အဂ္ဂိရိတ်ဝိဇ္ဇာ - အောင်မြတ်မင်း
အောင်မြတ်မင်း
ဤသို့အားဖြင့် သီးခြား ဖြစ်၍ မိမိကိုယ်ကိုသာ အားကိုးရာ ဖြစ်ခဲ့သော ကျွန်တော်သည် ရဲတိုက် အတွင်းရှိ မှောင်မိုက် ခြောက်လှန့်ဖွယ် စာကြည့်တိုက်ကြီး၌ ပြည့်လျှံနေသည့် ကျမ်းကြီးကျမ်းခိုင်များကို လေ့လာခြင်းဖြင့် လည်းကောင်း၊ တောင်ခြေ၏ ဘေးဖက်တွေကို ခြုံလွှမ်းလျက်ရှိသော တစ္ဆေသဖွယ် တောအုပ်အတွင်း နေဝင်ရီတရောအချိန်၌ ရည်ရွယ်ချက်၊ ဦးတည်ချက်မရှိ လှည့်ပတ် လျှောက်သွားခြင်းဖြင့် လည်းကောင်း၊ ငယ်ဘ၀၏ အချိန်နာရီများကို ကုန်ဆုံးခဲ့ရသည်။ အစောပိုင်း ကာလများ၌ ကျွန်တော်၏ စိတ်တွင် ညိုးနွယ် မှိုင်တွေခြင်း အရိပ်အယောင်များ ရှိခဲ့ရခြင်းမှာ ယခုလို ပတ်ဝန်းကျင်၏ သက်ရောက်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သဘာ၀တရား၌ ကိန်းဝပ်နေသည့် အမှောင်စွမ်းအား နှင့် ဂမ္ဘီရသဘောတို့ကို လေ့လာ လိုက်စားမှုများက ကျွန်တော်၏ စိတ်ဝင်စားမှုကို သိမ်းပိုက်ထားခဲ့သည်။
ကျွန်တော်တို့၏ မျိုးရိုးစဉ်ဆက်နှင့် ပက်သက်၍ ကျွန်တော်သည် ပြောပလောက်အောင်ကိုပင် အနည်းအကျဉ်းမျှသာ လေ့လာခွင့်ရခဲ့သည်။ သို့သော် ကျွန်တော် ယခုလို သေးငယ် သိမ်နုတ်စွာ ရရှိနိုင်ခဲ့သော အသိပညာတို့က ကျွန်တော့်ကို ပိုမို စိတ်သောက ရောက်စေခဲ့ပုံ ရသည်။ အစ၌ ဤသို့ဖြစ်ရသည်မှာ ကျွန်တော်၏ အိမ်ကြီးအကြောင်း ထုတ်ဖော် ပြောဆိုလိုက်သော အခါတိုင်း ခံစားမိနေသည့် ထိတ်လန့် တုန်လှုပ်မှု တစ်ရပ်ကို ဖြစ်စေသော ကျွန်တော့်ဖခင်၏ ဘိုးစဉ်ဘောင်ဆက်အကြောင်းကို ကျွန်တော်နှင့် ဆွေးနွေးရန် ကျွန်တော့်ဆရာ၏ သိသိသာသာ တွန့်ဆုတ်နေမှုကြောင့် ဖြစ်သည်။ နောက်ပိုင်း တဖြည်းဖြည်း ကြီးပြင်းလာသောအခါ ယခင်ကထူးဆန်းသည်ဟု ကျွန်တော်ထင်ခဲ့ပြီး ယခုအခါ အာရုံတွင် မထင်မရှားဖြင့် ကြောက်မက်ဖွယ် ကောင်းလာသော အခြေအနေတစ်ရပ်နှင့် ဆက်စပ်မှုရှိသည့် အပြတ်ပြတ်တောက် တစ်ပိုင်းတစ်စစီ ဖြစ်နေသော ဩဝါဒများ (စိတ်ဆန္ဒမပါဘဲ တရိပ်ရိပ်တိုးလာသည့် ဇရာဒုဗ္ဗလကြောင့် ထစ်ငေါ့လာသော လျှာချော်မှုကနေ ထွက်ကျလာသည့်စကားများ) ကို ကျွန်တော်သည် ချိတ်ဆက် တွေးယူ ကြည့်လာနိုင်ခဲ့သည်။ ကျွန်တော် အရိပ်အမြွက်မျှ ညွှန်းဆိုခဲ့သည့် အခြေအနေတစ်ရပ် ဆိုသည်မှာ ကျွန်တော်၏ မျိုးရိုးစဉ်ဆက်မှ ကွန်တေး အားလုံး ဆုံးပါးခဲ့ကြသည့် အစောပိုင်း အသက်အရွယ်ပင် ဖြစ်သည်။ ဤကိစ္စကို အသက်တိုသည့် လူတို့၏ သဘာ၀ ပင်ကိုယ်ဗီဇ အဖြစ်သာ ယနေ့အချိန်အထိ ကျွန်တော် တွေးထင် မှတ်ယူ ခဲ့လင့်ကစား နောက်ပိုင်းတွင် ယခုလို အရွယ်မတိုင်ခင် ကြွေလွင့်မှုများကို အချိန်အတန်ကြာ တစိမ့်စိမ့် ချင့်ချိန် တွေးဆပြီးနောက် ကျွန်တော်တို့၏ မျိုးရိုးဘွဲ့ ဆက်ခံသူများ အပေါ် ရာစုနှစ်ပေါင်းများစွာ အကြာထိ အသက် သုံးဆယ်နှစ်နှစ် မကျော်အောင် တားမြစ် ပိတ်ပင်ထားသည့် ကျိန်စာအကြောင်း မကြာခဏ ပြောလေ့ရှိသော အဘိုးအို၏ ဟိုတစ်စ ဒီတစ်စ စကားများနှင့် စတင်ချိတ်ဆက်ကြည့်မိလာခဲ့သည်။ ကျွန်တော် အသက် နှစ်ဆယ့်တစ်နှစ် ရောက်သည့်အချိန်၌ အိုမင်းလာသော ပီယာက မျိုးဆက်ပေါင်းများစွာ အဖေမှသားသို့ ပိုင်ဆိုင်ဆိုင်သူများ အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့သည်ဟု ဆိုသောမိသားစု မှတ်တမ်းကို ကျွန်တော့်အား ပေးအပ်ခဲ့သည်။ ၎င်း၏ အကြောင်းအရာများသည် အင်မတန် ထိတ်လန့် တုန်လှုပ်ဖွယ် ကိစ္စများ ဖြစ်သည်။ ထို့အပြင် ၎င်းကို ဖတ်ရှုခြင်းသည် ကျွန်တော့် သုံးသပ်ချက်များ၏ လေးနက်မှုကို အတည်ပြုပေးခဲ့သည်။ ထိုအချိန်တွင် သဘာ၀လွန် ဖြစ်ရပ်များ၌ ကျွန်တော်၏ ယုံကြည်မှုမှာ ပိုမိုခိုင်မာ၍ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာခဲ့သည်။ ထိုသို့မဟုတ်ပါက ကျွန်တော်၏ မျက်စိရှေ့တင် ဇာတ်ရည်လည်လာသည့် အံ့ဩဖွယ် ဇာတ်ကြောင်းတစ်ခုကို မထီမဲ့မြင် စွန့်ပစ်လိုက်ဖို့သာ ရှိတော့သည်။
ကျမ်းစာက ကျွန်တော့်ကို ဆယ့်သုံးရာစု၏ နေ့ရက်များ ဆီသို့ ပြန်လည် ခေါ်ဆောင်သွားသည်။ ထိုအချိန်၌ ကျွန်တော် ယခု နေထိုင်နေသော ရဲတိုက်ကြီးသည် ဖိန့်ဖိန့်တုန်အောင် ကြောက်ရ၍ ထိုးဖောက် တိုက်ဖျက်လို့ မရနိုင်သည့် ခံတပ်ကြီးတစ်ခုဖြစ်ခဲ့သည်။ ထိုကျမ်းစာက ကျနော်တို့ပိုင် ကျေးလက် ခြံဝင်းများအတွင်း နေထိုင်သည့်၊ လယ်သမားသာသာ ရှိသော်လည်း ကြီးမားသော အောင်မြင်များ ရယူခဲ့ဖူးသည့် ရှေးပုဂ္ဂိုလ်ကြီးတစ်ယောက်အကြောင်းကို ဇာတ်ကြောင်း ပြန်ထားသည်။ သူ၏ အတိတ်နမိတ် မကောင်းသော ဂုဏ်သတင်းများကိုအခြေခံ၍ ထိုသူသည် မိုက်ကယ် အမည်ရှိပြီး မကောင်းဆိုးရွားဟု အနက်ရသည့် မော်ဗားဟူသော မိသားစုနာမည် မှတ်တွင်လေသည်။ သူသည် သူ့အတန်းအစား၏ ဓလေ့ထုံးစံကို ပစ်ပယ်ကာ ဂမ္ဘီရ ကျောက်တုံး၊ သက်တော်ရှည် မှော်ပြဒါး စသည့်အရာများကို လေ့လာ ရှာဖွေခဲ့ပြီး စုန်းကဝေ အတတ် နှင့် အဂ္ဂရိတ် ပညာတို့၏ ကြောက်ခမန်းလိလိ လှို့ဝှက်ချက်များကို ထုံးလိုမွှေ၊ ရေလိုနှောက် ကျမ်းကြေသည်ဟု ဂုဏ်သတင်း ကျော်စောသည်။ မိုက်ကယ် မော်ဗားတွင် ချားလ်ဟုခေါ်သည့် သားတစ်ယောက် ရှိလေသည်။ သူသည်လည်း ဖခင်ကဲ့သို့ တိမ်မြှုပ်နေသောပညာရပ်များတွင် တဖက်ကမ်းခတ် တတ်ကျွမ်းသည့် လူငယ် ဖြစ်ပြီး သူ့ကို မှော်ဆရာလေးဟု ခေါ်ကြသည်။ ရိုးသားသော ကျေးလက် တောင်သူများက ခပ်ကင်းကင်း နေထိုင်ကြသည့် ဤသားအဖသည် အကျည်းတန်ဆုံး အလေ့အထ ကျင့်ထုံးများ စီရင်လေ့ရှိကြောင်း သင်္ကာမကင်း ဖြစ်ကြသည်။ မိုက်ကယ်ကြီးသည် နတ်ဆိုးထံ ယဇ်ပူဇော်မှုအဖြစ် သူ၏ မိန်းမကို အရှင်လတ်လတ် မီးသဂြိုလ်ခဲ့သည်ဟု ဆိုကြသည်။ မရေမတွက်နိုင်လောက်အောင် ပျော်ကဆုံးခဲ့ကြသည့် လယ်သမား ကလေးငယ်များကို ထိုသူနှစ်ဦး၏ အိမ်ရှေ့တံခါး၌ လာရောက်စွန့်ပစ်ထားသည်ကို တွေ့ရတတ်သည်။ သို့စေကာမူ ဖခင်နှင့်သားဖြစ်သူတို့၏ အမိုက်မှောင် ပြည့်နှက်နေသော သဘာ၀ကြား၌ လူဆန်မှု လင်းရောင်ခြည်တစ်တန်း စီးဆင်းနေခဲ့သည်။ အငယ်ဖြစ်သူတွင် သားသမီးတို့၏ ခင်တွယ်မှုထက် ပိုနေသည့်အရာမျိုး သူ၏ ဖခင်အတွက် ရှိသလို မနှစ်မြို့ဖွယ် အဘိုးအိုသည်လည်း သူ၏ သားဖြစ်သူကို အသည်းခိုက်မတတ် ပြင်းပြင်းပြပြ ချစ်မြတ်နိုးလေသည်။
တစ်ည၌ ဟင်နရီကွန်တေး၏ သားဖြစ်သူ ဂေါ့ဒ်ဖရေးလေး ပျောက်ဆုံးသွားမှုကြောင့် တောင်ကုန်းပေါ်ရှိ ရဲတိုက်ကြီးတွင် ထိန်းမနိုင် သိမ်းမရ ၀ရုန်းသုန်းကား ပွက်လောရိုက်ကုန်လေသည်။ သောက ဗျာပွေနေသော ဖခင် ဖြစ်သူ ဦးဆောင်သည့် ရှာဖွေရေးအဖွဲ့သည် မှော်ဆရာများ နေထိုင်သည့် တဲအိမ်များကို ကျူးကျော် ဝင်ရောက်ခဲ့ကြပြီး နောက်ဆုံးတွင် ပွက်ပွက်ဆူနေသော ဒယ်ဆောက်အိုးကြီးတစ်အိုးနှင့် အလုပ်များနေသည့် မိုက်ကယ်မော်ဗားဆီသို့ ဆိုက်ရောက်လာခဲ့သည်။ ဒေါမာန် ပေါက်ကွဲ၍ ခြေကုန် လက်ပန်းကျခြင်း တို့ကြောင့် အစိုးမရသော မိုက်မဲမှုနှင့် ပြည့်နှက်နေသည့် မြို့စားကြီး ကွန်တေးသည် တိကျ သေချာသော အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ မှော်ဆရာအိုကြီးကို ဖမ်းချုပ်လိုက်သည်။ သူ၏ ခက်ထန် သွေးကြွနေသော စိတ်တို့ မပြေလျှော့နိုင်ခင် အချိန်တိုလေး အတွင်း၌ သူ၏ ရန်သူမှာ အသက်မရှိတော့ချေ။ ထိုစဉ် အတောအတွင်း ဂေါ့ဒ်ဖရေးလေးကို စံအိမ်တော်ကြီး၏ အသုံးမပြုတော့သည့် ခန်းဆောင်ကြီးထဲတင် ရှာဖွေ တွေ့ရှိပြီ ဖြစ်ကြောင်း ဝမ်းသာအားရ ဖြစ်နေသော အစေခံတို့က သတင်းပို့လာကြသောအခါ အချိန်လွန်သွားပြီ ဖြစ်သဖြင့် သနားစရာ မိုက်ကယ်မှာ အကြောင်းမဲ့ သပ်သပ် အဆုံးစီရင် ခံလိုက်ရလေသည်။ ကွန်တေး နှင့် သူ၏အပေါင်းအပါတို့က အဂ္ဂိရိတ်ဝိဇ္ဇာတို့၏ နိမ့်ပါးသော နေရပ်ဌာနေမှ လှည့်ထွက်လာသည့် အခိုက် သစ်ပင်များအကြားမှ မှော်ဆရာလေး ချားလ်၏ ပုံရိပ်က ထွက်ပေါ်လာသည်။ အိမ်တွင်း အစေခံတို့၏ အမျဉ်မပြတ် စကားများက ဖြစ်ပျက်ခဲ့သည်များကို သူ့အား ပြောပြနေသော်လည်း အစ ပထမတွင် သူသည် ဖခင်၏ သေဆုံးမှုကြောင့် ထိခိုက်ကြေကွဲခြင်း မရှိပုံ ပေါ်နေသည်။ ထို့နောက် ကွန်တေးထံ ဖြည်းဖြည်းချင်း လှမ်းလျှောက်သွားပြီး ကွန်းတေး စံအိမ်တစ်ခုလုံးကို နောင်အခါ ခြောက်လှန့်နေမည့်ကျိန်စာအား ခြောက်ကပ် ကြောက်မက်ဖွယ် လေယူလေသိမ်းဖြင့် ရွတ်ဆိုလိုက်သည်။
“သင်၏ သားရဲတိရိစ္ဆာန် မျိုးရိုးမှ ပုဂ္ဂိုလ်တိုင်း ဘယ်သောအခါမှ
ထို့နောက် နက်မှောင် သိပ်သည်းနေသည့် တောအုပ်ဆီ ရုတ်တရက် နောက်ပြန်ဆုတ်သွားရင်း သူ၏ အတွင်းခံကိုယ်ကျပ် အင်္ကျီထဲမှ အရာင်မဲ့ အရည်တစ်မျိုး ဖြည့်ထားသည့် ပုလင်းတစ်လုံးကို ဆွဲထုတ်ကာ ကွန်တေး၏ မျက်နှာသို့ လှမ်းပက်လိုက်ပြီးနောက် ည၏ မှောက်မိုက်သော ခြုံလွှာနောက်ကွယ်အတွင်း ပျောက်ကွယ် သွားခဲ့လေသည်။ ကွန်တေးသည် အသံတစ်ချက် မထွက်နိုင်ဘဲ ချက်ချင်း သေဆုံးသွားခဲ့ပြီး နောက်တနေ့၌ သူ့ကို မြှုပ်နှံ သဂြိုလ်ခဲ့ကြသည်။ ထိုအချိန်၌ သူ၏အသက်မှာ အသက်သုံးဆယ်ကို နာရီပိုင်း စွန်းစွန်းမျှသာ ရှိသေးသည်။ မဆုတ်မနစ် ကြိုးစားကြသည့် လယ်သမားလူစုတို့သည် အနီးချုပ်စပ် တောအုပ်များ နှင့် တောင်ကုန်း ပတ်လည်ရှိ မြေနိမ့် ချိုမ့်ဝှမ်းများအတွင်း ပိုက်စိပ်တိုက် ရှာဖွေခဲ့သော်လည်း လူသတ်သမားကို မည်သည့်နေရာမှာမျှ ခြေရာခံနိုင်ခြင်း မရှိခဲ့ချေ။
သို့ဖြင့် အချိန်ကာလနှင့် လျော့ပါးလာသော သတိ အပိုင်းအစ အကြွင်းအကျန်တို့သည် ကွန်တေး မိသားစု၏ နှောင်းပိုင်း ဆက်ခံသူတို့ စိတ်ထဲရှိ ကျိန်စာဆိုး မှတ်ညဏ်ကို မှိန်လျော့ လာစေခဲ့သည်။ ထို့ကြောင့် ဤကြေကွဲဇာတ် တစ်ဇာတ်လုံး၏ အပြစ်ကင်းသည့် အကြောင်းတရားဖြစ်ပြီး အိမ်တော်၏ ဦးစီး ဦးရာ ဖြစ်လာခဲ့သူ ဂေါဒ့်ဖရေးတစ်ယောက် တောလိုက်နေစဉ် မြှားမှန်ကာ အသက်သုံးဆယ်နှစ်နှစ်တွင် သေဆုံးခဲ့သောအခါ သူ၏တိမ်းပါးမှုကို ပူဆွေးသောက ဖြစ်ကြရုံမှ လွဲ၍ အခြား အတွေးများ လုံး၀ မရှိခဲ့ကြချေ။ သို့သော် နှစ်များကြာလွန်ပြီးနောက် ရောဘတ် အမည်ရှိ နောက်ထပ် ကွန်တေး အငယ်တစ်ယောက်ကို အကြောင်း မယ်မယ်ရရမရှိဘဲ သေဆုံးနေသည်ကို တွေ့ရသောအခါ လယ်သမားများသည် သူတို့၏ မြေရှင်ဖြစ်သူမှာ အရွယ်မတိုင်ခင်ဆုံးပါးခဲ့သော အချိန်၌ အသက်အရွယ်အားဖြင့် သုံးဆယ်နှစ်နှစ် မကြာသေးခင်ကမှ ပြည့်ခဲ့ကြောင်း တီးတိုးပြောဆို လာကြသည်။ ရောဘတ်၏ သားဖြစ်သူ လူဝိသည် ထိုကဲ့သို့ ကြမ္မာငင်နေသော အသက်အရွယ်၌ ကျုံးထဲတွင် ရေနစ် သေဆုံးခဲ့ပြန်သည်။ ဤသို့ဖြင့် ထိုကြမ္မာဆိုးသည် နောင်လာမည့် နိမိတ် မကောင်းသော ရာဇဝင်တစ်လျှောက် နှစ်ပေါင်းများစွာ ဆင့်ကမ်း သက်ရောက်ခဲ့သည်။ ဟင်နရီ၊ ရောဘတ်၊ အန်တိုနီ၊ အာမန်တို့သည် သူတို့၏ ဘိုးဘေးဖြစ်သူ သေဆုံးခဲ့သည့် အသက်အရွယ်ထက် မဆိုစလောက် ငယ်သော အချိန်၌ သူတို့၏ ပျော်ရွှင် ပြည့်စုံသော ဘ၀များကို စွန်ခွာ ကြွေလွင့်ခဲ့ကြရသည်။
ကျွန်တော့်တွင် ရှေ့ဆက် အသက်ရှင်ဖို့ အများဆုံး ဆယ့်တစ်နှစ်သာ ကျန်တော့သည့် အချက်ကို ကျွန်တော် ဖတ်ရှုခဲ့ရသောစာများက သေချာစေခဲ့သည်။ ယခင်က တန်ဖိုးနည်းသည်ဟု ယူဆခဲ့သော ကျွန်တော်၏ဘ၀သည် ယခုအခါ နေ့စဉ်နေ့ရက်တိုင်းက ကျွန်တော့်အတွက် မြတ်နိုး တွယ်တာစရာ ဖြစ်လာခဲ့သည်။ ကျွန်တော်သည် တိမ်မြှုပ်နေသည့် စုန်းကဝေ အတတ်ပညာသည် လောက၏ လှို့ဝှက်ဆန်းကြယ်မှုများတွင် ပို၍ နက်နက်ရှိုင်းရှိုင်း နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေ လေ့လာခဲ့သည်။ တသီးတခြား ကြီးပြင်းခဲ့ရသည့် ကျွန်တော့်အတွက် ခေတ်သစ် သိပ္ပံပညာက အထင်ကြီးလောက်စရာ မဖြစ်ခဲ့ချေ။ ကျွန်တော်သည် အလယ်ခေတ်ကအတိုင်း အားထုတ် ကြိုးပမ်းခဲ့ပြီး မိုက်ကယ်ကြီး နှင့် ချားလ်တို့ ကိုယ်တိုင် မိစ္ဆာအတတ်၊ အဂ္ဂိရိတ်ပညာတို့ကိုရှာဖွေသိုမှီးခြင်း အရာ၌ မိမိကိုယ်ကို မြှုပ်နှံခဲ့ကြသည့်နည်းတူ ပြုကျင့်ခဲ့သည်။ သို့သော် ကျွန်တော် ဖတ်ရှုလေ့လာခဲ့သည့်တိုင် ကျွန်တော်တို့ မျိုးနွယ်အပေါ် သက်ရောက်နေသည့် ကျိန်စာကို ဘယ်နည်းနှင့်မျှ အဖြေရှာ မတွေ့ခဲ့ချေ။ ဆင်ခြင်တုံတရား အခြေခံ တွေးမိသော အခိုက်အတန့်များ၌ ကျနော်တို့၏ ဘိုးဘင်ဘောင်ဆက် သေဆုံးမှုများသည် မှော်ဆရာ ချားလ် နှင့် သူ၏ အမွေဆက်ခံသူများကြောင့် ဖြစ်နိုင်သည်ဟု မှတ်ယူနိုင်မည့် သဘာ၀ကျကျ ဖြေရှင်းနည်းများကို ရှာဖွေရန်ပင် ကြိုးစားခဲ့သည်။ သို့သော် အဂ္ဂိရိတ်ဝိဇ္ဇာရှင်တွင် မည်သည့် မျိုးဆက်မှ မကျန်သည့် အချက်ကို တွေ့ရှိခဲ့ရပြီးနောက် ကျွန်တော်သည် ဂမ္ဘီရပညာရပ်များထံ ပြန်လည် ဦးလှည့်ခဲ့ပြီး ကျွန်တော်၏ အိမ်တော်ကို ကြောက်မက် တုန်လှုပ်ဖွယ် ဝန်ထုပ်ဝန်ပိုးမှ လွတ်မြောက်စေနိုင်မည့် မန္တန်ကို ရှာဖွေဖို့သာ နောက်ထပ်တစ်ကြိမ် အားထုတ်ခဲ့ရသည်။ ပြဿနာတစ်ရပ်ကိုဖြင့် ကျွန်တော့်အနေနှင့် ကျိမ်းသေဖြေရှင်းခဲ့သည်။ တခြားသော မိသားစု အနွယ်ပွားများ အသက်ရှင်လျက် မရှိကြတော့သောကြောင့် ကျိန်စာကို ကျွန်တော်နှင့်တစ်ပါးတည်း အဆုံးသတ်နိုင်စေရန်အတွက် ကျွန်တော်သည် လုံး၀လက်မထပ်ခဲ့ချေ။
ရုတ်တရက် နောက်ဆုံး ထွက်သက်အားဖြင့် နှိုးထခံလိုက်ရသည့် အယုတ်တမာမျိုးသည် စိုထိုင်း နစ်ဝင်နေသော စင်္ကြန်လမ်းပေါ် လက်ထောက်ကာ သူ၏ ဦးခေါင်းကို ကြွလိုက်သည်။ ကြောက်ရွံစိတ်ဖြင့် အကြောသေနေသော ကျွန်တော်သည် နဂိုနေမြဲအတိုင်း ရှိနေစဉ် နောင်အခါ ကျွန်တော့်ကို နှစ်ပေါင်းများစွာ နေ့နေ့ညည ခြောက်လှန့်နေမည့်စကားများအား သူသည် သူ၏ နောက်ဆုံးထွက်သက် အသံနက်ဖြင့် အော်ပြော လိုက်လေတော့သည်။
“ ဒီမှာ သူရူး၊ သင် ငါ၏ လျှို့ဝှက်ချက်ကို မခန့်မှန်းနိုင်ဘူး ဟုတ်စ၊ သင်၏ အိမ်တော်ကို သက်ရောက်စေခဲ့သော ကျိန်စာဆိုးကို နှစ်ပေါင်းခြောက်ရာ တိုင်တိုင် သင့်စေခဲ့သည့် စိတ်စွမ်းအားကို နားလည်နိုင်လောက်မည့် ဦးနှောက်မျိုး သင့်မှာ မရှိ။ သင့်ကို သက်တော်ရှည် ပြဒါးရှင်အကြောင်း ငါ မပြောခဲ့ပေဘူးလား။ အဂ္ဂိရိတ်ပညာ၏ လှို့ဝှက်ချက်ကို ဖြေရှင်းနည်း သင် မသိ။ ငါပြောမည် အခု။ အဲ့ဒါ ငါပဲ။ ငါပဲကွ။ လက်စားချေမှုကို နှစ်ပေါင်းခြောက်ရာ တိုင်တိုင် ထိန်းသိမ်းဖို့ ငါ အသက်ရှင်ခဲ့သည်။ ဒါဟာ ငါသည် မှော်ဆရာချားလ် ဖြစ်နေလို့ ပေတည်း။…”
"The Alchemist" by H.P.Lovecraft ကို ပြန်ဆိုသည်။
H.P. Lovecraft မှာ နှစ်ဆယ်ရာစု အမေရိကန်လူမျိုး စာရေးဆရာဖြစ်သည်။ သူ၏ ထိတ်လန့်သဲဖို အရေးအသားများကို အစဉ်အလာ ဝတ္ထုများ၏ အကြောင်းအရာများနှင့် မတူ ကွဲပြားသော Cosmic Horror အမျိုးအစား အဖြစ် သတ်မှတ်ကြသည်။
အဖုအထစ်များသော တောင်ပူစာ၏ မြက်ထူထူ ထိပ်ပိုင်းတွင် ကျွန်တော်တို့ ဘိုးဘေးဘီဘင်တို့၏ မိုးမတ် မြင့်မား၍ ထီးထီးဖြစ်နေသော ပြင်သစ် ရဲတိုက်အိုကြီး တည်ရှိလေသည်။ ထိုတောင်ပူစာ၏ အခြေ ပတ်ပတ်လည်သည် အလွန်ရှေးကျသော တောအုပ်ကြီး၏ ထွေးအုပ် လိပ်ခေါက်နေသည့် သစ်ပင်များဖြင့် တောဖုံးလျက်ရှိသည်။ ရေညှိများ တက်နေသော ရဲတိုက်တံတိုင်းများ ထက်ပင် ရှေးကျသည့် ဂုဏ်သရေရှိ အမျိုးနွယ်တော်တို့အတွက် နေစရာစံအိမ် နှင့် ခံတပ်အဖြစ် ရာစုနှစ်ပေါင်းများစွာ အမှုတော်ထမ်းခဲ့သော အိမ်ကြီး၏ သရဲခိုတို့သည် တောရိုင်းဆန်၍ ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်ရှိသည့် ကျေးလက်ဒေသ ဆီသို့ ဦးလည် ငေးမောလျက် ကြည့်နေကြသည်။ ခေတ်အဆက်ဆက် လေဒဏ် မိုးဒဏ်တို့ကြောင့် ညစ်နွမ်းလျက် အချိန်ကာလ၏ တိုက်စားမှုကြောင့် တစတစ ပြိုပျက်လာနေသော ရှေးဟောင်းလက်ရာ ရဲတိုက် မျှော်စင်မွမ်းချွန်းတို့သည် မြေရှင်ပဒေဿရာဇ် ကာလများ၌ ပြင်သစ်ပြည် တစ်ခွင် ဖိန့်ဖိန့်တုန်အောင် အရှိန်အဝါ ကြီးမားသော ရဲတိုက်များထဲမှ တစ်ခု အပါအဝင် ဖြစ်ခဲ့ပေသည်။ ၎င်း၏ ခဲရဲပူလောင်းပေါက် ပါရှိသော ရင်တားများနှင့် ကင်းစောင့်သရဲခိုပေါ်မှ ဘာရွန် မှူးမတ်များ၊ မြို့စားများ၊ ဘုရင်ခံများပါ မကျန် အာဏာဖီဆန် ခံခဲ့ရစေကာမူ ၎င်း၏ ပြန့်ပြူး ကျယ်ဝန်းသောခန်းမများ အတွင်း ကျူးကျော်သူတို့၏ ခြေသံ ပဲ့တင်ထပ်ရခြင်း မရှိခဲ့ပေ။
သို့သော် ဤကဲ့သို့ ခမ်းနားသော နှစ်ကာလများ ပြီးကတည်းက အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ ဆုတ်ယုတ် လျော့ပါးသည့် အခြေအနေကို ကုန်သည်ဘ၀ လိုက်စားခြင်းအားဖြင့် မျိုးရိုးနာမည်၏ ဂုဏ်ပုဒ်ကကာကွယ်ဖေးမ ပေးထားမှုနှင့်အတူ ချွတ်ခြုံကျလာသော်လည်း သေရေးရှင်ရေး လိုအပ်ချက်ထက် အနည်းငယ်သာလွန်တော့သည့် ဆင်းရဲမွဲတေမှုသည် ကျွန်တော်တို့ မျိုးရိုး၏ အနွယ်တော်များကို သူတို့၏ ပရဝုဏ်များအား ရှေးမူမပျက် ထည်ဝါ ခန့်ညားမှုများအတိုင်း ထိန်းသိမ်းထားနိုင်စွမ်း မတတ်သာခဲ့ချေ။ တံတိုင်းတို့မှ ပြိုကျနေသည့်ကျောက်တုံးများ၊ ပန်းခြံများထဲရှိ အရိုင်းထနေသည့် သဘာ၀ ပေါက်ပင်များ၊ သွေ့ခြောက် ဖုန်ထူနေသည့်ကျုံးများ၊ ချိုင့်ခွက်များ ပြည့်နေသည့် ခြံဝင်းကြီးများ၊ အပြင်၌ ပြိုလဲနေသည့် မျှော်စင်များ၊ အိကျ လျော့ရဲနေသည့် ကြမ်းခင်းများ၊ ခြစား မှိုတက်နေသည့် သစ်သားဘောင်ပြားများ၊ အတွင်း၌ အရောင်လွင့်ပြယ်နေသည့် ဂုန္ထန်ထိုးထည်များ…။ ဤအရာအားလုံးသည် ပျက်စီးလေပြီးသော ခမ်းနားထည်ဝါမှု တစ်ခု၏ မှုန်ဝါး ကြေကွဲဖွယ်ဒဏ္ဍာရီတစ်ပုဒ်ကို ပြောပြနေလေသည်။ သက်တမ်း ကြာမြင့်လာသည် နှင့်အမျှ ဧရာမ သရဲခိုကြီးလေးခုသည် တစ်ခုပြီး တစ်ခု ပျက်စီးကိန်းဆိုက်ခဲ့ပြီး နောက်ဆုံး၌ မျှော်စင်ထီးထီးတစ်ခုသာ တစ်ချိန်က တန်ခိုးထွားခဲ့သော ရဲတိုက် အရှင်သခင်တို့၏ ညိုးငယ် နိမ့်ကျလာသည့် သားစဉ်မြေးဆက်တို့ အတွက် ကျန်ရှိတော့သော အခြေအနေ ဖြစ်လာခဲ့ရသည်။
ကံခေလှပြီး ကျိန်စာသင့် ခံခဲ့ရသော ကွမ်တေးဒီဆက်…မျိုးနွယ်၏ နောက်ဆုံး အနွယ်တော် ဖြစ်သူ ကျွန်တော် အန်တိုနီကို ယခုလို ကျန်ရှိနေသည့် နန်းမြင့် မျှော်စင်ကြီးအတွင်းရှိ ကျယ်ပြန့် မှောင်မိုက်နေသော ခန်းဆောင်များထဲမှ တစ်ခုတွင် လွန်ခဲ့သည့် နှစ်ပေါင်းကိုးဆယ်ခန့်က ဖွားမြင်ခဲ့သည်။ ကျွန်တော့် ဘ၀၏ အစောပိုင်းနှစ်များကို တံတိုင်းများ အတွင်း၌ ဖြစ်စေ၊ မှောင်မည်း၍ အရိပ်ကောင်းသော သစ်တောများ၌ ဖြစ်စေ၊ အောက်ခြေ တောင်ခါးပန်းအနား အလေ့ကျ ဖြစ်နေသော လျိုမြောင်များနှင့် ဂူလှိုဏ်များ၌ဖြစ်စေ ကုန်ဆုံးခဲ့ရသည်။ ကျွန်တော်၏ မိဘများကို သိရှိခဲ့ခြင်း အလျဉ်းမရှိ။ ကျွန်တော် မမွေးခင် တစ်လအလို၌ ရဲတိုက်၏ စွန့်ပစ်ထားသည့်သရဲခိုမှ တစ်နည်းနည်းဖြင့် ကျွတ်ထွက်လာသော ကျောက်တုံး၏ ရိုက်ခတ်ထိမှန်မှုကြောင့် ကျွန်တော့်ဖခင်သည် အသက်သုံးဆယ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ကျွန်တော်၏မိခင်မှာ မီးတွင်းထဲတွင် ဆုံးပါးသွားသဖြင့် ကျွန်တော်၏ နေထိုင်မှုနှင့် ပညာအရည်အချင်းတို့သည် ပီယာဟု ကျွန်တော်မှတ်မိနေသည့် အမျှော်အမြင်ရှိ၍ ယုံကြည်ထိုက်သော အိမ်တော်ထိန်းအိုကြီး၏ လက်ထဲတွင် ကြီးပြင်း တတ်ကျွမ်းခဲ့ရသည်။ ကျွန်တော်သည် တစ်ဦးတည်းသောသား ဖြစ်သည့်အပြင် ဤအချက်ကြောင့် ဖြစ်ရသည့် အပေါင်းအဖော်ကင်းမဲ့မှုမှာ တောင်ကုန်းအခြေကို ဝိုင်းပတ်ထားသော လွင်ပြင်များတွင် ဟိုတစ်စဒီတစ်စ နေထိုင်ကြသည့် လယ်သမားသားသမီးများနှင့် ကျွန်တော့်အား ခွဲထုတ်ထားသည့် ကျွန်တော်၏ အုပ်ထိန်းသူ ကျင့်သုံးသော အထူးအဆန်း ပြုစုစောင့်ရှောက်မှု ပုံစံကြောင့် ပိုမိုဆိုးရွားခဲ့ရသည်။ ထိုအချိန်တုန်းက ပီယာသည် ယခုလို ကန့်သတ်ချက်ကို ကျွန်တော့်အပေါ် ကျင့်သုံးစေခဲ့သည့် အကြောင်းရင်းမှာ ကျွန်တော်၏ အထက်တန်းစား ဇာတိ ထိုအောက်တန်းစား အပေါင်းအသင်းများနှင့် ဆက်ဆံမှု အထက်မှာ ရှိလေသောကြောင့် ဖြစ်ကြောင်း ဆိုခဲ့သည်။ ယခုလို တားမြစ်ချက်၏ တကယ့် ရည်ရွယ်ချက်မှာ ကျွန်တော်တို့ မျိုးနွယ်၌ ရှိသည့် ထိတ်လန့် ကြောက်မက်ဖွယ် ကျိန်စာဆိုးအကြောင်းကို ရိုးအသည့် မြေငှားများက ညအခါ သူတို့၏ တဲပုတ်လေးများအတွင်းရှိ မီးလင်းဖိုမှ ထွက်လာသော မီးရောင်များ ရှေ့တွင် ခပ်တိုးတိုး စကားစမြည် ပြောကြရင်း မှတဆင့် ပုံကြီးချဲ့လာသည့် အခြေအမြစ်မရှိ ယုံတမ်းပုံပြင်တွေ ကို မကြားစေလို၍ ဖြစ်ကြောင်း ယခုအခါ ကျွန်တော် သိရှိခဲ့လေပြီ။
ဤသို့အားဖြင့် သီးခြား ဖြစ်၍ မိမိကိုယ်ကိုသာ အားကိုးရာ ဖြစ်ခဲ့သော ကျွန်တော်သည် ရဲတိုက် အတွင်းရှိ မှောင်မိုက် ခြောက်လှန့်ဖွယ် စာကြည့်တိုက်ကြီး၌ ပြည့်လျှံနေသည့် ကျမ်းကြီးကျမ်းခိုင်များကို လေ့လာခြင်းဖြင့် လည်းကောင်း၊ တောင်ခြေ၏ ဘေးဖက်တွေကို ခြုံလွှမ်းလျက်ရှိသော တစ္ဆေသဖွယ် တောအုပ်အတွင်း နေဝင်ရီတရောအချိန်၌ ရည်ရွယ်ချက်၊ ဦးတည်ချက်မရှိ လှည့်ပတ် လျှောက်သွားခြင်းဖြင့် လည်းကောင်း၊ ငယ်ဘ၀၏ အချိန်နာရီများကို ကုန်ဆုံးခဲ့ရသည်။ အစောပိုင်း ကာလများ၌ ကျွန်တော်၏ စိတ်တွင် ညိုးနွယ် မှိုင်တွေခြင်း အရိပ်အယောင်များ ရှိခဲ့ရခြင်းမှာ ယခုလို ပတ်ဝန်းကျင်၏ သက်ရောက်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သဘာ၀တရား၌ ကိန်းဝပ်နေသည့် အမှောင်စွမ်းအား နှင့် ဂမ္ဘီရသဘောတို့ကို လေ့လာ လိုက်စားမှုများက ကျွန်တော်၏ စိတ်ဝင်စားမှုကို သိမ်းပိုက်ထားခဲ့သည်။
ကျွန်တော်တို့၏ မျိုးရိုးစဉ်ဆက်နှင့် ပက်သက်၍ ကျွန်တော်သည် ပြောပလောက်အောင်ကိုပင် အနည်းအကျဉ်းမျှသာ လေ့လာခွင့်ရခဲ့သည်။ သို့သော် ကျွန်တော် ယခုလို သေးငယ် သိမ်နုတ်စွာ ရရှိနိုင်ခဲ့သော အသိပညာတို့က ကျွန်တော့်ကို ပိုမို စိတ်သောက ရောက်စေခဲ့ပုံ ရသည်။ အစ၌ ဤသို့ဖြစ်ရသည်မှာ ကျွန်တော်၏ အိမ်ကြီးအကြောင်း ထုတ်ဖော် ပြောဆိုလိုက်သော အခါတိုင်း ခံစားမိနေသည့် ထိတ်လန့် တုန်လှုပ်မှု တစ်ရပ်ကို ဖြစ်စေသော ကျွန်တော့်ဖခင်၏ ဘိုးစဉ်ဘောင်ဆက်အကြောင်းကို ကျွန်တော်နှင့် ဆွေးနွေးရန် ကျွန်တော့်ဆရာ၏ သိသိသာသာ တွန့်ဆုတ်နေမှုကြောင့် ဖြစ်သည်။ နောက်ပိုင်း တဖြည်းဖြည်း ကြီးပြင်းလာသောအခါ ယခင်ကထူးဆန်းသည်ဟု ကျွန်တော်ထင်ခဲ့ပြီး ယခုအခါ အာရုံတွင် မထင်မရှားဖြင့် ကြောက်မက်ဖွယ် ကောင်းလာသော အခြေအနေတစ်ရပ်နှင့် ဆက်စပ်မှုရှိသည့် အပြတ်ပြတ်တောက် တစ်ပိုင်းတစ်စစီ ဖြစ်နေသော ဩဝါဒများ (စိတ်ဆန္ဒမပါဘဲ တရိပ်ရိပ်တိုးလာသည့် ဇရာဒုဗ္ဗလကြောင့် ထစ်ငေါ့လာသော လျှာချော်မှုကနေ ထွက်ကျလာသည့်စကားများ) ကို ကျွန်တော်သည် ချိတ်ဆက် တွေးယူ ကြည့်လာနိုင်ခဲ့သည်။ ကျွန်တော် အရိပ်အမြွက်မျှ ညွှန်းဆိုခဲ့သည့် အခြေအနေတစ်ရပ် ဆိုသည်မှာ ကျွန်တော်၏ မျိုးရိုးစဉ်ဆက်မှ ကွန်တေး အားလုံး ဆုံးပါးခဲ့ကြသည့် အစောပိုင်း အသက်အရွယ်ပင် ဖြစ်သည်။ ဤကိစ္စကို အသက်တိုသည့် လူတို့၏ သဘာ၀ ပင်ကိုယ်ဗီဇ အဖြစ်သာ ယနေ့အချိန်အထိ ကျွန်တော် တွေးထင် မှတ်ယူ ခဲ့လင့်ကစား နောက်ပိုင်းတွင် ယခုလို အရွယ်မတိုင်ခင် ကြွေလွင့်မှုများကို အချိန်အတန်ကြာ တစိမ့်စိမ့် ချင့်ချိန် တွေးဆပြီးနောက် ကျွန်တော်တို့၏ မျိုးရိုးဘွဲ့ ဆက်ခံသူများ အပေါ် ရာစုနှစ်ပေါင်းများစွာ အကြာထိ အသက် သုံးဆယ်နှစ်နှစ် မကျော်အောင် တားမြစ် ပိတ်ပင်ထားသည့် ကျိန်စာအကြောင်း မကြာခဏ ပြောလေ့ရှိသော အဘိုးအို၏ ဟိုတစ်စ ဒီတစ်စ စကားများနှင့် စတင်ချိတ်ဆက်ကြည့်မိလာခဲ့သည်။ ကျွန်တော် အသက် နှစ်ဆယ့်တစ်နှစ် ရောက်သည့်အချိန်၌ အိုမင်းလာသော ပီယာက မျိုးဆက်ပေါင်းများစွာ အဖေမှသားသို့ ပိုင်ဆိုင်ဆိုင်သူများ အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့သည်ဟု ဆိုသောမိသားစု မှတ်တမ်းကို ကျွန်တော့်အား ပေးအပ်ခဲ့သည်။ ၎င်း၏ အကြောင်းအရာများသည် အင်မတန် ထိတ်လန့် တုန်လှုပ်ဖွယ် ကိစ္စများ ဖြစ်သည်။ ထို့အပြင် ၎င်းကို ဖတ်ရှုခြင်းသည် ကျွန်တော့် သုံးသပ်ချက်များ၏ လေးနက်မှုကို အတည်ပြုပေးခဲ့သည်။ ထိုအချိန်တွင် သဘာ၀လွန် ဖြစ်ရပ်များ၌ ကျွန်တော်၏ ယုံကြည်မှုမှာ ပိုမိုခိုင်မာ၍ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာခဲ့သည်။ ထိုသို့မဟုတ်ပါက ကျွန်တော်၏ မျက်စိရှေ့တင် ဇာတ်ရည်လည်လာသည့် အံ့ဩဖွယ် ဇာတ်ကြောင်းတစ်ခုကို မထီမဲ့မြင် စွန့်ပစ်လိုက်ဖို့သာ ရှိတော့သည်။
ကျမ်းစာက ကျွန်တော့်ကို ဆယ့်သုံးရာစု၏ နေ့ရက်များ ဆီသို့ ပြန်လည် ခေါ်ဆောင်သွားသည်။ ထိုအချိန်၌ ကျွန်တော် ယခု နေထိုင်နေသော ရဲတိုက်ကြီးသည် ဖိန့်ဖိန့်တုန်အောင် ကြောက်ရ၍ ထိုးဖောက် တိုက်ဖျက်လို့ မရနိုင်သည့် ခံတပ်ကြီးတစ်ခုဖြစ်ခဲ့သည်။ ထိုကျမ်းစာက ကျနော်တို့ပိုင် ကျေးလက် ခြံဝင်းများအတွင်း နေထိုင်သည့်၊ လယ်သမားသာသာ ရှိသော်လည်း ကြီးမားသော အောင်မြင်များ ရယူခဲ့ဖူးသည့် ရှေးပုဂ္ဂိုလ်ကြီးတစ်ယောက်အကြောင်းကို ဇာတ်ကြောင်း ပြန်ထားသည်။ သူ၏ အတိတ်နမိတ် မကောင်းသော ဂုဏ်သတင်းများကိုအခြေခံ၍ ထိုသူသည် မိုက်ကယ် အမည်ရှိပြီး မကောင်းဆိုးရွားဟု အနက်ရသည့် မော်ဗားဟူသော မိသားစုနာမည် မှတ်တွင်လေသည်။ သူသည် သူ့အတန်းအစား၏ ဓလေ့ထုံးစံကို ပစ်ပယ်ကာ ဂမ္ဘီရ ကျောက်တုံး၊ သက်တော်ရှည် မှော်ပြဒါး စသည့်အရာများကို လေ့လာ ရှာဖွေခဲ့ပြီး စုန်းကဝေ အတတ် နှင့် အဂ္ဂရိတ် ပညာတို့၏ ကြောက်ခမန်းလိလိ လှို့ဝှက်ချက်များကို ထုံးလိုမွှေ၊ ရေလိုနှောက် ကျမ်းကြေသည်ဟု ဂုဏ်သတင်း ကျော်စောသည်။ မိုက်ကယ် မော်ဗားတွင် ချားလ်ဟုခေါ်သည့် သားတစ်ယောက် ရှိလေသည်။ သူသည်လည်း ဖခင်ကဲ့သို့ တိမ်မြှုပ်နေသောပညာရပ်များတွင် တဖက်ကမ်းခတ် တတ်ကျွမ်းသည့် လူငယ် ဖြစ်ပြီး သူ့ကို မှော်ဆရာလေးဟု ခေါ်ကြသည်။ ရိုးသားသော ကျေးလက် တောင်သူများက ခပ်ကင်းကင်း နေထိုင်ကြသည့် ဤသားအဖသည် အကျည်းတန်ဆုံး အလေ့အထ ကျင့်ထုံးများ စီရင်လေ့ရှိကြောင်း သင်္ကာမကင်း ဖြစ်ကြသည်။ မိုက်ကယ်ကြီးသည် နတ်ဆိုးထံ ယဇ်ပူဇော်မှုအဖြစ် သူ၏ မိန်းမကို အရှင်လတ်လတ် မီးသဂြိုလ်ခဲ့သည်ဟု ဆိုကြသည်။ မရေမတွက်နိုင်လောက်အောင် ပျော်ကဆုံးခဲ့ကြသည့် လယ်သမား ကလေးငယ်များကို ထိုသူနှစ်ဦး၏ အိမ်ရှေ့တံခါး၌ လာရောက်စွန့်ပစ်ထားသည်ကို တွေ့ရတတ်သည်။ သို့စေကာမူ ဖခင်နှင့်သားဖြစ်သူတို့၏ အမိုက်မှောင် ပြည့်နှက်နေသော သဘာ၀ကြား၌ လူဆန်မှု လင်းရောင်ခြည်တစ်တန်း စီးဆင်းနေခဲ့သည်။ အငယ်ဖြစ်သူတွင် သားသမီးတို့၏ ခင်တွယ်မှုထက် ပိုနေသည့်အရာမျိုး သူ၏ ဖခင်အတွက် ရှိသလို မနှစ်မြို့ဖွယ် အဘိုးအိုသည်လည်း သူ၏ သားဖြစ်သူကို အသည်းခိုက်မတတ် ပြင်းပြင်းပြပြ ချစ်မြတ်နိုးလေသည်။
တစ်ည၌ ဟင်နရီကွန်တေး၏ သားဖြစ်သူ ဂေါ့ဒ်ဖရေးလေး ပျောက်ဆုံးသွားမှုကြောင့် တောင်ကုန်းပေါ်ရှိ ရဲတိုက်ကြီးတွင် ထိန်းမနိုင် သိမ်းမရ ၀ရုန်းသုန်းကား ပွက်လောရိုက်ကုန်လေသည်။ သောက ဗျာပွေနေသော ဖခင် ဖြစ်သူ ဦးဆောင်သည့် ရှာဖွေရေးအဖွဲ့သည် မှော်ဆရာများ နေထိုင်သည့် တဲအိမ်များကို ကျူးကျော် ဝင်ရောက်ခဲ့ကြပြီး နောက်ဆုံးတွင် ပွက်ပွက်ဆူနေသော ဒယ်ဆောက်အိုးကြီးတစ်အိုးနှင့် အလုပ်များနေသည့် မိုက်ကယ်မော်ဗားဆီသို့ ဆိုက်ရောက်လာခဲ့သည်။ ဒေါမာန် ပေါက်ကွဲ၍ ခြေကုန် လက်ပန်းကျခြင်း တို့ကြောင့် အစိုးမရသော မိုက်မဲမှုနှင့် ပြည့်နှက်နေသည့် မြို့စားကြီး ကွန်တေးသည် တိကျ သေချာသော အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ မှော်ဆရာအိုကြီးကို ဖမ်းချုပ်လိုက်သည်။ သူ၏ ခက်ထန် သွေးကြွနေသော စိတ်တို့ မပြေလျှော့နိုင်ခင် အချိန်တိုလေး အတွင်း၌ သူ၏ ရန်သူမှာ အသက်မရှိတော့ချေ။ ထိုစဉ် အတောအတွင်း ဂေါ့ဒ်ဖရေးလေးကို စံအိမ်တော်ကြီး၏ အသုံးမပြုတော့သည့် ခန်းဆောင်ကြီးထဲတင် ရှာဖွေ တွေ့ရှိပြီ ဖြစ်ကြောင်း ဝမ်းသာအားရ ဖြစ်နေသော အစေခံတို့က သတင်းပို့လာကြသောအခါ အချိန်လွန်သွားပြီ ဖြစ်သဖြင့် သနားစရာ မိုက်ကယ်မှာ အကြောင်းမဲ့ သပ်သပ် အဆုံးစီရင် ခံလိုက်ရလေသည်။ ကွန်တေး နှင့် သူ၏အပေါင်းအပါတို့က အဂ္ဂိရိတ်ဝိဇ္ဇာတို့၏ နိမ့်ပါးသော နေရပ်ဌာနေမှ လှည့်ထွက်လာသည့် အခိုက် သစ်ပင်များအကြားမှ မှော်ဆရာလေး ချားလ်၏ ပုံရိပ်က ထွက်ပေါ်လာသည်။ အိမ်တွင်း အစေခံတို့၏ အမျဉ်မပြတ် စကားများက ဖြစ်ပျက်ခဲ့သည်များကို သူ့အား ပြောပြနေသော်လည်း အစ ပထမတွင် သူသည် ဖခင်၏ သေဆုံးမှုကြောင့် ထိခိုက်ကြေကွဲခြင်း မရှိပုံ ပေါ်နေသည်။ ထို့နောက် ကွန်တေးထံ ဖြည်းဖြည်းချင်း လှမ်းလျှောက်သွားပြီး ကွန်းတေး စံအိမ်တစ်ခုလုံးကို နောင်အခါ ခြောက်လှန့်နေမည့်ကျိန်စာအား ခြောက်ကပ် ကြောက်မက်ဖွယ် လေယူလေသိမ်းဖြင့် ရွတ်ဆိုလိုက်သည်။
“သင်၏ သားရဲတိရိစ္ဆာန် မျိုးရိုးမှ ပုဂ္ဂိုလ်တိုင်း ဘယ်သောအခါမှ
အသက်သုံးဆယ်ကျော် အထိ သက်ရှင် နေထိုင် ရခြင်း မရှိပါစေနှင့်။"
ထို့နောက် နက်မှောင် သိပ်သည်းနေသည့် တောအုပ်ဆီ ရုတ်တရက် နောက်ပြန်ဆုတ်သွားရင်း သူ၏ အတွင်းခံကိုယ်ကျပ် အင်္ကျီထဲမှ အရာင်မဲ့ အရည်တစ်မျိုး ဖြည့်ထားသည့် ပုလင်းတစ်လုံးကို ဆွဲထုတ်ကာ ကွန်တေး၏ မျက်နှာသို့ လှမ်းပက်လိုက်ပြီးနောက် ည၏ မှောက်မိုက်သော ခြုံလွှာနောက်ကွယ်အတွင်း ပျောက်ကွယ် သွားခဲ့လေသည်။ ကွန်တေးသည် အသံတစ်ချက် မထွက်နိုင်ဘဲ ချက်ချင်း သေဆုံးသွားခဲ့ပြီး နောက်တနေ့၌ သူ့ကို မြှုပ်နှံ သဂြိုလ်ခဲ့ကြသည်။ ထိုအချိန်၌ သူ၏အသက်မှာ အသက်သုံးဆယ်ကို နာရီပိုင်း စွန်းစွန်းမျှသာ ရှိသေးသည်။ မဆုတ်မနစ် ကြိုးစားကြသည့် လယ်သမားလူစုတို့သည် အနီးချုပ်စပ် တောအုပ်များ နှင့် တောင်ကုန်း ပတ်လည်ရှိ မြေနိမ့် ချိုမ့်ဝှမ်းများအတွင်း ပိုက်စိပ်တိုက် ရှာဖွေခဲ့သော်လည်း လူသတ်သမားကို မည်သည့်နေရာမှာမျှ ခြေရာခံနိုင်ခြင်း မရှိခဲ့ချေ။
သို့ဖြင့် အချိန်ကာလနှင့် လျော့ပါးလာသော သတိ အပိုင်းအစ အကြွင်းအကျန်တို့သည် ကွန်တေး မိသားစု၏ နှောင်းပိုင်း ဆက်ခံသူတို့ စိတ်ထဲရှိ ကျိန်စာဆိုး မှတ်ညဏ်ကို မှိန်လျော့ လာစေခဲ့သည်။ ထို့ကြောင့် ဤကြေကွဲဇာတ် တစ်ဇာတ်လုံး၏ အပြစ်ကင်းသည့် အကြောင်းတရားဖြစ်ပြီး အိမ်တော်၏ ဦးစီး ဦးရာ ဖြစ်လာခဲ့သူ ဂေါဒ့်ဖရေးတစ်ယောက် တောလိုက်နေစဉ် မြှားမှန်ကာ အသက်သုံးဆယ်နှစ်နှစ်တွင် သေဆုံးခဲ့သောအခါ သူ၏တိမ်းပါးမှုကို ပူဆွေးသောက ဖြစ်ကြရုံမှ လွဲ၍ အခြား အတွေးများ လုံး၀ မရှိခဲ့ကြချေ။ သို့သော် နှစ်များကြာလွန်ပြီးနောက် ရောဘတ် အမည်ရှိ နောက်ထပ် ကွန်တေး အငယ်တစ်ယောက်ကို အကြောင်း မယ်မယ်ရရမရှိဘဲ သေဆုံးနေသည်ကို တွေ့ရသောအခါ လယ်သမားများသည် သူတို့၏ မြေရှင်ဖြစ်သူမှာ အရွယ်မတိုင်ခင်ဆုံးပါးခဲ့သော အချိန်၌ အသက်အရွယ်အားဖြင့် သုံးဆယ်နှစ်နှစ် မကြာသေးခင်ကမှ ပြည့်ခဲ့ကြောင်း တီးတိုးပြောဆို လာကြသည်။ ရောဘတ်၏ သားဖြစ်သူ လူဝိသည် ထိုကဲ့သို့ ကြမ္မာငင်နေသော အသက်အရွယ်၌ ကျုံးထဲတွင် ရေနစ် သေဆုံးခဲ့ပြန်သည်။ ဤသို့ဖြင့် ထိုကြမ္မာဆိုးသည် နောင်လာမည့် နိမိတ် မကောင်းသော ရာဇဝင်တစ်လျှောက် နှစ်ပေါင်းများစွာ ဆင့်ကမ်း သက်ရောက်ခဲ့သည်။ ဟင်နရီ၊ ရောဘတ်၊ အန်တိုနီ၊ အာမန်တို့သည် သူတို့၏ ဘိုးဘေးဖြစ်သူ သေဆုံးခဲ့သည့် အသက်အရွယ်ထက် မဆိုစလောက် ငယ်သော အချိန်၌ သူတို့၏ ပျော်ရွှင် ပြည့်စုံသော ဘ၀များကို စွန်ခွာ ကြွေလွင့်ခဲ့ကြရသည်။
ကျွန်တော့်တွင် ရှေ့ဆက် အသက်ရှင်ဖို့ အများဆုံး ဆယ့်တစ်နှစ်သာ ကျန်တော့သည့် အချက်ကို ကျွန်တော် ဖတ်ရှုခဲ့ရသောစာများက သေချာစေခဲ့သည်။ ယခင်က တန်ဖိုးနည်းသည်ဟု ယူဆခဲ့သော ကျွန်တော်၏ဘ၀သည် ယခုအခါ နေ့စဉ်နေ့ရက်တိုင်းက ကျွန်တော့်အတွက် မြတ်နိုး တွယ်တာစရာ ဖြစ်လာခဲ့သည်။ ကျွန်တော်သည် တိမ်မြှုပ်နေသည့် စုန်းကဝေ အတတ်ပညာသည် လောက၏ လှို့ဝှက်ဆန်းကြယ်မှုများတွင် ပို၍ နက်နက်ရှိုင်းရှိုင်း နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေ လေ့လာခဲ့သည်။ တသီးတခြား ကြီးပြင်းခဲ့ရသည့် ကျွန်တော့်အတွက် ခေတ်သစ် သိပ္ပံပညာက အထင်ကြီးလောက်စရာ မဖြစ်ခဲ့ချေ။ ကျွန်တော်သည် အလယ်ခေတ်ကအတိုင်း အားထုတ် ကြိုးပမ်းခဲ့ပြီး မိုက်ကယ်ကြီး နှင့် ချားလ်တို့ ကိုယ်တိုင် မိစ္ဆာအတတ်၊ အဂ္ဂိရိတ်ပညာတို့ကိုရှာဖွေသိုမှီးခြင်း အရာ၌ မိမိကိုယ်ကို မြှုပ်နှံခဲ့ကြသည့်နည်းတူ ပြုကျင့်ခဲ့သည်။ သို့သော် ကျွန်တော် ဖတ်ရှုလေ့လာခဲ့သည့်တိုင် ကျွန်တော်တို့ မျိုးနွယ်အပေါ် သက်ရောက်နေသည့် ကျိန်စာကို ဘယ်နည်းနှင့်မျှ အဖြေရှာ မတွေ့ခဲ့ချေ။ ဆင်ခြင်တုံတရား အခြေခံ တွေးမိသော အခိုက်အတန့်များ၌ ကျနော်တို့၏ ဘိုးဘင်ဘောင်ဆက် သေဆုံးမှုများသည် မှော်ဆရာ ချားလ် နှင့် သူ၏ အမွေဆက်ခံသူများကြောင့် ဖြစ်နိုင်သည်ဟု မှတ်ယူနိုင်မည့် သဘာ၀ကျကျ ဖြေရှင်းနည်းများကို ရှာဖွေရန်ပင် ကြိုးစားခဲ့သည်။ သို့သော် အဂ္ဂိရိတ်ဝိဇ္ဇာရှင်တွင် မည်သည့် မျိုးဆက်မှ မကျန်သည့် အချက်ကို တွေ့ရှိခဲ့ရပြီးနောက် ကျွန်တော်သည် ဂမ္ဘီရပညာရပ်များထံ ပြန်လည် ဦးလှည့်ခဲ့ပြီး ကျွန်တော်၏ အိမ်တော်ကို ကြောက်မက် တုန်လှုပ်ဖွယ် ဝန်ထုပ်ဝန်ပိုးမှ လွတ်မြောက်စေနိုင်မည့် မန္တန်ကို ရှာဖွေဖို့သာ နောက်ထပ်တစ်ကြိမ် အားထုတ်ခဲ့ရသည်။ ပြဿနာတစ်ရပ်ကိုဖြင့် ကျွန်တော့်အနေနှင့် ကျိမ်းသေဖြေရှင်းခဲ့သည်။ တခြားသော မိသားစု အနွယ်ပွားများ အသက်ရှင်လျက် မရှိကြတော့သောကြောင့် ကျိန်စာကို ကျွန်တော်နှင့်တစ်ပါးတည်း အဆုံးသတ်နိုင်စေရန်အတွက် ကျွန်တော်သည် လုံး၀လက်မထပ်ခဲ့ချေ။
ကျွန်တော် အသက်ဆုံးဆယ်နား နီးလာသော အချိန်၌ ပီယာသည် ဘုရားသခင်၏ဆင့်ခေါ်ခြင်းကို ခံယူခဲ့ရလေသည်။ သူ အသက်ရှိစဉ်အခါက လမ်းလျှောက်ရတာ နှစ်ခြိုက်သော ဝင်းတံတိုင်းအတွင်းရှိ ကျောက်တုံးများအောက်တွင် သူ့ကို ကျွန်တော် တစ်ယောက်တည်း မြှုပ်နှံပေးခဲ့ရသည်။ သို့ဖြစ်၍ ရဲတိုက်ကြီး အတွင်း တစ်ဦးတည်း ကျန်ရှိသော သက်ရှိအဖြစ် ကျွန်တော့်ကိုယ် ကျွန်တော် စဉ်းစားမိသောအခါ ကျွန်တော်၏ အလုံးစုံအထီးကျန်မှုများ အကြားတွင် ကျွန်တော်၏ ဘိုးဘေးဘီဘင်တို့ ကြုံတွေ့ခဲ့ရသည့် ကံကြမ္မာထံ လည်စင်းခံလိုက်ဖို့၊ လာလတ္တံ့ ဂြိုလ်ဆိုးအား ဆန့်ကျင်ရန် အားထုတ်နေမှုကို ရပ်တန့်လိုက်ဖို့ စတင် တွေးမြင်မိလာသည်။ ယခုအခါ ကျွန်တော်၏ အချိန်အများစုမှာ ရဲတိုက်ကြီးအတွင်းရှိ ဆွေးမြေ့ ပျက်သုန်း၍ အစွန့်ပစ်ခံ ခန်းမကျယ်များကို လိုက်လံ ကြည့်ရှု စူးစမ်းရင်း ကုန်ဆုံးနေခဲ့သည်။ ငယ်စဉ်အခါက ကြောက်ရွံစိတ်ကြောင့် ထိုခန်းမဆောင်များကို ဖယ်ကြဉ်ထားခဲ့ပြီး တစ်ချို့မှာ ရာစုနှစ်ပေါင်းများစွာ အတွင်း လူတစ်ဦး တစ်ယောက်မျှ ခြေချခဲ့ခြင်း မရှိကြောင်း ပီယာက ကျွန်တော့်ကို ပြောပြဖူးသည်။ ကျွန်တော် ကြုံကြိုက် တွေ့မြင်ခဲ့ရသော အရာ၀တ္ထုများမှာ ထူးဆန်းပြီးအံအားသင့်စရာ ကောင်းလှလေသည်။ နှစ်ပေါင်းများစွာ ဖုန်များ ဖုံးလွှမ်း၍ ဆွေးမြေ့နေသော ပရိဘောဂများကို ကျွန်တော် တွေ့ခဲ့ရသည်။ ကျွန်တော် တစ်ခါမှ မမြင်ခဲ့ဖူးသော အနမတဂ္ဂ ပင့်ကူအိမ်များမှာ နေရာတိုင်းတွင် ရှိနေပြီး အမှောင်ယံ၏ အရပ်မျက်နှာအားလုံးတွင် လင်းနို့များသည် ၎င်းတို့၏ အရိုးပေါ် အရေတင် မသိုးမသန့်တောင်ပံများကို ခတ်ကာ ရွေ့လျားနေကြသည်။
အချိန်ကျလာသော အသက်အရွယ်၌ ကျွန်တော်သည် နေ့နေ့ညည ကိစ္စအ၀၀အား အသေးစိတ် ပြုစုထားသည့် မှတ်တမ်းတစ်ခုကို ရင်ဝယ်ပိုက်ဆောင်ထားသည်။ အဘယ်ကြောင့်ဆိုသော် စာကြည့်တိုက်အတွင်းရှိ ကြီးမားသောနာရီစင်၏ချိန်သီးလှုပ်ရှားသံသည် ကျွန်တော်၏ ကြမ္မာငင်နေသော ဖြစ်တည်မှုကို သတိပေးခြောက်လှန့် နေသောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် ကျွန်တော် အချိန်အတော်ကြာ သဘောပေါက်နားလည်ခဲ့သည့် အချိန်သို့ ချဉ်းကပ်လာလေတော့သည်။ ကျွန်တော်၏ ဘိုးဘေးဘီဘင်တို့သည် ကွန်တေး ဟင်နရီ ဆုံးပါးခဲ့သည့် အသက် အပိုင်းအခြား မရောက်ခင် အချိန် အနည်းငယ်အလိုတွင် သေဆုံးခဲ့ကြသောကြောင့် အမည်မသိ မရဏမင်း ရောက်လာမည့် အချိန်အား ကျွန်တော်သည် အခါမလပ် နာရီကို ကြည့်ရင်း စောင့်မျှော်နေခဲ့သည်။ မည်သို့သော ထူးဆန်းသည့် သဏ္ဍာန်ဖြင့် ကျိန်စာက ကျွန်တော်၏ အသက်ကို နုတ်ယူလိမ့်မည်ဆိုသည်ကို ကျွန်တော် မသိချေ။ သို့သော် အနည်းဆုံးတော့ ၎င်းသည် ကျွန်တော့်ကို သူရဲဘောကြောင်သောအပြုခံသားကောင် အဖြစ် တွေ့ရလိမ့်မည် မဟုတ်ဟု ကျွန်တော် ယူဆခဲ့သည်။ ယခုလို အားမာန်သစ် နှင့်အတူ ရဲတိုက်ကြီး နှင့် ၎င်း၏ ပစ္စည်းပစ္စယများကို လိုက်လံ စစ်ကြောခြင်း ပြုခဲ့သည်။
ဤကမ္ဘာမြေပေါ်ဝယ် နေထိုင်ချိန်၏ နောက်ဆုံး ကန့်သတ်ချက်ဟု ကျွန်တော် ခံစားနေရသည့်၊ ထိုအချိန် အလွန်၌ ကျွန်တော်၏ ဝင်သက်ထွက်သက်ကို ဆက်လက် ရှုရှိုက်ရန် ရွေးစေ့လောက်မျှ မျှော်လင့်ချက် မရှိနိုင်တော့သည့် ကမ္မနာရီ မရောက်ခင် တစ်ပတ်ပင် မကျန်တော့မည့် ကာလအလိုတွင် ကျွန်တော့် ဘ၀တစ်ခုလုံး၏ အန္တိမဖြစ်ရပ်ကို ရဲတိုက်ကြီး၏ အစွန့်ပစ်ခံ ရပ်ဝန်းတစ်ခု အတွင်းရှိ ကျွန်တော် လေ့လာ ရှာဖွေ တွေ့ရှိမှု တစ်ခု၌ အမှတ်မထင် တွေ့ခဲ့ရသည်။ ကျွန်တော်သည် မနက်ခင်း အချိန်ကောင်းတွင် မျှော်စင်ကြီး၏ ပြိုကျ ယိမ်းယိုင်မှုအဖြစ်ဆုံး အပိုင်းထဲမှ တစ်ခုအတွင်းရှိ တဝက်တပိုင်း ပျက်စီးနေသော လှေကားများ အပေါ်တက်လိုက် ဆင်းလိုက် လုပ်နေခဲ့သည်။ နေ့လည်ခင်း အချိန်ရောက်သောအခါ ကျွန်တော်သည် မြေနိမ့်ပိုင်းများကို ရှာဖွေပြီး အလယ်ခေတ် မြေအောက်ခန်းများ (သို့မဟုတ်) ယမ်းမှုန့်များ ထားသိုရန် မြေတူး တည်ဆောက်ထားသည့် သိုလှောင်ရုံများ အတွင်းသို့ ဆင်းသက် ဝင်ရောက်ခဲ့သည်။ နောက်ဆုံး လှေကားအုံကြီး၏ အခြေရှိ ယမ်းစိမ်းနံ့ ထုံမွန်းနေသော စင်္ကြန်လမ်းကို ကျော်ဖြတ် လိုက်သောအခါ လမ်းကျဉ်းလေးမှာ ပိုမို စိုထိုင်း လာခဲ့သည်။ ထို့နောက် မကြာခင် အချိန်၌ မီးရောက်လက်နေသော ကျွန်တော်၏ လက်ကိုင်မီးတုတ်ကြောင့် ကျွန်တော်၏သွားလမ်းကို ပိတ်ထားသည့် ရေစိုနေသော နံရံပြောင်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ လာရာလမ်းအတိုင်း ခြေရာပြန်ကောက်ဖို့ ကိုယ်ကိုလှည့်လိုက်သည့်အခိုက် ကျွန်တော်၏ ခြေဖဝါးအောက်တည့်တည့်တွင် ရှိနေသော လက်ကိုင်ကွင်းပါ အံဝှက်တံခါးလေးတစ်ခုကို မျက်လုံး ရောက်မိသွားသည်။ ခတ္တရပ်ကာ ထိုတံခါးဝှက်ကို ခက်ခက်ခဲခဲဖြင့် အောင်မြင်စွာ မဖွင့်လိုက်သောအခါ ကျွန်တော်၏မီးတုတ်ကို တဖျတ်ဖျတ်ခတ်သွားစေသည့် အန္တရာယ်ရှိသော အခိုးအငွေ့များ လွှတ်ထုတ်နေသည့် မည်းမှောင်နေသော အပေါက်ကျဉ်းတစ်ခု ထွက်ပေါ်လာပြီး ထိုအပေါက် အတွင်း၌ ကျောက်တုံး ခြေဆင်းများကို ယမ်းခါနေသည့် မီးရောင်များကြားမှ ဖျတ်ခနဲ လှမ်းမြင်လိုက်ရသည်။ ရွံရှာ စက်ဆုပ်ဖွယ် အောက်ခြေ အနက်ထဲသို့ နှိမ့်ချလိုက်သော မီးတုတ်က ငြိမ်သက်စွာလောင်ကျွမ်းလာသည်နှင့် တစ်ပြိုင်နက် ကျွန်တော်သည် အောက်ထဲသို့ စတင် သက်ဆင်းခဲ့သည်။ လှေကားထစ်များမှာ အင်မတန် များပြားပြီး အလွန်နက်သော မြေအောက်ထဲသို့ သက်ဆင်းထားခြင်း ဖြစ်မည်ဟု ကျွန်တော်ယုံကြည်နေသည့် ကျောက်ခင်း လမ်းကျဉ်းလေးဆီသို့ ဦးတည်ထားသည်။ စင်္ကြန်လမ်းသည် အင်မတန် ရှည်လျားပြီး ကျွန်တော် ဖွင့်ဖို့ ကြိုးစားသော်လည်း အချည်အနှီး ဖြစ်ခဲ့ရသည့် ရေငွေ့များ တအူအူ လွှတ်ထုတ်နေသော ဝက်သစ်ချ တံခါးကြီးတစ်ချပ်တွင် အဆုံးသတ်သွားခဲ့သည်။ ကျွန်တော်သည် တံခါးဖွင့်ရန် တခဏမျှ ကြိုးစားနေမှုကို ရပ်တန့်လိုက်ပြီးနောက် လှေကားထစ်များဆီသို့ ပြန်လည် ထွက်ခွာလာခဲ့သည်။ ခြေလှမ်းတစ်ချို့ လှမ်းပြီးခိုက်တွင် လူ့အသိစိတ်ဖြင့် လက်ခံ တန်စွမ်းသော အူလှိုက်သည်းလှိုက် ရူးသွပ်ဖွယ် အထိတ်တလန့်ဖြစ်မှု တစ်ခုက ကျွန်တော်၏ အာရုံအတွင်း ရုတ်ချည်း ဝင်ရောက်လာလေသည်။ ရုတ်တရက် ဆိုသလိုပင် ကျွန်တော့် ကျောဘက်ရှိ တံခါး၏ သံချေးတက် တံခါးပတ္တားများ တကျီကျီမြည်ပြီး ခပ်ဖြည်းဖြည်း ပွင့်လာသံကို ကြားလိုက်ရလေသည်။ ကျွန်တော်၏ လျှပ်တပြက်ဆန်သော စိတ်အာရုံများသည် အသိညဏ်ဖြင့် ယှဉ်၍ ခွဲခြမ်း ဆင်ခြင်နိုင်စွမ်း မတတ်သာခဲ့ချေ။ လူသူကင်းမဲ့သည်ဟု ကျွန်တော် မှတ်ယူခဲ့သည့် ရဲတိုက်ကြီးကဲ့သို့ နေရာမျိုးတွင် အခြားသော လူတစ်ယောက် (သို့မဟုတ်) ဝိညာဉ်တစ်ပါး၏ ရှိနေမှုကို ရင်ဆိုင်လိုက်ရခြင်းသည် ကျွန်တော်၏ စိတ်တွင်း တုန်လှုပ်ခြင်းတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။
နောက်ဆုံးတွင် အသံထွက်ရာသို့ ကျွန်တော် လှည့်ကြည့်လိုက်သောအခါ ကျွန်တော်သည် မြင်ကွင်းထဲ၌ ပေါ်ထင်နေသော တံခါးတို့၏ ဟောက်ပက် ဘောင်အိမ်ကြီးကို စတင် မြင်တွေ့လိုက်ရသည်။ ရှေးဟောင်း ဂေါ့သစ် တံခါး၀တွင် လူသားသဏ္ဍာန် ပုံရိပ်တစ်ခု မတ်တပ်ရပ်နေသည်။ ထိုသူသည် ခေါင်းမြီးခြုံ ဦးစွပ်တစ်ခု ပါသည့် အနောက်ရောင် အလယ်ခေတ်ဝတ်စုံကို ဝတ်ဆင် ထားလေသည်။ သူ၏ ဆံပင်ရှည် နှင့် မုတ်ဆိတ်မွှေးတို့မှာ နက်မှောင်ထူထည်း၍ ကြောက်ဖွယ် အရောင်အဆင်းရှိကာ အုံခဲ ပြွတ်ကြပ် နေလေသည်။ သူ၏ နဖူးမှာ သာမာန်ထက် ပို၍ မြင့်မောက် နေသည်။ သူ၏ ပါးများမှာ လွန်စွာ ချိုင့်ခွက်နေပြီး ပါးရေတွန့်ပေါင်းများစွာ ရှိလေသည်။ သူ၏ ရှည်လျား၍ အဆစ်အထုံးများ ပြည့်နှက်နေသော လက်တံကြီးများသည် လူတစ်ယောက်ထံတွင် ကျွန်တော် တစ်ခါမှ မမြင်ဖူးသည့် လူသေဟန် စကျင်ကျောက်သဖွယ် ဖွေးဖွေး ဖြူစွတ်နေသည်။ သူ၏ အရိုးစု အဆစ်အပေါက်သဖွယ် ဖြစ်နေသော ပုံပန်းသဏ္ဍာန်သည် ထူးထူးခြားခြား ကိုင်းညွှန့်နေပြီး တမူ ထူးခြားသော ဝတ်ရုံကြီး၏ ခေါက်ချိုးတွန့်များအတွင်း ပျောက်ကွယ်သွား မယောင် ဖြစ်နေသည်။ သို့သော် အထူးဆန်းဆုံးအရာမှာ သူ၏ မျက်လုံးများပင်ဖြစ်သည်။ စူးနစ် နက်မှောင်မှု ပြည့်နက်နေသော လှိုဏ်ဂူ အမွှာသဖွယ် ရှိပြီး နားလည်မှု တစ်စုံတစ်ရာကို လေးလေးနက်နက် ဖော်ပြနေသော်လည်း ကောက်ကျစ်သော လူမဆန်မှုကို တွေ့ရသည်။ ထိုမျက်လုံးများက ကျွန်တော့်ကို စူးစိုက် ကြည့်ရှုနေပြီး အာဃာတတို့သည် ကျွန်တော်၏ ဝိညာဉ်ကို အစိတ်စိတ်အမြွှာမြွာ လှီးဖြတ်နေ၍ ကျွန်တော့်ကို မတ်တပ်ရပ်နေသော နေရာတွင် အမြစ်တွယ် အကြောဆိုင်းစေနေသည်။ နောက်ဆုံးတွင် ထိုသဏ္ဍာန်သည် ကျွန်တော်၏ ကျောရိုးတစ်လျှောက် စိမ့်ဖျင်းသွားစေမည့် စူးစူးရှရှ လှိုဏ်ခေါင်းသံ ပေါက်၍ ယုတ်မာ စဉ်းလဲသော အသံဖြင့် ဗလုံးဗထွေး စတင် စကားပြောဆို လာခဲ့သည်။ သူပြောသော ဘာသာစကားမှာ အလယ်ခေတ် စာသင်သားတို့အကြားတွင် အသုံးပြုသည့် အဆင့်အတန်းနိမ့်လက်တင်စကားဖြစ်ပြီး ကျွန်တော် လေ့လာခဲ့သော မိစ္ဆာအတတ် နှင့် အဂ္ဂိရိတ်ပညာဆိုင်ရာလက်ရာများကို အမှတ်ရစေသည်။
ထိုတစ္ဆေ သဏ္ဍာန်ပုံရိပ်သည် ကျွန်တော်တို့ အိမ်တော်အပေါ် ရစ်ဝဲ လွှမ်းခြုံထားသော ကျိန်စာ အကြောင်း၊ ကျွန်တော်၏ နိဂုံးကမ္ပတ် အကြောင်း၊ မိုက်ကယ် မော်ဗား အပေါ် ကျူးလွန်ခဲ့သည့် ကျွန်တော့် ဘိုးဘေးတို့၏ မှားယွင်းမှုများ အကြောင်း၊ မှော်ဆရာချားလ်၏ လက်စားချေ သမိုင်းအကြောင်းတို့ကို ပြောပြလေသည်။ သူသည် မှော်ဆရာချားလ် တစ်ယောက် လွတ်မြောက်ခဲ့ပြီးနောက် နှစ်ပေါင်းများစွာ အကြာတွင် ဆက်ခံသူ ဂေါ့ဒ်ဖရေးကို သူ့အဖေ လုပ်ကြံခံရသည့် အသက်အရွယ်နား နီးလာသောအချိန်၌ မြှားဖြင့် ပစ်သတ်ခဲ့ပုံ၊ ယခု ဇာတ်ကြောင်း ပြန်နေသူကို ဘောင်ကွပ်ထားသည့် တံခါး၀ရှိရာ အစွန့်ပစ်ခံ ခန်းမဆောင်ကြီး အတွင်းသို့ တိတ်တဆိတ် ပြန်လာပြီး လူမသိသူမသိ ပုန်းလျှိုးကွယ်လျှိုး ဝင်ရောက် နေထိုင်ခဲ့ပုံ၊ ဂေါ့ဒ်ဖရေး၏ သားဖြစ်သူရောဘတ်ကို ကွင်းပြင် တစ်နေရာတွင် အမိဖမ်း၍ သူ၏ လည်မျိုအတွင်း အဆိပ်များ လောင်းထည့်ကာ အသက်သုံးဆယ်နှစ်နှစ် အရွယ်၌ သေဆုံးစေခဲ့ပြီး လက်စားချေ ကျိန်စာဆိုး၏ အစီအမံတို့ တည်မြဲစေခဲ့ပုံ စသည်များကိုပြောပြလေသည်။ ဤနေရာ အရောက်တွင် သဘာ၀တရားအားဖြင့် မှော်ဆရာချားလ် သေဆုံးခဲ့ရမည့် အချိန်လောက်ကတည်းကနေ ယခုအထိ ကျိန်စာ အမှန်တကယ်သင့်နေပုံအကြောင်း နှင့်စပ်လျဉ်းသော လျှို့ဝှက် ဆန်းကြယ်မှု၏ အဖြေကို ကျွန်တော် ခန့်မှန်းမိလေသည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် အဖေ နှင့် သား မှော်ဆရာနှစ်ယောက်၏ နက်နဲသော အဂ္ဂိရိတ်ပညာရပ်များ အကြောင်း၊ အထူးသဖြင့် မသေမျိုးဘ၀ နှင့် ပျိုရွယ်မှုကို ဖန်တီးပေးနိုင်သော သက်တော်ရှည် ပြဒါးရှင်နှင့် သက်ဆိုင်သည့် မှော်ဆရာချားလ်၏ လေ့လာချက်များအကြောင်းကို ပြန်ပြောင်း ပြောပြနေသောကြောင့် ဖြစ်သည်။ သူ၏ စိတ်အားထက်သန်မှုက သူ၏ ကြောက်မက်ထိတ်လန့်ဖွယ် မျက်လုံးများထဲ ခြောက်လှန့်နေသည့် အမုန်းတရားကို ခေတ္တခဏမျှ ဖယ်ရှားစေခဲ့ပုံ ရသည်။ ထို့နောက် နတ်ဆိုးတစ်ကောင်၏ အကြည့်မျိုး ပြန်လည် ပေါ်ထွက်လာပြီး မြွေတစ်ကောင်၏ ရှုးရှုးရှားရှားနှာမှုတ်သံကဲ့သို့ စိတ်ခြောက်ခြားဖွယ် အသံမျိုး ပြု၍ သူတစိမ်းသည် လွန်ခဲ့သော နှစ်ပေါင်းခြောက်ရာတုန်းက မှော်ဆရာချားလ်က ကျွန်တော်၏ ဘိုးဘေးကို အဆုံးသတ်ခဲ့သည့် နည်းတူ ကျွန်တော့်ကိုလည်း အဆုံးသတ်မည့် ဟန်အမူအရာဖြင့် ဖန်ပုလင်းငယ် တစ်လုံးကို မြှောက်ကိုင် လိုက်လေသည်။ မိမိကိုယ့်ကို ကာကွယ်တတ်သော မွေးရာပါဗီဇ၏ လှုပ်နိုးလိုက်မှုကြောင့် ကျွန်တော့်ကို မလှုပ်မရှားနိုင်အောင် ထိန်းချုပ်ထားသည့် မန္တာန်မှ ချိုးဖျက် ထွက်လာနိုင်ခဲ့ပြီး မီးစာ ကုန်ခါနီး မီးတုတ်အား ကျွန်တော်၏ အသက်ကို ခြိမ်းခြောက်လာသူ သတ္တဝါ ထံသို့ လှမ်းပစ်လိုက်သည်။ သူတစိမ်း၏ ဝတ်ရုံတွှင် မီးများ စွဲလောင်ကာ ကြောက်မက် တုန်လှုပ်ဖွယ်အလင်းရောင် ဖြာထွက်နေသည့် မြင်ကွင်း ဖြစ်ပေါ်နေစဉ် စင်္ကြန်လမ်း၏ ကျောက်တုံးများနှင့် ရိုက်ခတ်မိ၍ ဖန်ပုလင်းကျကွဲသံကို ကြားလိုက်ရသည်။ လုပ်ကြံသူထံမှ ထွက်ပေါ်လာသည့် သွေးရူးသွေးတန်း အော်သံနှင့် ကျေမချမ်း မလိုမုန်းတီးသံ တို့သည် ကျွန်တော်၏ တုန်ခါနေသော အာရုံကြောများကို တင်းမာ ခဲတောက် သွားစေသည်။ ထို့နောက် ကျွန်တော်သည် မူးမေ့ ဖြူလျော့ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။
နောက်ဆုံးတွင် ကျွန်တော် သတိ ပြန်လည်လာသောအခါ အရာအားလုံးက သွေးပျက်ဖွယ် မှောင်မဲ တိတ်ဆိတ်နေပြီး အတန်ကြာမှ ဖြစ်ပျက်ခဲ့သည်များကို အမှတ် ပြန်ရလာကာ ပိုမို သိမြင်လိုသော စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ သို့သော် စူးစမ်း သိရှိလိုစိတ်က အရာအားလုံးကို အနိုင်ရသွားသည်။ ဤမိစ္ဆာလူဆိုးက မည်သူနည်း။ ရဲတိုက် နံရံအတွင်းသို့ သူ မည်သို့ဝင်ရောက်ခဲ့သနည်းဟု ကျွန်တော့်ကိုယ် ကျွန်တော် မေးခွန်း ပြန်ထုတ်လိုက်သည်။ သူသည် သနားစရာ မိုက်ကယ် မောဗား၏ သေဆုံးခြင်းကို လက်စားချေပြီး မှော်ဆရာချားလ် ခေတ်ကတည်းက စကာ ရာစုနှစ်ပေါင်းများစွာ ကျိန်စာကို ပခုံးပေါ်ထမ်းခဲ့သည်မှာ အဘယ်ကြောင့်နည်း။ နှစ်ပေါင်းများစွာ စိုးထိတ် တုန်လှုပ်ခဲ့ရမှုသည် ကျွန်တော်၏ ပခုံးပေါ်မှ လျှောကျသွားခဲ့ချေပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် အလဲထိုးလိုက်သည့် သူကသာ ကျိန်စာ အန္တရာယ်ဆိုး၏အရင်း တည်ရာဖြစ်ကြောင်း ကျွန်တော် သိရှိသွားသောကြောင့်ပင် ဖြစ်သည်။ ယခုအခါ ကျွန်တော်သည် လွပ်လပ်ခဲ့ရချေပြီ။ ကျွန်တော်တို့ မျိုးနွယ်ကို နှစ်ရာပေါင်းများစွာ ခြောက်လှန့်ခဲ့ပြီး ကျွန်တော်၏ လူငယ်ဘ၀တစ်ခုလုံးကို ရှည်လျားလှသော အိပ်မက်ဆိုး ဖြစ်အောင်ပြုလုပ်ခဲ့သည့် နိမိတ်ဆိုးအကြောင်း ပိုမို သိရှိလိုသော ဆန္ဒမီး လောင်မြိုက်နေခဲ့သည်။ ဆက်လက် ရှာဖွေမှုများ ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ကျွန်တော်၏ အိပ်ကပ်အတွင်း မီးခတ်ကျောက် နှင့် စတီးချောင်းကိုရှာကာ အသုံးမပြုရသေးသည့် မီးတုတ်ကို မီးညှိလိုက်သည်။ ပထမဦးဆုံး မီးရောင်က လျှို့ဝှက်ဆန်းကြယ်သော သူတစိမ်း၏ မည်းကျုတ်ပုံပျက်နေသောသဏ္ဍာန်ကို မြင်တွေ့ရစေသည်။ အကျည်းတန်သောမျက်လုံးများက မှိတ်လျက်နေသည်။ ကျွန်တော်သည် မြင်ကွင်းကို မနှစ်မြိုသဖြင့် လှည့်ထွက်လိုက်ပြီး ဂေါ့သစ်တံခါးမကြီးနောက်ရှိ ခန်းမဆောင် အတွင်းသို့ လှမ်းဝင်လိုက်သည်။ ထိုနေရာတွင် အဂ္ဂိရိတ်စမ်းသပ်ခန်းတစ်ခုပုံစံမျိုးကို ကျွန်တော် တွေ့လိုက်ရသည်။ အခန်းထောင့် တစ်နေရာတွင် မီးတုတ်မှ အလင်းရောင်ကြောင့် ခန့်ထည် တောက်ပနေသော အဝါရောင် ကျောက်တစ်လုံးရှိလေသည်။ ၎င်းသည် ရွှေ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျွန်တော်၏ စူးစမ်းမှုကို မရပ်တန့်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်ကို ထိုအရာက ထူးဆန်းစွာ ပြုစားထားသောကြောင့် ဖြစ်သည်။ ခန်းဆောင်၏ အရှေ့ဘက် ခပ်လှမ်းလှမ်း အခြမ်းတွင် မှောင်မိုက်သော တောင်ခါးပန်း တောအုပ်အတွင်းရှိ လျှိုမြောင်များ အတွင်းသို့ သွားရာ ထွက်ပေါက်တစ်ခု ရှိလေသည်။ အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသော်လည်း ယခုအခါ သူတစိမ်း၏ ရဲတိုက်ထဲဝင်ရောက်နိုင်ခဲ့ပုံကို သိရှိခဲ့ရပြီးနောက်ပြန်ဖို့ စတင်ခဲ့သည်။ သူတစိမ်း၏ အကြွင်းအကျန်နားကို မျက်နှာလွှဲပြီး ကျော်သွားရန် ကျွန်တော် ရည်ရွယ်ခဲ့သော်လည်း ထိုသူ့ အနားရောက်သောအခါ ဘ၀ကံ မကုန်သေးသည့်အတိုင်း ထိုသူဆီမှ တိုးလျဖျော့တော့နေသောအသံကို ကြားလိုက်ရသည်။ ကျွန်တော်သည် ထိတ်လန့် အံ့အားသင့်သွားကာ ကြမ်းပြင်ပေါ်ရှိ တူးခြစ် ရှုံ့တွနေသော ပုံရိပ်ကို စစ်ဆေးလိုက်သည်။ ထို့နောက် မီးဟပ်ခံထားရသည့် မျက်နှာပြင်ထက်ပင် ပိုမို မည်းကျုတ်မှောင်နက်နေသော ကြောက်မက်ဖွယ် မျက်လုံးများသည် ကျွန်တော် အနက်မပြန်နိုင်သော ဖော်ထုတ်ဖွင့်ဟချက် တစ်စုံတစ်ရာဖြင့် ပွင့်ကျယ်လာသည်။ ကွဲအက်နေသော နှုတ်ခမ်းများက ကျွန်တော် ကောင်းစွာ နားမလည်သည့် စကားများကို ပြောဖို့ ကြိုးစားနေသည်။ တစ်ကြိမ်တွင် မှော်ဆရာချားလ် ဆိုသောနာမည်ကို ရိပ်ဖမ်းသံဖမ်း ကြားလိုက်ပြီး နောက်တစ်ခါ ‘နှစ်ပေါင်း များစွာ’၊ ‘ကျိန်စာ’ ဆိုသော စကားလုံးများက တွန့်ကွေးနေသော ပါးစပ်မှ ထွက်လာခဲ့သည်ဟု ကျွန်တော် ထင်မိသည်။ သို့သော် ကျွန်တော်သည် ပြတ်တောက်နေသော စကားများ၏ ရည်ရွယ်ချက်ကို မစုစည်းနိုင်သေးပေ။ သူ၏ အဓိပ္ပါယ်ကို မသိကြောင်း သိသာပေါ်လွင်နေသည့် ကျွန်တော်၏ အခြေအနေကြောင့် ကတ္တရာစေးလို မည်းနက်နေသည့် မျက်လုံးများက ကျွန်တော့်ကို ကောက်ကျစ် စဉ်းလဲစွာ လှမ်းကြည့်လိုက်သည်။ ကျွန်တော်၏ ပြိုင်ဘက် ကူရာကယ်ရာမဲ့ ဖြစ်နေကြာင်း သိနေသော်လည်း ကျွန်တော်သည် သူ့ကို ကြည့်နေစဉ် တုန်ရီ တွန့်ဆုတ် နေမိသည်။