းမလှမှုများဖြင့် ဖွဲ့တည်ထားတာကို ကြည့်နိုင်သည်။ ထို့ပြင် မော်ဒန်ခေတ် အလွမ်းအဆွေးဇာတ်မှာ ဂန္ဓဝင် အလွမ်းအဆွေးဇာတ်၏ ‘အများပြည်သူ ပိုင်နက်’ကို ဖျက်သိမ်းပြီး ပုဂ္ဂလပိုင် ပြုကာ အဇ္ဈတ္တဘက် ဦးလှည့်ခဲ့ကြောင်း နစ်ရှေးက ဆိုသည်။ သည်လို မော်ဒန် အလွမ်းအဆွေးဇာတ်၏ အဇ္ဈတ္တ သန္ဓေ ပြောင်းလဲမှုကို သတ္တုချကြည့်ဖို့ Either/Or ထဲတွင် Soren Kierkegaard ရေးခဲ့သော အယူအဆမှာ အဆီလျော်ဆုံး ဖြစ်မည် ထင်သည်။ မော်ဒန် အလွမ်းအဆွေးဇာတ်၏ အမှတ်သညာမှာ မိမိကိုယ်တိုင် ဆုံးဖြတ် ကျုးလွန်ခဲ့သည်များကြောင့် ကျော်ဖြတ်နိုင်သည် ဖြစ်စေ၊ ကျရှုံးခဲ့သည် ဖြစ်စေ အဓိက ဇာတ်ဆောင်၏ အကြွင်းမဲ့ တာဝန်ရှိမှု (Absolute Self-responsibility) နှင့် အကြွင်းမဲ့ အပြစ်ရှိစိတ် (Absolute Guilty) ဖြစ်ကြောင်း ထိုစာအုပ်ထဲတွင် သူက ဖော်ထုတ်ခဲ့သည်။ တာဝန်နှင့် ၀တ္တရားကို တစ်ပါးသူ၏ စေခိုင်းချက်၊ ညွှန်ပြချက်၊ အကြပ်ကိုင်ချက်ကြောင့် မဟုတ်ဘဲ မိမိကိုယ်တိုင် ဆုံးဖြတ် မြှုပ်နှံပြီး ပြုမှသာ အပြစ်ရှိစိတ်ကို ဖြစ်စေနိုင်ကြောင်း Kierkegaard တို့လို မော်ဒန် အနွယ်များက ယူဆကြသည်။ ကိုယ်လည်း မကျူးလွန်ရပါဘဲ ပခုံးပေါ်ရောက်နေသော အကြွေးလို ထာ၀ရ အပြစ်ရှိစိတ်မှာ လူသား၏ လွပ်လပ်မှုနှင့် စိတ်အားထက်သန်မှုတို့ကို မှေးမှိန်စေပေမယ့် မိမိ လုပ်ရပ်ကြောင့် ခံစားရသည့် အကြွင်းမဲ့ အပြစ်ရှိစိတ်ကတော့ လူသား၏ လွပ်လပ်မှုကို သက်သေထူပေးနိုင်သည်။ ထို့ကြောင့် မိမိ၏ စိတ်ထဲက အတွင်းပဋိပက္ခတွေ၊ သံသယတွေ၊ ယုံကြည်မှု ဝေဝါးခြင်းတွေ၊ ဝေခွဲမရ ဖြစ်ခြင်းတွေ၊ စိတ်ဓာတ် ယိုင်လဲခြင်းတွေ စသော အရာတွေက မော်ဒန် အလွမ်းအဆွေးဇာတ်၏ သန္ဓေပြောင်းလဲမှုကို မီးမောင်းထိုးပြပေးသည်။
အလွမ်းအဆွေးဇာတ်ကို ကိုင်တွယ်တင်ဆက်ရာမှာ မော်ဒန်ခေတ်တွင် အနုပညာ ပုံသဏ္ဍာန်များလည်း ပြဇာတ်၊ ကဗျာရှည်သာမဟုတ်တော့ဘဲ ကျယ်ကျယ်ပြန့်ပြန့် အသွင်ယူလာကြကြောင်း ဖော်ပြခဲ့ကြပြီး ဖြစ်သည်။ အလွမ်းအဆွေးဇာတ်ကို အမျိုးအစားတစ်ရပ်အဖြစ် စစ်ယူပြီး အနုပညာ ပုံသဏ္ဍာန်အမျိုးမျိုးအဖြစ် ဆင့်ပွား ဖန်တီးခဲ့သည်များတွင် ရုပ်ရှင် အနုပညာလည်း တစ်ခု အပါအဝင်ဖြစ်သည်။ အထက်မှာ ဖော်ပြခဲ့သည့် Kierkegaard ၏ မော်ဒန် အလွမ်းအဆွေးပြဇာတ် အယူအဆကို အနုပညာ ပုံသဏ္ဍာန်များဖြင့် ပြန်လည် ဖော် ထုတ် တင်ဆက်ခဲ့သူများထဲတွင် Ingmar Bergman ကထင်ရှားကျော်ကြားသည်။ သူ၏ ရုပ်ရှင်များအကြောင်း စာအုပ်ထုတ်ဖို့ ထပ်ကျော့ ပြန်လည် ကြည့်ရှုချိန်မှာ စိတ်ဓာတ်ကျမိကြောင်း Bergman ကိုယ်တိုင်က ဝန်ခံရသည့် သူ၏ဇာတ်ကားများမှာ မော်ဒန်လူသားဘ၀ကို အဇ္ဈတ္တပိုင်းမှ အသေးစိတ် စိစစ် လေ့လာချက်များအဖြစ် လူအများက သိကြသည်။ The Virgin Spring (1960) မှာဘာသာရေးကိုင်းရှိုင်းသော မိသားစုမှ သမီးအပျိုစင်ကို ဘုရားမဲ့၊ တရားမဲ့ တိတ္ထိများက အလိုမတူ စော်ကားလိုက်သဖြင့် မိဘဖြစ်သူများက ပြန်လည် ကလဲ့စားချေသည့် ဇာတ်လမ်းဖြစ်ပြီး Shame (1968) မှာ ပြည်တွင်းစစ်ကြားက မြေစာပင်ဖြစ်ရသည့် ဂီတ အနုပညာရှင် လင်မယား နှစ်ယောက်အကြောင်း ဖြစ်သည်။ Bergman ၏ ရုပ်ရှင်နည်းနာများတွင် လူသိများသော ဟန်တစ်ခုက အနီးကပ်ရိုက်ချက် (Close-up) များကို အလွန်အကျွံနီး ပါး အသုံးပြုခြင်း ဖြစ်သည်။ လူ့မျက်နှာ၏ အခါမလပ် လှုပ်ရှားပြောင်းလဲမှုကို စွဲမက်လို့ အနီးကပ် ရိုက်ချက်များ ကို အချိန်ပေး ရိုက်ကူးကြောင်း Bergman ကဝန်ခံဖူးသလို ရုပ်ရှင်ဘာသာစကားအရ ကြည့်လျှင် အနီးကပ် ရိုက်ချက် ဆိုသည်မှာ ဇာတ်ကောင်၏ ရင်တွင်း ခံစားချက်များကို အတတ်နိုင်ဆုံး ထင်ဟပ်စေခြင်း ဖြစ်ကြောင်း အမှတ်ရပါက သူ၏ အနုပညာ တိမ်းညွတ်မှုကို ဟပ်မိနိုင်သည်။ အထက်မှာဆိုခဲ့သလို ဇာတ်လမ်းအတွင်းက လောကကြီး ကမောက်ကမနှင့် ဇောက်ထိုးမိုးမျှော် ခါးချိုးလိုက်ရသည့် အတွေ့အကြုံကို ဖြစ်စေသော အဖြစ်အပျက်မှာ တင်ကြို ထိန်းချုပ် ဟန့်တားနိုင်စွမ်း မရှိသော ပြင်ပအင်အားစုများထက် မိမိ၏ စိတ်ထဲမှ ယုံကြည်မှု၊ ကိုယ်ကျင့် တရား၊ အဓိပ္ပာယ်များ ပြိုလဲရခြင်းကြောင့် သိစိတ်၏ နောက်ပြန်လှည့် မရသော အပြစ်စိတ်၊ စက်ဆုပ်စိတ်၊ ပူလောင်စိတ်များသာ ဖြစ်ကြောင်း ဇာတ်လမ်းနှင့် ရုပ်ရှင်ဘာသာစကားအရ ကောက်ချက်ချနိုင်သည်။ နတ်ဆိုး သည် သူ၏ညာဉ်အရ ဖြူစင်သူကို ဆွဲဆောင်လှည့်ဖျားပြီး ဖူးပွင့် ရှင်သန်ရမည့် ကောင်းခြင်းကို ညိုးသေစေ ကြောင်း မိခင်က သမီးကို ဆုံးမသည့်နေ့မှာတင် သမီးဖြစ်သူမှာ လူယုတ်မာတစ်သိုက်၏ ပန်းကောင်း အညွန့်ချိုး ခံလိုက်ရပုံကို The Virgin Spring ထဲမှာ ကြေကွဲဖွယ်အဖြစ် ဇာတ်ရှိန်တင်ခဲ့ပေမယ့် ရန်သူကို ပါးတစ်ဖက်ထိုးပေးဖို့ ဟောကြားသောတရားကို ယုံကြည်သက်ဝင်သည့် မိဘများ၏ အထိန်းအကွပ်မဲ့ ဒေါသနှင့် နစ်နဲသော ယူကြုံးမရ ဖြစ်မှုကြောင့် ကျူးလွန်ဖြစ်သွားသော ကလဲ့စားကသာ ဇာတ်သိမ်း၏မျက်ရည်ကို မြေကမ္ဘာထဲမှ လျှံ တက် စီးဆင်းစေခဲ့ခြင်း ဖြစ်သည်။ ထိုမျက်ရည်မှာ မိဘ၏ အပြစ်ရှိစိတ်နှင့် နောင်တအတွက် ကျသော သွားလေသူ သမီး၏ မျက်ရည်လို့ ဆိုနိုင်သည်။ Shame (1968) ထဲတွင်လည်း ပြည်တွင်းစစ်ကြောင့် ဝါသနာနှင့်ဘ၀ကို ခဏဖြုတ်သိမ်းပြီး လွတ်မြောက်ဒေသတစ်ခုတွင် ရုန်းကန်နေရသော အနုပညာသည်မောင်နှံမှာ ရှောင်ပြေးလို့ မလွတ်နိုင်သည့် ကူးစက်မြန်သော စစ်မီး၏ မီးညွန့်မီးတောက်များကြားထဲ လောင်မြိုက်ရပုံကို သရုပ်ဖော်ထားသည်။ သို့သော် Bergman အာဘော်အတိုင်း ဇာတ်အိမ် ပဋိပက္ခကို လက်ကုန်နှိုက်ကြည့်လျှင် အဇ္ဈတ္တ၏ ချိနဲ့ ပျော့ညံ့မှုကိုသာ တွေ့ရမည်ဖြစ်သည်။ တိတ်ဆိတ်ခြင်း၏ အသံကို နားစွင့်နေသူ၏ ဒုက္ခ၊ ပေါ်မလာမည့်သူကို မျှော်နေရသူ၏ ဒုက္ခလို အဓိပ္ပာယ်မဲ့ ဝေဒနာ ဖြစ်သည်။ သည်လို လူ့ဘ၀၏ အထီးကျန်မှု၊ ခိုကိုးရာမဲ့မှု၊ ဆောက်တည်ရာမဲ့မှု ဝေဒနာကို Bergman က စက္ခုရသ၏ ဆန်းကြယ်သော တန်ဆာပလာများဖြင့် ပြောင်မြောင်လှပအောင် ဆင်မြန်း ပြသနိုင်သည်။ (Bergman ၏ ရုပ်ရှင်တွေကို စိတ်ဓာတ်ကျစရာကောင်းကြောင်း ယူဆချက်က လူ့ဘ၀၏ အမြစ်တွယ်ရာ ဒုက္ခဝေဒနာအကြောင်းချည်းသက်သက် အမျိုးမျိုးအဖုံဖုံ ရိုက်ကူးနေသော ပျင်းရိငြီး ငွေ့ဖွယ် စိတ်ကူးအဖြစ် မှတ်ယူထားချက်ကြောင့် ဖြစ်နိုင်သည်။ သို့သော် Bergman က လူတိုင်းသိသည့် ဘ၀သက်သက် ၏ ဒုက္ခကို အပ်ကြောင်းထပ် တင်ဆက်နေတာမဟုတ်။ မလာသူကို မျှော်သော၊ မခေါ်သူကို စောင့်သော၊ နားမထောင်သူကို ပြောသော စသဖြင့် ဥပေက္ခာနှင့်သူကို တပ်မက် ပုံအောချင်သူတို့၏ အတ္တဘ၀ ဝေဒနာကိုသာ သူက ခံစားစေလိုကြောင်း ရှုထောင့်ပြောင်းကြည့်နိုင်သည်။ သည်လို ရှုထောင့်ပြောင်းလိုက်လျှင် သူ၏ ရုပ်ရှင်များက စိတ္တဥတု အုံ့မှိုင်းစေဖို့ထက် သာမာန်အချိန် ပိတ်ဆီး ဖုံးကွယ်နေသော စိတ်၏ အရိပ်တစ္ဆေများကို ကြည်ကြည်လင်လင် ပီပီသသ မြင်လာရစေသည်။ ) ဂရုမစိုက်ဟန်ဖြင့် တိမ်ရေးအလှသာ ရေးခြစ်လျက် ပြန့်ကားခြုံ လွှမ်းထားသော ကောင်းကင်အောက် ခြောက်သွေ့သောတောင်ကုန်းပေါ်မှ တစ်ထီးတည်း ထူမတ်နေရသော ယိုင်နဲ့နဲ့ သစ်ပင်လေးမှာ ကျုးလွန်မည့်ဆဲဆဲ အကုသိုလ်နှင့် အပြစ်စိတ်၏ လေးလံမှုဖြင့် တွန်းလှဲခံလိုက်ရသည်။ The Virgin Spring (1960) တွင် ထိုဇာတ်ကွက်ကို ကြည့်ရှုရသည်။ အဆုံးအဆမဲ့ ကျယ်ပြောပြီး မြင်လေသမျှ တွင် လှိုင်း၊ရေပြင် နှင့် မရဏပြရုပ် အလောင်းကောင်များသာရှိသော ပင်လယ်ထဲ ဘယ်သောင်ဘယ်ကမ်း ကပ်ရမှန်းမသိဘဲ မျောရွေ့နေသော လှေတစင်းပေါ်က စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် လူ့ဘ၀ကို Shame (1968) တွင် ခိုင်းနှိုင်းသရုပ်ဖော်သည်။ ထိုဇာတ်ကားများတွင် ကြေကွဲစရာဖြစ်ရခြင်း၏ လက်သည်မှာ မူလအစတွင် ပြင်ပ အဖျက်အမှောင့် အင်အားစုများ (သူခိုး ဓားပြ အရိုင်းအစိုင်းများ၊ ပြည်တွင်းစစ်) ဖြစ်ပေမယ့် အမှန်တကယ်တမ်း ကျော်ဖြတ်ရ အခက်ဆုံးမှာ မျှော်လင့်ချက်၊ တန်ဖိုး၊ ကယ်မြောက်ခံရမှု စသော ကတိများ ကျိုးပျက် ကြွေမွမှုကြောင့် ဖြစ်ပေါ်လာရသည့် ဝေဒနာကို ခါးစည်းခံရသော အဇ္ဈတ္တ၏ ဗလာဟင်းလင်းပြင်သာ ဖြစ်သည်။ ရှုံးနိမ့် ပြိုလဲရသော ဇာတ်ကောင်၏ ကြေကွဲစရာကောင်းသော အဖြစ်အပျက်မှာ ပြင်ပ အဖျက်အမှောင့် အင်အားစုများ၏ လွှမ်းမိုးမှုကို မတွန်းလှန်နိုင်သော အစွမ်းမဲ့ခြင်းကြောင့်လို့ တစ်ထစ်ချ ဆိုမရ။ ထို အစွမ်းမဲ့နေခြင်း ကွက်လပ်ကို ပြန်လည် မဖြည့်ဆည်းနိုင်သော အဇ္ဈတ္တ ဟောင်းလောင်းပေါက်၏ ချောက်နက်ကြီးထဲ ထိုးကျသွားခြင်းကြောင့်လည်း ဖြစ်သည်။ မော်ဒန် အလွမ်းအဆွေးဇာတ်မှာ ဒုတိယသဘောကို ပိုမို ရှေ့တန်းတင်သည်။ အဇ္ဈတ္တ၀င်္ကပါထဲ အတ္တထွက်ပေါက်မဲ့နေခြင်းမှာ မော်ဒန် အလွမ်းအဆွေးဇာတ်၏ ကြေကွဲစရာကောင်းခြင်း ဖြစ်သည်။

သို့သော် မော်ဒန် အလွမ်းအဆွေးဇာတ်က ပဋိပက္ခကို ပုဂ္ဂလပိုင်ပြုပြီး ထိုမှတဆင့် တွေ့ကြုံခံစားရသော ဘေးဒုက္ခများကို ပြင်ပ အဖျက်အမှောင့် အင်အားစုများကြောင့် ဖြစ်ရသည့် မတော်တဆဖြစ်အင်များလို့ ပုံဖော်သတ်မှတ်ကြောင်း ဟေဂယ်က ဝေဖန်ခဲ့သည်။ ဆိုလိုသည်က မော်ဒန် အလွမ်းအဆွေးဇာတ်၏ ပဋိပက္ခမှာ အပြစ်ကင်းသူအပေါ် ပြိုကျ သက်ရောက်လာသော ဘေးဒုက္ခများသည် အရိုင်းအစိုင်းများလို၊ ပြည်တွင်းစစ်လို မျှော်မှန်းထားလို့ မရဘဲ ကြုံရာကျပန်း ဖြစ်ချင်တိုင်းဖြစ်နေသော အင်အားစုများအဖြစ် မြင်သည့်အတွက် ထိုအင် အားစုများနှင့် မကြုံခဲ့လျှင်၊ ထိုဘေးဒုက္ခများ မခံစားခဲ့ရလျှင် ဆိုသော ဘေးရှောင် ခိုလှုံချင်သော စိတ်ကူးယဉ်မှု များကို ပေါက်ဖွားစေပြီး သမိုင်း၏ ခရီးရှည်ကြီးကို အဓိပ္ပါယ်မဲ့စေသောကြောင့် ဖြစ်သည်။ ပဋိပက္ခကို တစ်ဦး တစ်ယောက်ချင်း ရှောင်လွှဲချင်သော တိမ်းညွှတ်မှုကို ဖြစ်စေပြီး အဖြေကိုလည်း တစ်ဦးတစ်ယောက် တစ်သီးပု ဂ္ဂလ၏ စိတ္တဗေဒနှင့် လုပ်ကိုင်စွမ်းဆောင်နိုင်ရည်ဆီ လျှော့ချလိုက်သောကြောင့်ဖြစ်သည်။ ဟေဂယ်၏ အမြင် မှာ လောကသမိုင်း၏ အနတ္တဝိညာဉ်တော်နှင့် လူ့သမိုင်း၏ စနစ်တကျ အနှစ်သာရ ပြည့်၀သော အဓိပ္ပါယ်ရှိမှု အပေါ် အခြေပြုထားတာကြောင့် ထိုအယူအဆများကို ဝေဖန် စစ်ကြောလာသော နှစ်ဆယ်ရာစု အတွေးအခေါ် များ၏ အလွမ်းအဆွေးဇာတ်ဆိုင်ရာ အတွေးအမြင်၊ သဘောထားများလည်း နောက်ပိုင်းတွင် ပေါ်ထွက်လာကြ သည်။
ကိုးကား
'Tragedy' by Terry Eagleton
'Images: My Life in Film' by Ingmar Bergman